အသက်မပါတော့ဘူး
"ကျွန်တော်တို့ဆီက မင်းသား မင်းသမီးတွေ ချစ်ခန်းကြိုက်ခန်း ရိုက်ရာမှာ ဘာဖြစ်လို့ အသက်မပါတော့တာလဲ"
"သူတို့အချင်းချင်း ညားကုန်ကြလို့"
မျှော်လင့်ချက်
စာရေးဆရာပေါက်စက အယ်ဒီတာကို မေးသည်။
"ကျွန်တော့် ဝတ္တုကို လူကြီးမင်းတို့ရဲ့ မဂ္ဂဇင်းမှာ ဖော်ပြပေးမယ့် အလားအလာ
နည်းနည်းဖြစ်ဖြစ် ရှိတယ်ဆို ကျေနပ်ပါပြီ။ ကျွန်တော် မျှော်လင့်နိုင်တယ် မဟုတ်လား ခင်ဗျာ"
"ဟာ၊ မျှော်လင့်နိုင်ပါတယ်။ ကျုပ် တစ်နေ့ကျ သေမှာပဲ ဥစ္စာ"
ရှားပါးစာအုပ်
စာကြည့်တိုက်တွင်ဖြစ်သည်။
"ကိုယ့်ကိုယ်ကို သတ်သေတဲ့အကြောင်း စာအုပ်ကို ကျွန်တော် ဘယ်မှာ ရှာလို့ ရမလဲဟင်"
"ညာဘက်က စာအုပ်စင်ရဲ့ တတိယအဆင့် လက်ဝဲဘက်မှာ ရှာကြည့်ပါ"
"အဲဒီမှာ စာအုပ်တစ်အုပ်မှ မတွေ့ပါလား"
"ဟုတ်တယ်။ အဲဒီစာအုပ်ကို ဘယ်သူမှ ပြန်မပေးတော့ဘူးလေ"
လွဲသွားမှဖြင့်
စိတ်ရောဂါကု ဆေးရုံတွင် လူနာနှစ်ယောက် စကားပြောနေကြသည်။
"ဟေ့ကောင်။ မင်းရဲ့ ခေါင်းထဲကို ၂-လက်မသံ တစ်ချောင်း ငါရိုက်သွင်း ပေးမယ်။ ဘယ်နှယ့်လဲ"
"မင်းရူးနေသလား။ ဦးထုပ်ကို ချော်ပြီး ရိုက်မိရင် ဘယ့်နှယ့်လုပ်မလဲ"
နှိုးခပဲယူမယ်
"ခွဲစိတ်မှုမစခင် မေ့ဆေးဆရာဝန်က ပြောသည်။"
"ဒီနေ့မေ့ဆေးပေးတဲ့အတွက် ပိုက်ဆံမယူဘူး။ သတိပြန်ရအောင် လုပ်ခပဲ ယူမယ်။"
မမြင်ရဘူး ဒေါက်တာ
ညာဘက်မျက်လုံး အတုတပ်ထားသော လူတစ်ယောက် မျက်စိဆရာဝန်ထံ ရောက်လာသည်။
ဆရာဝန်က နံရံတွင်ချိတ်ထားသော အက္ခရာများကို ကြီးစဉ်ငယ်လိုက် ပြထားသော
စက္ကုပြားကို ထောက်ပြပြီးပြောသည်။
"ကိုင်း၊ ညာဘက်မျက်လုံးကို ပိတ်ပြီး အပေါ်ဆုံးလမ်းကြောင်းကနေ ဖတ်ပြပါ"
"ဒေါက်တာ၊ ကျွန်တော့် ညာဘက်မျက်လုံးဟာ အတုခင်ဗျ"
"အဲဒါဆို ဘယ်ဘက်မျက်လုံးကို ပိတ်ပြီး ဖတ်ပါ"
ဒါကိုပဲ မေးနေကြတယ်
တရားသူကြီးက တရားခံကို မေးသည်။
"မောင်မင်းဟာ စတိုးဆိုင်ကြီးကို ဖောက်ထွင်းရာမှာ ဈေးမကြီးတဲ့ ပစ္စည်းတွေကိုပဲ ယူတယ်။ အဲ၊ ငွေစက္ကူတွေ ရှိတဲ့ဘက်ကို အနားတောင် ကပ်မသွားဘူး။ ဘာဖြစ်လို့လဲ"
"တရားသူကြီးမင်းကလည်း ဒါကိုဘဲ သိချင်တာကိုး ကျွန်တော့်မိန်းမ ဒီမေးခွန်းနဲ့ ကျွန်တော်ကို နှိပ်စက်နေတာကြာပါမကောဗျာ"
လုပ်ဖော်ကိုင်ဖက်
"တရားလိုပြသက်သေ။ အခု တရားခံကို သိပါသလား"
"ဟုတ်ကဲ့။ ကျွန်တော်တို့ဘဏ်မှာ အတူတူ အလုပ် လုပ်ခဲ့ကြပါတယ်။
ဘယ်တုန်းကလဲ"
"လွန်ခဲ့တဲ့ ၂-လကပါ။ ကျွန်တော့်စိတ်အထင် မနက် လေးနာရီလောက်မှာပါ"
ပိုင်ပြီ
"ပန်းချီကားချပ်ကို ခင်ဗျားခိုးတာ မဟုတ်ဘူးလို့ ရုံးတော်က ကောက်ချက်ချတယ်။ ခင်ဗျားကို တရားသေ လွှတ်လိုက်ပါတယ်။"
"ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ပန်းချီကားကို ကျွန်တော်အိမ်မှာ ချိတ်ထားလို့ ရတယ်ပေါ့နော်"
သတင်းစကား
ယောကျာ်းပျောက်သွားသည့်အတွက် ကူညီ ရှာဖွေပေးပါရန် ရဲစခန်းသို့ မိန်းမဖြစ်သူ
လာပြောသည်။ ယောကျာ်းဧ၊် ပုံပန်းသဏ္ဍာန်ကို မေးမြန်းစုံစမ်းပြီးနောက် ရဲအရာရှိက
အမျိုးသမီးကို ပြောသည်။
"ကောင်းပြီလေ။ ကျွန်တော်တို့ ကြိုးစား ရှာပေးပါ့မယ်။ ဒါနဲ့ ခင်ဗျားရဲ့ ယောကျာ်းကို တွေ့ရင် ဘာပြောပေးရမလဲ"
"ပြောလိုက်ပါ။ ကျွန်မအမေ ကျွန်မတို့ အိမ်မှာ လာနေမယ့် အစီအစဉ်ကို
ဖျက်သိမ်းလိုက်တယ်လို့"
No comments:
Post a Comment