Monday, August 31, 2009

ဟာသ (၁၆)


သံပြိုင်ဆိုအဖွဲ

ပင်စင်စား တစ်ဦးက အခြားပင်စင်စား တစ်ဦးကို ပြောသည်။
“ကျုပ်တို့ရဲ့ သံပြိုင် သီချင်းဆိုတဲ့ အဖွဲထဲ ဝင်ပါလား။ ကျုပ်တို့ ကျားကစားတယ်။
ဟာသတွေ ပြောတယ်။ အရက်စုပေါင်းသောက်ကြတယ်။ ပျော်စရာကြီး”
“အဲဒီလိုဆိုရင် ခင်ဗျားတို့ ဘယ်အချိန် သီချင်းဆိုကြသလဲ”
“အိမ်ပြန်ရောက်တဲ့ အခါပေါ့”




ဒုက္ခပေးတဲ့ ယင်ကောင်

ခြင်နှစ်ကောင် ပျံလာကြသည်။ ရုတ်တရက် တစ်ကောင်အောက်သို့ ပြုတ်ကျသည်။
“ဟေ့ ဘာဖြစ်တာလဲ”
“ယင်တစ်ကောင် မျက်စိထဲ ဝင်သွားလို့”




မီးတော့ လှုံချင်ကြတယ်

အရက်သမားနှစ်ယောက် အိမ်ပြန်လာကြသည်။ ရာသီဥတု ခိုက်ခိုက်တုန်အောင်
အေးလှသည်နှင့် လမ်းတွင်တွေ့သော သစ်တုံးကိုခွဲကာ မီးဖိုကြရန်
တိုင်ပင်ကြသည်။ သို့ဖြင့် ပါလာသော လွှတိုလေးဖြင့် သစ်တုံးကို ဖြတ်ကာ
မီးလှုံကြသည်။ မီးတောက်ကို မြင်ကြသော အနားရွာမှ ရွာသူရွာသားများ
မီးလောင်သည်ထင်ပြီး အူယာဖားယား ပြေးလာကြသည်။ ဤတွင်
အရက်သမားတစ်ယောက်က ဤသို့ပြောသည်။
"ကြည့်စမ်း။ သစ်တုံးခွဲ မီးမွှေးဘို့ကျတော့ ဘယ်သူမှ မလုပ်ချင်ဘူး။ အဲ
မီးလှုံချင်တဲ့ အခါကျတော့ အားလုံးပြေးလာလိုက်ကြတာ၊ ဟင်း"




ဈေးပေါလို့

စတိုးဆိုင်ကြီးထဲမှ ပစ္စည်းအချို့ကို အလစ်သုတ်ရန် ကြိုးစားသော မိန်းမတစ်ဦးကို
ဆိုင်လုံခြုံရေး ဝန်ထမ်းများက သုံးကြိမ်တိုင်တိုင် ဖမ်းမိသည်။
"ခင်ဗျား ဘာဖြစ်လို့ ကျုပ်တို့ဆိုင်က ပစ္စည်းတွေကိုပဲ အလစ်သုတ်ဖို့
ကြိုးစားရတာလဲ။ တခြားဆိုင်တွေ မရှိတော့တာ ကျနေတာပဲ"
"ရှင်တို့ဆိုင်က ပစ္စည်းဈေးတွေ သက်သာလို့ပါ"




တိုးတိုးပြော

ခြံထဲရှိ သရက်ပင်ပေါ်တက်၍ သရက်သီးများကို ခိုးနေသော အိမ်ဘေးမှ
ချာတိတ်ကို ခြံပိုင်ရှင်က ဖမ်းမိသည်။
"လာ ငါနဲ့ လိုက်ခဲ့။ မင်းရဲ့ အဖေဆီသွားမယ်။ ကလေးကို မဆုံးမ
ရကောင်းလားလို့ သူ့ကို ငါ သွားချဲမယ်"
"တိုးတိုးပြောပါ ဦးလေးရယ်။ ဖေဖေကြားသွားပါအုံးမယ်။ ဖေဖေက ဟိုဘက်က
သရက်ပင်ပေါ်မှာ"




ငါ့ကို လာစမ်းလို့ ဘယ်ရမလဲ

မိတ်ဆွေဖြစ်သူ နီကိုလိုင်နှင့်အတူ မြို့တက်၍ နွားသွားရောင်းချရာမှ
ပြန်ရောက်လာသော အီဗန်က အိမ်ရောက်ရောက်ချင်း မိန်းမကို ပြောပြသည်။
"နီကိုလိုင်ခဗျာ သနားစရာကွာ။ သူ့ နွားကို ရောင်းလဲပြီးရော သူရတဲ့
ပိုက်ဆံအားလုံးကို ခါးပိုက်နှိုက်တွေ အလစ်သုတ်လို့ ကုန်ပါလေရော"
"အို စိတ်မကောင်းစရာပဲ၊ ရှင်ကတော့ သတိ လက်မလွတ်ဘူး မဟုတ်လား"
"ငါ့ကို ဒီကောင်တွေ ဘာလုပ်လို့ ရမလဲ၊ ဒီကောင်တွေကို ငါ တော်တော်လေး
ညှင်းဆဲခဲ့သေးတယ်၊ ဟိုကွေ့သည်ရှောင်နဲ့ ခြေရာဖျောက်ပစ်တော့ ဒီကောင်တွေ
အတော်အကြပ်ရိုက်ကုန်ကြတယ်၊ ညနေပိုင်း ရောက်တော့မှ ဒီကောင်တွေ
ငါ့ပိုက်ဆံအိပ်ကို ရအောင် ယူလိုက်နိုင်တယ်"




အမေ့အတွက်

ဂျောနီက မိမိ၏ မိခင်အတွက် လတ်လတ်ဆတ်ဆတ် နှင်းဆီပန်းပွင့် ဆယ်ပွင့်ကို
ပေးရာ အမေလုပ်သူက မေးသည်။
"ကျေးဇူးပါပဲသားရယ်။ ဒါနဲ့ သားက ဘယ်က ယူလာတာလဲ"
"တစ်ခြံကျော်က အန်ကယ်လ် မက်သရူးဆီကပါ"
"သားယူလာတာကို သူသိသလား"
"သိတာပေါ့၊ ကျွန်တော့ နောက်ကို သူအတင်းပြေးလိုက်သေးတာပဲ ဥစ္စာ"

No comments: