စိတ်ဆိုးရင် ခဏဘဲ
အဝေးပြေး မီးရထားပေါ်တွင်ဖြစ်သည်။ (၂) ယောက်တွဲ အိပ်ခန်းတွင်
အမျိုးသားတစ်ဦးနှင့် အမျိးသမီးတစ်ဦးတို့ အတူတူကျသည်။ ညဥ့်နက်သည်အထိ
(၂)ယောက်စလုံး ဟိုလှိမ့်သည်
လှိမ့်နှင့် အိပ်မပျော်နိုင်ဖြစ်နေကြသည်။
အမျိုးသားက စ၍ မေးသည်။
' ဘာဖြစ်လို့ ခင်ဗျား မအိပ်သေးတာလဲ'
' အိမ်မှာ သစ္စာမဲ့တဲ့ ယောက်ျားကျန်ရစ်တာကို သတိရလို့'
'ကျူပ်လဲ ဒီအတိုင်းဘဲ၊ အိမ်မှာ ဖေါက်ပြားတဲ့ မိန်းမ ကျန်ရစ်ခဲ့တယ်။
ဂလဲ့စားချေလိုက်ကြရင် မကောင်းဘူးလား'
ဂလဲ့စားချေလိုက်ကြသည်။ အမျိုးသားသည် မိမိအိပ်ရာဘက်ပြောင်းကာ
အနားယူသည်။ မျက်လုံးများ လေးလာကာ အိပ်စပြုသည်။ အမျိုးသမီးမူ
မအိပ်နိုင်ဘဲ ယခင်အတိုင်း ဟိုလှိမ့်သည်လှိမ့် လုပ်နေသည်။
'ဘာဖြစ်လို့ ခင်ဗျား မအိပ်တာလဲ၊ ကျွှန်တော်တို့ ဂလဲ့စားချေပြီးကြပြီဘဲ'
'ကျွန်မက တစ်ခါပြီး တစ်ခါ ဂလဲ့စားချေချင်တယ်ရှင့်'
'ကျွှန်တော်ကတော့ ဒီလိုမဟုတ်ဘူး။ စိတ်ဆိုးရင် ခဏဘဲ'
အိမ်ထောင်ဦးစီး
မင်္ဂလာပွဲ ပြီးသောအခါ ညားကာစ ဇနီးမောင်နှံသည် ဇနီးသည်၏ အမေအိမ်တွင်
နေထိုင်ရန် ဆုံးဖြတ်လိုက်သည်။ ပထမနေ့ ညစာ စားချိန်တွင်ပင် ယောက်ျားက
ကြေငြာသည်။
' ရတဲ့လစာကို အိမ်ပြန်ယူလာတဲ့ အခါ ယူလာမယ်၊ မယူလာချင် မယူလာဘူး'
ထိုစကားကို ကြားရသောအခါ ဇနီးဖြစ်သူက မကျေမနပ် ပြောသည်။
'ရှင့်စကားက ဘာအဓိပ္ပါယ်လဲ၊ ပိုက်ဆံယူလာချင် ယူလာမယ်။ မယူလာချင်
မယူလာဘူးတဲ့၊ ဟင်း'
စားပွဲကို ယောက်ျားက လက်သီးဖြင့် ထုလိုက်သည်။
' ဟေ့ ဒီအိမ်မှာ ဘယ်သူ အိမ်ထောင်ဦးစီးလဲ'
ဇနီးဖြစ်သူ အသံတိတ်သွားသည်။ ယောက်ျားက ဆက်ပြောသည်။
'ပြီးတော့၊ ဒီနေ့မှာ မိန်းမနဲ့ အိပ်ရင်၊ နောက်တစ်နေ့မှာ ယောက္ခမနဲ့
အိပ်ချင်တဲ့အခါ အိပ်မယ်'
ဇနီးဖြစ်သူ ဒေါသထွက်သွား၍ ဆတ်ဆတ်ခါ ဖြစ်သွားသည်။
' ရှင် ဘာစကားပြောတာလဲ၊ မိန်းမနဲ့ အိပ်ချင်တဲ့အခါအိပ်၊ ယောက္ခမနဲ့
အိပ်ချင်တဲ့အခါ အိပ်မယ်တဲ့။ ဟွန်း'
ဤတွင် အမေလုပ်သူက သမီးကို လှမ်းအော်လိုက်သည်။
' ဟဲ့ ကောင်မ၊ တိတ်တိတ်နေစမ်း၊ ဒီအိမ်မှာ ဘယ်သူ အိမ်ထောင်ဦးစီးလဲ'
လူကြီးလူကောင်း
'ဆွစ်လူမျိုး ယောင်္ကျားတွေဟာ လူကြီးလူကောင်း မဆန်ဘူးလို့ ဟာသတွေ
ထုတ်ကြတာ လုံးဝ တက်တက်စင်အောင် မှားတယ်ဗျ။'
'ဘာလို့ ခင်ဗျား ဒီလိုပြောနိုင်ရတာလဲ။'
