Wednesday, December 8, 2010

ဟာသ(၆၂)

ခေတ်ပေါ်အ၀တ်အစား

ခုခေတ်မိန်းမတွေရဲ့ အ၀တ်အစားဟာ သံဆူးကြိုးလိုပဲ။ လုံခြုံအောင် ကာနိုင်တာမှန်တယ်။ လှမ်းကြည့်ရင်တော့ အတိုင်းသား မြင်ရတယ်။



အလွဲများ
တရားဟောဆရာတစ်ဦးနှင့် စီးပွားရေးသမားတစ်ဦးတို့ ဂေါက်သီးရိုက်နေကြသည်။ စီးပွားရေးသမားက ဂေါက်သီးထိချက် လွဲသွားတိုင်း ညစ်ညမ်းသော စကားလုံးများ ရေရွတ်နေသည်။
“တောက်.. ရှီးတဲ့မှပဲ လွဲသွားပြန်ပြီ”
“ချစ်သား.. ညစ်ညမ်းသော စကားလုံးများကို မသုံးသင့်၊ ကောင်းကင်ဘုံမှ ဒဏ်ခတ်လိမ့်မယ်”
စီးပွားရေးသမားက ထပ်ရိုက်ရာ ရိုက်ချက်လွဲသွားပြန်၏။
“ရှီးတဲ့မှပဲ လွဲပြန်ပဟ”
တရားဟောဆရာ ဖျောင်းဖျ၏။
“ချစ်သား.. ဒီညစ်ညမ်းတဲ့ စကားလုံးအတွက် ကောင်းကင်ဘုံက မနေဘူးနော်။ မကြာခင် ဒဏ်ခတ်တော့မှာ”
တရားဟောဆရာ ဖျောင်းဖျနေဆဲမှာပင် စီးပွားရေးသမားက ရိုက်ချက် ထပ်မံလွဲပြန်လေရာ
“ရှီးထဲမှပဲ”
စီးပွားရေးသမား ရေရွတ်သံပင် မဆုံးလိုက် ကောင်းကင်ပြင်ကြီး တစ်ခုလုံး မဲမှောင်တက်လာ၍ “၀ုန်း” ဆိုမိုးကြိုးပစ်ချလိုက်ရာ တရားဟောဆရာအား ထိမှန်ပြီး နေရာတွင်ပင် တုံးလုံးလဲနေ၏။ စီးပွားရေးသမားက အဖြစ်အပျက်ကို နားမလည်နိုင်စွာ ကြောင်ကြည့်နေစဉ် ကောင်းကင်မှ မည်သံကြီးတစ်သံ ထွက်လာ၏။
“ဟိုက်.. ရှီးထဲမှပဲ လွဲသွားပြန်ပြီ”



