ဂယောင်ချောက်ချား
ဘဝတစ်ပါးသို့ ပြောင်းတော့မည့် စကော့တလန်သားက ၄င်း၏ဇနီးကို
မှာနေသည်။
“တို့ရဲ့အိမ်နီးချင်း ဂျွန်ဆီက ပေါင် ၅ဝ အကြွေး ရစရာ ရှိတယ်၊ မမေ့နဲ့”
“မမေ့ပါဘူးရှင်”
“မစ္စတာစမစ်ကိုတော့ တို့ ၅ ပေါင် ပေးစရာရှိတယ်”
မိန်းမဖြစ်သူ သက်ပြင်းချပြီး ပြောသည်။
“ဂယောင်ချောက်ချားတွေ ပြောနေပြန်ပါပြီ”
ကယ်တင်ရှင်
ဆေးဆိုင်ရောင်းစာရေးမ ဆိုင်မန်နေဂျာထံ ပြေးလာပြီး ပြောသည်။
“အစ်ကိုကြီး၊ စကော့တလန်သားတစ်ယောက် ၇ ဆင့်တန်အဆိပ်ရောင်းပါလို့
ပြောနေတယ်ရှင့်”
“ဟေ၊ ဟုတ်လား၊ သူ့ကို ကယ်ဖို့လိုတယ်။ ၇ ဆင့်တန် မရှိဘူး။ ၁ဝ ဆင့်တန်ပဲ
ရှိတယ်လို့ ပြောလိုက်”
တတ်ရဲ့သားနဲ့
ဂျော်ဂျီယာပြည်နယ်မြို့တော် တဘီလီစီမြို့တွင်းသို့ ရုရှား တစ်ယောက်
ကားမောင်းပြီး ဝင်လာသည်။ ယာဉ်ထိန်းရဲက ကားကိုတားပြီး ပြောသည်။
“ခင်ဗျား သတ်မှတ်မိုင်နှုန်းထက် ပိုပြီး မောင်းလာတယ်။ ဘာကြောင့်လဲဆိုတာ
ဂျော်ဂျီယာဘာသာနဲ့ ရှင်းလင်းချက် ရေးပါ။”
“ကျွန်တော် ဂျော်ဂျီယာစာမှ နားမလည်ဘဲ၊ ဘယ်လိုလုပ် ရေးရမှာလဲ။”
“ဆင်ခြေမပေးနဲ့၊ ဂျော်ဂျီယာဘာသာနဲ့ ရှင်းလင်းချက်ရေး၊ ဒါပဲ။”
ကားဆရာ ရုရှား စိတ်ညစ်သွားသည်။ မည်သို့မျှ ရှင်းပြ၍လည်း မရ။
နောက်ဆုံးတွင် ရုရှားသည် စာရွက်တစ်ရွက်ကို ထုတ်ပြီး ဒေါ်လာ ၅ဝ
တန်တစ်ရွက်ကို ညှပ်ထည့်လိုက်သည်။ ထို့နောက် ယာဉ်ထိန်းရဲကို ကမ်းပေးသည်။
ယာဉ်ထိန်းရဲ စာရွက်ကို ဖြန့်လိုက်သည်။ ငွေစက္ကူကိုတွေ့သောအခါ ကားဆရာကို
ပြောသည်။
“ဂျော်ဂျီယာလို မတတ်ဘူးလို့ ဘာဖြစ်လို့ ပြောလဲ။ အခု တစ်ဝက်တောင်
ရေးပြီးပြီပဲ။ ဆက်ရေး”
(လက်စသတ်တော့ ဂျော်ဂျီယာ စကားနဲ့ မြန်မာ စကား အတူတူပါပဲလားနော်)
လူစကား
လူစကားပြောတတ်သော ကြက်တူရွေးကို မိန်းမကြီး ဝယ်လာသည်။ အိမ်သို့
ရောက်ရောက်ချင်း ကြက်တူရွေးကို ပြောသည်။
“ငါပြောတဲ့အတိုင်း လိုက်ပြောစမ်း။ ကျွန်ုပ်သည် လူဖြစ်သည်။ လူစကားကို
ပြောတတ်သည်လို့”
ကြက်တူရွေးက အံ့သြတကြီး ပြန်မေးသည်။
“ဘာ ဘာ။ ခင်ဗျားလည်း လူစကား ပြောတတ်တယ် ဟုတ်လား”
သက်သေ
အတန်းထဲတွင်ဖြစ်သည်။ ဆရာမက မေးသည်။
“ငါးလိပ်ကျောက်ဟာ ဘာဖြစ်လို့ ပြားပြားကြီး ဖြစ်နေရတာလဲ”
ပီတာလေး လက်ညှိုးထောင်ပြီး ဖြေသည်။
“ဝေလငါးနဲ့ အိပ်လို့”
“ပီတာ၊ အခန်းထဲက ချက်ချင်း ထွက်သွားစမ်း”
ဤသို့ အမိန့်ပေးပြီး ဆရာမက ဆက်မေးသည်။
“ကျောက်ပုဇွန်ရဲ့ မျက်လုံးတွေ ဘာဖြစ်လို့ ပြူးထွက်နေရတာလဲ၊ ဘယ်သူ
သိကြသလဲကွယ်”
ပီတာလေး နောက်ပြန်လှည့်ပြီး အော်ပြောသည်။
“ဒါတွေအားလုံးကို သူမြင်မိလိုက်လို့”
No comments:
Post a Comment