'မနေ့က မိုးရွာထဲမှာ ဘီးပေါက်လို့ ကားဘီးလဲနေတဲ့ အမျိုးသမီးတစ်ယောက်ကို
ဘေးကနေ ထီးမိုးပေးတဲ့ ဆွစ်လူမျိုးတစ်ယောက် တွေ့ခဲ့တယ်လေ။'
အတွေ့အကြုံ
ဘားကောင်တာ တစ်ခုတွင် တောသားတစ်ယောက်က ဆိုင်ရှင်အား
စကားပြောနေသည်။
'ခင်ဗျားတို့ နယူးယောက် မြို့ကြီးက ငွေခင်းပြီး လမ်းလျှောက်မှ
အဆင်ပြေတယ်ဗျ။ ကျုပ်တို့မြို့မှာဆို ဒီလိုမဟုတ်ဘူး။ ကြိုက်တဲ့ ဟိုတယ်သွားပြီး
အရက် အလကား သောက်လို့ရတယ်၊ တည်းခိုခန်းခ မပေးဘဲ တည်းလို့ရတယ်ဗျ။
အဲ အပြန်ကျရင် လမ်းစရိတ် ဆိုပြီး ပိုက်ဆံတောင် ထပ်ပေးလိုက်သေးတယ်။'
'ဟာ၊ ခင်ဗျား မဖြစ်နိုင်တာတွေ လာပြောနေတယ်။ ခင်ဗျားကိုယ်တိုင်ရော ဒါမျိုး
ကြုံဖူးလို့လား။'
'ကျွန်တော်တော့ မကြုံဖူးပါဘူး၊ ဒါပေမယ့် ကျွန်တော့် မိန်းမတော့
ခဏခဏ ကြုံရတယ် ပြောတယ်။'
ပရိတ်သတ်
မြေခွေးနှင့် ယုန်တို့ မြက်ခင်းပေါ်တွင် လှနေကြသည်။ မြေခွေးက
'ဟေ့ကောင်၊ ယုန် ငါတို့ ဒီတိုင်းနေတာ ပျင်းစရာကြီး။ ဘာလုပ်ကြမလဲ။'
'ဟောပြောပွဲ လုပ်မလား ကိုမြေခွေး။ ကိုမြေခွေးကပြော ကျွန်တော်
ပရိတ်သတ် လုပ်မယ်။'
မြေခွေး ကုန်းမြင့်တစ်ခုပေါ်တက်ကာ စတင် ဟောပြောသည်။ သိပ်မကြာလိုက်
ခဲလုံးတစ်ခု အရှိန်ပြင်းပြင်းနှင့် ၄င်းမျက်နှာ တည့်တည့်ကို လာမှန်လေသည်။
မြေခွေး သတိမေ့သွားသည်။
ပြန်သတိ လည်လာသောအခါ စိတ်ဆိုးမန်ဆိုးနှင့် ယုန်ကိုမေးသည်။
'ဟေ့ကောင်၊ မင်းလားကွ ငါ့ကို ခဲနဲ့ပစ်တာ'
'မပြောတတ်ဘူး။ ပရိတ်သတ်ထဲက ဖြစ်မယ်ထင်တယ်။'
ဂလဲ့စား
ည၂နာရီခန့် ဖြစ်သည်။ ဘားဆိုင် တစ်ဆိုင်တွင် အရောင်းဝန်ထမ်းနှင့်
ကပ်စတန်မာတို့ စကားပြောနေသည်။
'ဟိုမာလ်ဘိုရို စီးကရက်က တစ်ဘူး ဘယ်လောက်လဲဗျ။'
'သုံးဘူးကို ပြားငါးဆယ်'
'ဟာ... ဘလက်လေဘယ်ကရော တစ်ပုလင်းဘယ်လောက်လဲ'
'တစ်ပုလင်း ၂ဒေါ်လာ'
'ခင်ဗျားနောက်နေတာတော့ မဟုတ်ပါဘူးနော်'
'မနောက်ဘူး။ မျက်နှာချင်းဆိုင်က တိုက်ခန်းကို တွေ့လား'
'တွေ့တယ်'
'တတိယထပ်မှာ မီးလင်းနေတာကော တွေ့လား'
'တွေ့တယ်'
'အဲဒိအခန်းထဲမှာ ဒီဆိုင်ရှင် ရှိတယ်'
'ဟုတ်လား။ ဟိုအခန်းထဲမှာ ဆိုင်ရှင်ရှိတာနဲ့ ခင်ဗျား ဈေးတွေ
လျှော့ရောင်းနေတာနဲ့ ဘာဆိုင်လို့လဲ'
'ဆိုင်ပြီလားဗျာ။ အဲဒါ ကျွန်တော့် အခန်း။ ဆိုင်ရှင်က အခု ကျွန်တော့ မိန်းမနဲ့ဗျ။'
No comments:
Post a Comment