မိန်းမနှင့်ခွေး ကြိုက်ရာရွေး
ကမ္ဘာပေါ်မှာ အိမ်မွေးတိရစ္ဆာန်ပေါင်းစုံ ရှိကြပါတယ်။ ကိုယ်နှစ်သက်ရာ တိရစ္ဆာန်ကို ရွေးပြီး မွေးမြူနိုင်ကြသလို ထိုအိမ်မွေးတိရစ္ဆာန်များမှ ရင်းနှီးနွေးထွေးမှုကို ရစေနိုင်ပါတယ်။ များသောအားဖြင့် ကြောင်နှင့်ခွေးကို မွေးကြတာများပါတယ်။ အဲဒီအထဲကမှ ခွေးမွေးရခြင်း အကြောင်းအရင်း တစ်ချို့ကို အင်တာနက်မှ ရှာတွေ့မိသဖြင့် ဝေငှလိုက်ရပါတယ်။ တိုက်ဆိုင်ကြည့်ပြီး မိမိနှင့် ကိုက်ညီတယ်ဆိုရင်တော့ ဒီအချက်တွေကို ကိုးကားနိုင်ကြပါတယ် ခင်ဗျာ။ သူတို့ ဆိုထားတာကတော့…..
ဒီလိုကြောင့်ပါတဲ့ခင်ဗျာ…
ပထမဆုံး အနေနဲ့ ခွေးဟာ သခင်အပေါ်ကို အရေးထားတတ်တဲ့ ဗီဇစိတ်ရှိ တိရိစ္ဆာန်တစ်ကောင် ဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ…
နောက်တစ်ခုက အချိန်ကြာလာတာနဲ့အမျှ သင့်ခွေးအပေါ်မှာ မြင်တွေ့ရတာ ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းလာပါမယ်။
ပြီးတော့လည်း ခင်းဗျားရဲ့ခွေးဟာ တစ်ခြားခွေးတွေရဲ့ နာမည်ကို ခင်ဗျားခေါ်နေတဲ့ အတွက်လည်း စိတ်အနှောင့်အယှက် မဖြစ်စေပါဘူး။
ခင်ဗျားအနေနဲ့ ကြမ်းပြင်ပေါ်မှာ ပစ္စည်းတွေ ပြန့်ကျဲချထားရင်တောင် သူက ပျော်နေမှာပါ။
ကောင်းတဲ့တစ်ချက်ကလည်း ခွေးတွေရဲ့ မိဘတွေဟာ ခင်ဗျားဆီ အလည်အပတ်လာမှာ မဟုတ်တာ သေချာတဲ့ အချက်ပါပဲ။
ခင်ဗျားပြောလိုတဲ့ လိုရင်းအချက်အလက်ေ၇ာက်ဖို့ အသံကျယ်ကျယ် ပြောတဲ့အခါမှာလည်း သူတို့က သဘောတူ လက်ခံနေမှာပါ။
ခင်ဗျား အပြင်ထွက်မယ်ဆိုရင် ခွေးတွေကို ဘယ်တော့မှ စောင့်ခေါ်နေစရာ မလိုပါဘူး။ ၂၄ နာရီအပြည့် အသင့်ရှိပါတယ်။
ခင်ဗျား အရက်မူးလာရင်တောင် ခွေးတွေက ပျော်ကြဆဲပါ။
အမဲလိုက်၊ ငါးမျှား ခင်ဗျား ဘယ်သွားသွား သူတို့ကလဲ ခင်ဗျားနဲ့ တသဘောထဲပါပဲ။
ဟော.. ညတရေးနိုးမှာ ထပြီးတော့ ခင်ဗျားခွေးက ခင်ဗျားကိုနှိုးပြီး “ငါသေသွားရင် တခြားခွေးတစ်ကောင် မွေးထားဦးမှာလားဟင်” ဆိုပြီး နှိုးမမေးတတ်ပါဘူး။
ခင်ဗျားဆီက တခြားခွေးရဲ့ အနံ့တစ်ခုခုရရင်လည်း ကမူရှုးထိုး ဖြစ်ရမယ့်အစား သူတို့ကိုယ်တိုင် စိတ်ဝင်စားစရာ ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။
မိန်းမထက် ပိုအဆင်ပြေတဲ့ အချက်တစ်ခုက ခွေးတွေက ခင်ဗျားရဲ့ ထရပ်ကားနောက်ထဲမှာ အေးအေးဆေးဆေး လိုက်ရတာကို ပိုကြိုက်ပါတယ်။
နောက်ဆုံးဗျာ ခွေးတစ်ကောင်ဟာ ခင်ဗျားဆီက ထွက်သွားရင်တောင်မှ သေချာတာကတော့ ခင်ဗျားရဲ့ စည်းစိမ်တစ်ဝက်ကို “မ” မသွားဘူး။
အဲ.. သူတို့မှာ ကလေးရှိလာရင်တောင် မမွေးချင်တဲ့အခါ စက္ကူနဲ့ပတ်ပြီး သူများပေးပစ်လို့လည်း ရပါသေးတယ်။
“အဆုံးစွန်သော စမ်းသပ်ချက်အနေဖြင့်” လို့ရေးထားတဲ့ အထဲမှာတော့..
ခင်ဗျားရဲ့ ထရပ်ကားထဲမှာ ခင်ဗျားမိန်းမရယ် ခွေးတစ်ကောင်ရယ်ကို တစ်နာရီလောက် ပိတ်ပြီးထားကြည့်ပါ။ တံခါးတွေကို ဖွင့်လိုက်တဲ့အခါကျရင် ဘယ်သူက အပျော်ရွှင်ဆုံး ဖြစ်နေမယ်ဆိုတာကို ခင်ဗျားအနေနဲ့ ရှင်းရှင်းလင်းလင်း တွေ့နိုင်ပါတယ်။
ကဲ… ကျန်တာကတော့ ခင်ဗျားသဘောပါပဲ။
မိန်းမနဲ့ခွေး ကြိုက်ရာရွေးပေတော့။



အိမ်ထောင်ကြာရှည် ထိန်းသိမ်းနေချင်သူတိုင်းအတွက်
အမျိုးသားထုအတွင်း လျှို့ဝှက်

ကျုပ်မိန်းမနဲ့ ကျုပ်မှာ အိမ်ထောင်ကြာရှည် တည်မြဲဖို့ လျှို့ဝှက်ချက်တွေ ရှိပါတယ်။ ဒီလိုပါ …
ရက်သတ္တပတ်မှာ နှစ်ကြိမ် ကျုပ်တို့ စားသောက်ဆိုင်ကောင်းကောင်းကို သွားတယ်။ ၀ိုင်နည်းနည်းသောက်တယ်။ အစားကောင်းကောင်း စားတယ်။ (သူက အင်္ဂါနေ့တွေမှာသွားပြီ ကျုပ်က သောကြာနေ့တွေမှာ သွားတာပါ)
ကျုပ်တို့ အိပ်ရာခွဲအိပ်ပါတယ်။ သူ့အိပ်ရာက မန္တလေးမှာ။ ကျုပ်အိပ်ရာက ရန်ကုန်မှာ။
ကျုပ်မိန်းမကို နေရာစုံအောင် ခေါ်သွားဖူးပါတယ်။ ဒါပေမယ့် သူက ပြန်ဖို့လမ်းကို အမြဲ ပြန်ရှာတွေ့သွားတတ်ပါတယ်။
“ကျုပ်က ကျုပ်မိန်းမကို မေးတယ်။ တို့လက်ထပ်နှစ်ပတ်လည်အတွက် မင်းဘယ်သွားချင်လဲ… လို့”
“မရောက်တာကြာနေတဲ့ တစ်နေရာရာကိုပေါ့”လို့ သူမ ဖြေတယ်။ ဒီတော့ ကျုပ်က အကြံပေးတယ်။
“မင်းမရောက်တာ အတော်ကြာနေပြီဖြစ်တဲ့ မီးဖိုချောင်ထဲ ဆိုရင်ကော”
ကျုပ်တို့ လက်ချင်း ခိုင်ခိုင်မြဲမြဲ တွဲထားတယ်။ ဘယ်သူဘာပြောပြော ကျုပ်လက်က သူ့လက်ကို ဘယ်တော့မှ မဖြုတ်ပါဘူး။ လက်ဖြုတ်လိုက်တာနဲ့ သူမက နီးရာဆိုင်ထဲဝင်ပြီး ဈေးဝယ်ရောဗျ။

Thursday, December 2, 2010

ဟာသ(၆၁)

ခေါင်းနှစ်လုံး

ဂျွန်သည် ရဲတပ်ထဲ ဝင်ရောက် အမှုထမ်းသည်။ တစ်လခန့် ကြာသောအခါ
၎င်းအားအထက်အရာရှိက ခေါ်သည်။
"တာဝန်အရ သွားလာတဲ့အခါ ဘာဖြစ်လို့ ခွေးကို မခေါ်သွားသလဲ"
"ခွေးမပါရင် မဖြစ်ဘူးလာ ခင်ဗျာ"
"ဖြစ်တော့ ဖြစ်တာပေါ့။ ဒါပေမယ့် ခေါင်းတစ်လုံးထက် နှစ်လုံးရှိတော့
ပိုအကြံဥာဏ် ထွက်တာပေါ့ကွာ"



ပိုက်ဆံမဖြုန်းနဲ့

အနားယူ စခန်းသွားမည့် ယောက်ျားကို ဘူတာသို့ လိုက်ပို့ရင်း မိန်းမဖြစ်သူက
မှာသည်။
"အိမ်မှာ အလကားရတဲ့ ပစ္စည်းတွေအတွက် ပိုက်ဆံ မကုန်စေနဲ့နော်"



ကြင်ဘက်ရှာသူ

သတင်းစာတစ်စောင်တွင် အိမ်ထောင်ရှာသူ တစ်ဦး၏ ကြော်ငြာကို ဤသို့
ဖတ်ကြရသည်။
"ကျန်းမာရေးကောင်းပြီး ငွေအသင့်အတင့် ပြည့်စုံသော အသက် လေးဆယ်အရွယ်
မျက်စိကွယ်နေသူတစ်ဦး ဆွဲဆောင်မှုရှိသော အမျိုးသမီးနှင့် လက်ထပ် လိုသည်။
အဖြေကို ပြန်ကြားရာတွင် ဓာတ်ပုံကို ထည့်ပေးစေလိုပါသည်"



ဖြေးဖြေးပေါ့

သွားကုခန်းတွင်ဖြစ်သည်။
"ခင်ဗျား ဘယ်လိုလုပ်တာလဲ၊ တခြားသွားကို နှုတ်ရမှာဗျ"
"စိတ်အေးအေးထားစမ်းပါ၊ အဲဒီသွားဆီကို တဖြေးဖြေး ရောက်လာမှာပေါ့"



ကြော်ငြာ

"ကျွန်တော့အား မိန်းမဖြစ်သူ ပစ်သွားပါ၍ ထိုးလက်စ သိုးမွေးဆွယ်တာကို
ပြီးအောင် ဆက်ထိုးပေးနိုင်မည့် သတို့သမီးလောင်းကို ရှာနေပါသည်"



နားပိတ်ထား

အမဲလိုက်မုဆိုးကို တွေ့ရသဖြင့် အမေဖြစ်သူ ယုန်မက ယုန်ကလေးများကို
ပြောသည်။
"နားတွေ ပိတ်ထားကြ၊ အခုသူပစ်မယ်၊ လွဲမယ်၊ အဲဒီအခါ သူ့ရဲ့ ဆဲသံ၊ ဆိုသံတွေ
မိုးလုံးမွှန်သွားလိမ့်မယ်"



ပိုနီးတယ်

"လမင်းနဲ့ အာဖရိကတိုက် ဘယ်ဟာက တို့နဲ့ ပိုနီးသလဲ"
"လမင်းပေါ့"
"ဘာဖြစ်လို့လဲ"
"ဒီကနေ့ ကြည့်လိုက်ရင်၊ လမင်းကို မြင်ရတယ်၊ အာဖရိကတိုက်က မမြင်ရဘူး"



လူတော သူတောထဲ သွားနိုင်သေးတယ်

သူငယ်ချင်းမ သုံးယောက် စကားပြောနေကြသည်။
"ငါ့ကို ယောက်ျားက ကာလာတီဗွီတစ်လုံးဝယ်ပေးတယ်။ အိမ်မှာ ထိုင်ပြီး
ကြိုက်တဲ့ အစီအစဉ် ရွေးကြည့်ရုံပဲ"
"ငါ့ကိုတော့ ယောက်ျားက ဗွီဒီယိုစက် ဝယ်ပေးတယ် ဘယ်ကိုမှ
သွားစရာလိုတော့ဘူး၊ ကြည့်ချင်တဲ့ ကားကြည့်ရုံပဲ"
"မင်းကိုရော မင်းယောက်ျားက ဘာဝယ်ပေးသလဲ"
တတိယအမျိုးသမီးကို ဝိုင်းမေးကြသည်။
"ဘာမှ ဝယ်မပေးဘူး၊ ငါနဲ့အတူ ရုပ်ရှင်ရုံ၊ ပြဇာတ်ရုံတို့ကို သွားလို့
ရသေးတယ်လို့ ယောက်ျားက ပြောတယ်"



ကုန်ပါပြီ

ယောက်ျားကြီးတစ်ယောက် အရက်ခိုးချက်က်သည်။ အရက်ကို ၅ လီတာ ပုလင်းထဲ
ထည့်သည်။ ဘယ်မှာ ဝှက်ရမည်နည်း ဆိုသည်ကို စဉ်းစားသည်။ ထို့နောက်
မြေအောက်ခန်းတွင် ဝှက်ထားလိုက်သည်။ ရဲသားများ
တွေ့သွားနိုင်သလားဆိုသည်ကို စမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။ သို့ဖြင့် မိမိပင်
အိမ်ရှေ့ရှိ လူခေါ် ခေါင်းလောင်ကို နှိပ်သည်။
"ဘယ်သူလဲ"
"ရဲစခန်းကပါ၊ ခင်ဗျား အရက်ခိုးချက်သလား"
"မချက်ပါဘူး"
"မြေအောက်ခန်းထဲက ပုလင်းထဲမှာ ဘာလဲ"
"အသီးဖျော်ရည်ပါ"
"ပေးစမ်း၊ မြည်းကြည့်ရအောင်"
ခွက်ထဲသို့ ကိုယ့်ဟာကိုယ် ငှဲ့ပြီး သောက်သည်။ သောက်ရင်း မြေအောက်ခန်းထွင်
စိတ်မချရဟု အတွေးပေါက်လာကာ အဝတ်အစား ဘီရိုထဲ ဝှက်ရန်
ဆုံးဖြတ်လိုက်သည်။ ရဲသားများ တွေ့နိုင်မနိုင်ကို သိရန် စမ်းကြည့်ပြန်သည်။
လူခေါ်ခေါင်းလောင်းကို ၄င်း နှိပ်လိုက်သည်။
"ဘယ်သူလဲ"
"ရဲစခန်းကပါ၊ ခင်ဗျား အရက်ခိုးချက်သလား"
"မချက်ပါဘူး"
"ဘီဒိုထဲမှာ ဘာလဲ"
"ဖျော်ရည်ပါ"
"ပေးစမ်း၊ မြည်းကြည့်ရအောင်"
ခွက်ထဲသို့ အရက်ကို ငှဲ့ကာ သောက်သည်။ ဘီရိုထဲလဲ စိတ်မချရဟု ယူဆကာ
ရေခဲသေတ္တာထဲတွင် သိမ်းဆည်းရန် ဆုံးဖြတ်လိုက်သည်။ ဘယ်လောက်အထိ
စိတ်ချရသလဲဆိုတာ စမ်းကြည့်အုံးမှပဲဟု ကိုယ့်ဟာကိုယ် ပြောကာ
လူခေါ်ခေါင်းလောင်းကို တီးသည်။
"ဘယ်သူလဲ"
"ရဲစခန်းကပါ၊ ခင်ဗျား အရက်ခိုးချက်သလား"
"မချက်ပါဘူး"
"ရေခဲသေတ္တာထဲကဟာ ဘာလဲ"
"ဖျော်ရည်ပါ"
"ပေးစမ်း၊ မြည်းကြည့်ရအောင်"
အရင်ကအတိုင်း အရက်ကိုငှဲ့ကာ သောက်သည်။ ရေချိန်ရစ ပြုလာသည်။
အရက်ပုလင်းသည် စားပွဲပေါ်တွင် ရှိနေသည်။ ဤအချိန်တွင် ရဲသားများ
အမှန်တကယ် ရောက်လာကာ ခေါင်းလောင်းကို တီးသည်။
"ဘယ်သူလဲ"
"ရဲစခန်းကပါ၊ ခင်ဗျား အရက်ခိုးချက်တယ်ဆို"
"မချက်ပါဘူး"
"စားပွဲပေါ်က ပုလင်းဟာ ဘာလဲ"
"ဖျော်ရည် ပုလင်းပါ"
"ပေးစမ်း၊ မြည်းကြည့်ရအောင်"
"ခင်ဗျားတို့ဟာ ဘယ်လိုလဲဗျ၊ ခင်ဗျားတို့ မြည်းကြည့်တာနဲ့ ပုလင်းတစ်ဝက်ပဲ
ကျန်တော့တယ်၊ ကုန်ပါပြီဗျာ"




ဘယ်ဟာ ပိုကောင်းလဲ

"လူပေါကြီးဖြစ်ရတာနဲ့ ထိပ်ပြောင်ကြီး ဖြစ်ရတာ ဘယ်ဟာ ပိုကောင်းသလဲ"
"လူပေါကြီး ဖြစ်ရတာက ပိုကောင်းတယ်၊ သိပ်မသိသာဘူး"



တိုးတက်တဲ့ ဆေးပညာ

အဖွားကြီးက သူနာပြုဆရာမလေးကိုပြောသည်။
"ခုခေတ် ဆေးပညာဟာ အံ့သြဖွယ်ကောင်းလောက်အောင် တိုးတက်လာပါကလား၊
အဖွားတို့ ငယ်ငယ်တုန်းကဆိုရင်၊ ဆရာဝန်က မစမ်းသပ်ခင် အဝတ်အစားကို
ချွတ်ခိုင်းတယ်၊ ခုတော့ လျှာ ကလေးထုတ်ပြရုံနဲ့ ပြီးတယ်"



ဘယ်တော့မှ မကျေဘူး

သူငယ်ချင်းမနှစ်ယောက် ဘဝအတွေ့အကြုံချင်း ဖလှယ်ကြသည်။
"ကိုယ့်ဘဝ သိတ်မဆိုးလှဘူးလို့ ပြောနိုင်တယ်။ ပျင်းတယ်လို့ ထင်လာရင် ရုံးက
ငနဲတစ်ယောက်ယောက်ကို အိမ်လာဖို့ ဖိတ်လိုက်တယ်။ သူက ဝိုင်အရက် ပုလင်း၊
ပန်း၊ ချောကလက် စသည်ဖြင့် လက်ဆောင်လေးတွေ ယူလာတယ်။ ကိုယ်တို့
နှစ်ယောက် သောက်လိုက် စကားပြောလိုက်နဲ့ အချိန်တွေ ကုန်မှန်းမသိ
ကုန်သွားတယ်။ နှစ်ယောက်သား အိပ်ခန်းထဲ ဝင်လာတယ်။ အဲ ကိုယ့်ကုတင်
အောက်မှာ အိမ်ရှေ့တံခါးက လူခေါ် ခေါင်းလောင်းနဲ့ ဆက်ထားတဲ့
ခလုတ်ကလေးရှိတယ်။ ကိုယ်တို့ နှစ်ယောက် အိပ်ရာပေါ်လှဲချလိုက်တာနဲ့
ခလုတ်ကို နှိပ်လိုက်တယ်။ လူခေါ်ခေါင်းလောင်းမည်အလာမှာ ကိုယ်က
ကြောက်လန့်တကြားအမူအရာနဲ့ 'ယောက်ျားပြန်လာပြီ၊ ဒုက္ခပါပဲ' လို့အော်တယ်၊
ကိုယ်တော်ချော ကမန်းကတန်း အဝတ်အစား ကောက်ဝတ်ပြီး ပြတင်းပေါက်က
ခုန်ဆင်းပြေးတယ်။ ဟား ဟား"
သူငယ်ချင်းမနှစ်ယောက် အားရပါးရ ရယ်ကြပြီး လမ်းခွဲလိုက်ကြသည်။
နောက်ခြောက်လအကြာတွင် ပြန်ဆုံကြရာ ဒုတိယ အမျိုးသမီးက
ပထမအမျိုးသမီးကို ပြောပြသည်။
"သူငယ်ချင်းလုပ်တဲ့အတိုင်း ကိုယ်လုပ်လိုက်တယ်။ အိပ်ရာပေါ် လှဲချလိုက်တာနဲ့
ခလုတ်ကို နှိပ်လိုက်တယ်။ ပါးစပ်ကလည်း 'ယောက်ျား ပြန်လာပြီလို့
တုန်တုန်ရင်ရင်' ပြောလိုက်တယ်။ ဘသားချော အကြောက်လွန်ပြီး
ကိုယ်တစ်ခြမ်း သေသွားတယ်။ သူ့ခမြာ သနားစရာပဲ။ အခုအထိ ဆေးရုံပေါ်မှာ
လေးလတောင် ရှိနေပြီ။ မနေ့က ကိုယ်လူနာ သွားကြည့်တော့ စကားတစ်ခွန်းပဲ
စပြောနိုင်သေးတယ်"
"သူငယ်ချင်းကို တွေ့တော့ သူဘာပြောသေးလဲ"
"ကန်းမ နင့်ယောက်ျား ဘယ်မှာလဲတဲ့"



သတင်းစားများများဖတ်

ပါတီဋ္ဌာနချုပ် ဝါဒဖြန့်ချိရေးဋ္ဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးမှ
စက်ရုံလုပ်သားများအား ငါးနှစ် စီမံကိန်း အကောင်အထည်ဖော်မှု အခြေအနေကို
ရှင်းပြနေသည်။
"ငါးနှစ်စီမကိန်းမှာ လျာထားချက်အတိုင်း မြို့မှာ လျှပ်စစ်
ဓာတ်အားပေးစက်ရုံတစ်ခုကို အောင်မြင်စွာ ဆောက်လုပ်ပြီး စီးသွားပြီ"
ပရိတ်သတ်အထဲမှ တစ်ယောက်က ထပြောသည်။
"အဲဒီမြို့ကနေ့ မနေကပဲ ကျွန်တော် ပြန်လာခဲ့တယ်၊ ဘာဓာတ်အားပေးစက်ရုံမှ
မရှိဘူး"
ပါတီဝန်ထမ်းက ဆက်ပြောသည်။
"မြို့မှာ ဓာတ်မြေသြဇာ စက်ရုံတစ်ခုကို တည်ဆောက်နိုင်ခဲ့တယ်"
(စောစောပိုင်းက ထပြောသူကပင် ပြောသည်)
"မကြာမီက အဲဒီမြို့ကို ရောက်ခဲ့သားပဲ၊ စက်ရုံနဲ့ တူတာတောင် မတွေ့ခဲ့ပါဘူး"
ပါတီဝန်ထမ်းက စိတ်တိုစွာနဲ့ ပြောသည်။
"ရဲဘော်၊ ဟိုဟိုဒီဒီ လျှောက်သွားနေမယ့် အစား၊ သတင်းစာ များများ
ဖတ်သင့်တယ်"




နှစ်ကောင်စလုံးဝယ်ပါ

"အနီရောက် ကြက်တူရွေး ကျွန်တော့ကို ရောင်းပါ"
"မိတ်ဆွေဟာ ပြစ်သစ်လူမျိုး မဟုတ်လား"
"ဟုတ်တယ်၊ ဘာဖြစ်လို့လဲ"
"မိတ်ဆွေဟာ ဟိုအဝါရောင် ကြက်တူရွေးကိုပါ ဝယ်ရလိမ့်မယ်၊ အနီကောင်က
အင်္ဂလိပ်စကားကိုပဲ ပြောတယ်၊ အဲ အဝါကောင်ကတော့ အင်္ဂလိပ်ကနေ
ပြစ်သစ်ဘာသာကို ပြန်ပေးတဲ့ အကောင်ဗျ"



ငြိမ်ဆေး

ရုံးစာရေးမများ အချင်းချင်း စကားများနေကြသည်။ ဘယ်သူမှ
အလျှော့မပေးကြချေ။ ကိုယ်မှန်သည် သူမှန်သည် စသည်ဖြင့် လုပြောနေကြသည်။
ဤတွင် ရုံးအကြီးအကဲက စိတ်တိုစွာနှင့် ပြောလိုက်သည်။
"ဟေ့ ခဏရပ်လိုက်ကြစမ်း၊ နင်တို့ အထဲက အသက်အကြီးဆုံးလူ
အရင်ပြောပါစေ"
အားလုံး အသံတိတ်သွားကြတော့သည်



စစ်တိုက်တမ်း ကစားမယ်

စိတ်ရောဂါကု ဆေးရုံးဝင်းအတွင်းရှိ ပန်းခြံထဲတွင် လူနာများ စစ်တိုက်တမ်း
ကစားနေကြသည်။ ယဉ်ယဉ်ကလေး ရူးနေသူများက ခုခံကာကွယ်သူ၊
ခတ်ကြမ်းကြမ်း ရူးနေသူများက ထိုးစစ်ဆင်သူများအဖြစ် သရုပ်ဆောင်ကြသည်။
ခုခံကာကွယ်သူများသည် လူသွားလမ်းတဘက်တချက်တွင် စိုက်ထားသော
ပန်းပင်များ နောက်တွင် နေရာယူကြသည်။ ထိုးစစ်ဆင်သူများက 'ရှေ့တက်' ဟု
ညာသံပေးကာ တစ်နေရာမှ ပြေးတက်လာကြသည်။ ထိုးစစ်ဆင်သူ
တစ်ယောက်သည် ပန်းပင်များကို ခုန်ကျော်ကာ 'ကာကွယ်သူ' တစ်ဦးကို တုတ်ဖြင့်
တအားလွှဲရိုက်လိုက်သည်။ ကာကွယ်သူက ခေါင်းကို နေရာမှ မရွှေ့ပဲ အေအေးလေး
ပြန်ပြောသည်။
"မင်းကြိုးစားလဲအလကားပဲ၊ ငါက တင့်ကားထဲမှာ ထိုင်နေတာကွ"



ဒဏ်ရိုက်ရမယ်

မွေးနေ့ပါတီသို့ သူငယ်ချင်းတစ်ယောက် နောက်ကျပြီးမှ ရောက်လာသည်။
အရင်ရောက်နှင့် နေသော သူငယ်ချင်းများက 'ဒဏ်ရိုက်ရမယ်၊ ဒဏ်ရိုက်ရမယ်' ဟု
ဝိုင်းအော်ကာ အရက်ကို တစ်ခွက်ပြီး တစ်ခွက် သောက်ခိုင်းသည်။ သို့ဖြင့်
နောက်ကျရောက်လာသော သူငယ်ချင်းသည် အချိန်အနည်းငယ်အတွင်း
သူများထက် ပိုမူးလာသည်။ သည့်ထက် ပိုမူးလာလျှင် ပွဲပျက်နိုင်သည်ဟု
စဉ်းစားကာ အိမ်ရှင်က ¤င်းကို အိမ်သို့ ပြန်လွှတ်လိုက်သည်။ အိမ်အပြန် လမ်းတွင်
လူငယ်သည် ယိုင်တိယိုင်တိုင်ဖြင့် လမ်းမဖြတ်ကူးရမည့် နေရာတွင်
လမ်းဖြတ်ကူးသည်။ ဤတွင် ယာဉ်ထိန်းရဲ ပြေးလားကာ ¤င်းအား ဖမ်းသည်။
"ခင်ဗျားကို ဒဏ်ရိုက်ရမယ်"
"ဒီလိုဆို ထည့်လေ"

Tuesday, October 19, 2010

ဟာသ(၆၀)

ယုတ္တရှိရှိ ပြောစမ်းပါ
အစိုးရရှေ့နေက တရားခံကို မေးသည်။
"ခင်ဗျားဟာ စကော့တလန်မှာ မွေးတယ်။ ဒါကြောင့် စကော့လူမျိုးလို့ ခင်ဗျား
အခိုင်အမာ ပြောတယ်နော်"
"ဟုတ်ပါတယ်"
"ကောင်းပြီ၊ အကယ်၍ ခိုတစ်ကောင်ဟာ နွားတင်ကုတ်မှာ မွေးခဲ့ရင် ခိုဟာ
နွားဖြစ်သွားရောလား"



ခေါင်းကိုက်ရောဂါ

အမျိုးသမီးတစ်ဦး အမြဲတန်း ခေါင်းကိုက်လေ့ရှိသဖြင့် ဆရာဝန်ထံ လာပြသည်။
ဆရာဝန်က ယောက်ျားယူလိုက်ရန် အမျိုးသမီးကို အကြံပေးလိုက်သည်။
နောက်တစ်နှစ် ကြာသောအခါ ယင်းအမျိုးသမီးကို အခမ်းအနားတစ်ခုကို တွေ့ရာ
ဆရာဝန်က မေးသည်။
"ခင်ဗျား အိမ်ထောင်ပြုလိုက်ပြီလား"
"ဟုတ်ကဲ့၊ ကျေးဇူးပဲ"
"ခေါင်းကော ကိုက်သေးသလား"
"ဟင့်အင်း၊ အခု ကျွန်မ ယောက်ျားပဲ ခေါင်းကိုက်တော့တယ်"



အကောင်းဆုံး မိန်းမ

အရာရှိကြီးတစ်ယောက် နယ်လှည့် ခရီးထွက်နေရာမှ မိမိ၏ ဇနီးထံ စာရေးသည်။
"အချစ်ရေ၊ မင်းကို ယှဉ်နိုင်တဲ့ မိန်းမတစ်ယောက်မှ မရှိဘူး။ ဒီအချက်ကို မနေ့က
ထပ်ပြီးသိလိုက်တယ်"




ကံဆိုးတဲ့ အဖေ

မစ္စတာဘရောင်း၊ ခင်ဗျားကြည့်ရတာ စိတ်မချမ်းမသာဖြစ်နေတဲ့ ပုံပဲ
"ဝမ်းသာစရာမှ မရှိတာဗျာ၊ သမီးငါးယောက် မွေးထားတယ်။ ဒါပေမယ့်
သမက်တစ်ယောက်မှ မရသေးဘူး"
"ဒါများဗျာ၊ ကျွန်တော့ကိုပဲ ကြည့်၊ သမီးတစ်ယောက်မွေးတယ်။ အခုဆို
သမက်ငါးယောက်တောင် ပြောင်းသွားပြီ။ ကျုပ်ကို အားကျတယ်လို့ ခင်ဗျား
ပြောမလား၊ ကဲ"



သတင်းပေးရင် ပြီးတာပဲ

ဆရာဝန်ထံ လာပြချင်သည့်အတွက် ဂျွန်သည် တယ်လီဖုန်းဖြင့်
ရက်ချိန်းတောင်းသည်။ ဆေးခန်းမှ တာဝန်ကျ သူနာပြုဆရာမက ပြန်ဖြေသည်။
"ဝမ်းနည်းပါတယ်၊ လူကြီးမင်းကို နောက်နှစ်ပါတ်ကြာမှ ဒေါက်တာ
လက်ခံနိုင်ပါမယ်"
"ဒီရက်တွေအတွင်း ကျုပ်သေသွားနိုင်တယ်ဗျ"
"ဒီအတွက် စိတ်မပူပါနဲ၊ လူကြီးမင်းရဲ့ ဇနီးကသာအချိန်မီ
အကြောင်းကြားမယ်ဆိုရင် ကျွန်မတို့ လူကြီးမင်းရဲ့ နာမည်ကို စာရင်းထဲက
ပယ်ဖျက် ပေးပါမယ်"



လိပ်ပြာမသန့်ဘူး

အစိုးရရှေ့နေက တရားခံကို မေးသည်။
"မစ္စစ် ဂျွန်ဆင်၊ ဟင်းချို ပန်းကန်ထဲကို အဆိပ် ထည့်ပြီး ယောက်ျားလုပ်သူကို
စားခိုင်းလိုက်တဲ့ အခါမှာ လိပ်ပြာမသန့် မဖြစ်မိဘူးလား"
"ဖြစ်မိပါတယ်"
"ဘယ်အချိန်မှာလဲ"
"နောက်တစ်ပန်းလုံးပေးအုံးလို့ သူတောင်းတဲ့ အခါမှာပေါ့"



ဘယ်သူရူးသလဲ

သင်္ချာဆရာမသည် တပည့်ဖြစ်သူ၏ သင်ခန်းစာ စာအုပ်မှ သင်္ချာပုစ္စာများ
တွက်ထားသည်ကို စစ်ဆေးသည်။ ရှုတ်ထွေးစွာ ရေးထားသဖြင့် မည်သို့မှ
အဓိပ္ပာယ် မဖော်နိုင်ပဲ ဖြစ်ရာ အောက်ပါအတိုင်း ငြီးငြူသည်။
"မင်းနဲ့ ဆရာနဲ့ တစ်ယောက်ယောက်တော့ ရူးပြီ ထင်တယ်"
နောက်နေ့တွင် တပည့်ဖြစ်သူသည် ဆရာအား စာအိပ်တစ်အိပ် ပေးသည်။
"ဒီအထဲမှာ ဘာ ပါသလဲပီတာ"
"ကျွန်တော် မရူးကြောင်း မြို့နယ်ဆရာဝန်ကြီးရဲ့ ထောက်ခံစာပါ"



အကြံပိုင်သူ

"ဟေး ဂျွန်၊ မင်း မိန်းမကို မင်းပိုကာ ကစားနည်း သင်ပေးတယ်ဆို"
"ဟုတ်တယ်၊ ဒီအတွက် နောင်တလဲ မရဘူး၊ မနေ့က သူနဲ့ပိုကာ ကစားရာမှာ
လစာရဲ့ တစ်ဝက်ကို ငါ ပြန်နိုင်လိုက်တာကွ"



မြန်မြန်ယူ

ဈေးထဲတွင် ဖြစ်သည်။ လူတစ်ယောက် ဝါးဖြင့် ယက်ထားသော ခြင်းတောင်းကို
ရောင်းနေသည်။
"တစ်လုံးကို ဘယ်ဈေးလဲဗျ"
"ရူဘယ် ငါးရာပါ"
"၂၅ဝ နဲ့ ပေးမလား"
"ယူပါ"
"တစ်ရာပဲ ပေးမယ်ဗျာ၊ သဘောတူရင် အခုပဲ ငွေချေပြီး ကျွန်တော်သွားမယ်"
"သဘောတူပါတယ်၊ ဒါပေမယ့် မြန်မြန်တော့ သွားနော်၊ ဟိုမှာ တောင်းပိုင်ရှင်
လာနေပြီ"



မိန်းမကြောက်သူခိုး

တရားသူကြီးက တရားခံကို မေးသည်။
"မောင်မင်း၊ ဘာဖြစ်လို့ တစ်ဆိုင်ထဲကိုပဲ သုံးကြိမ်တိတိ ဝင်ခိုးရတာလဲ"
"ဒီလိုပါ ခင်ဗျာ၊ ပထမအကြိမ်မှာ မိန်းမအတွက် ကျွန်တော် ဂါဝန်တစ်ထည်ကို
ယူသွားပါတယ်။ ဒါပေမယ့် တရားသူကြီးမင်း သိတဲ့အတိုင်း မိန်းမအကြိုက်ကို
သိကြားမင်းတောင် မလိုက်နိုင်ဘူး မဟုတ်လား။ သူကြိုက်မယ်ထင်တဲ့ ဂါဝန်ကိ
နှစ်ကြိမ်တိတိ လာလဲရတာပါ"