Thursday, August 5, 2010

ဟာသ(၅၁)

မျက်မှန်ဆန်း

မျက်မှန်ဆိုင်တွင်ဖြစ်သည်။
လူတစ်ယောက်သည် ဒေါ်လာ ၁ဝဝဝ- မျက်မှန် တစ်ခုကို မြင်လိုက်ရာ
အထူးစိတ်ဝင်စားသွားသည်။ သို့ဖြင့် မျက်မှန်ကို တောင်းကြည့်သည်။ ထို့နောက်
တပ်ကြည့်လိုက်သည်။ ထိုအခါ မိမိပတ်ဝန်းကျင်မှ လူအားလုံး
အဝတ်အစားကင်းနေကြသည်ကို ¤င်းအံ့သြစွာ တွေ့လိုက်ရသည်။
ဆန်းပြားလှသဖြင့် ဈေးပင်ကြီးသော်လည်း ထိုမျက်မှန်ကို ¤င်းဝယ်လိုက်သည်။
မျက်မှန်ကို တပ်ကာ ¤င်းအိမ်သို့ ကတိုက်ကရိုက် ပြန်ပြေးသွားသည်။ အခန်းထဲသို့
ဝင်လိုက်သောအခါ မိမိ၏ဇနီးနှင့် မိမိ၏ အချစ်ဆုံး သူငယ်ချင်းတို့ မည်သူမျှ
အဝတ်မပါပဲ ဆိုဖာပေါ်တွင် ထိုင်နေကြသည်ကို တွေ့လိုက်ရသည်။
မျက်မှန်ကြောင့်ဖြစ်မှာပဲဟု တွေးမိကာ မျက်မှန်ကို ချွတ်လိုက်သည်။
သို့သော်လည်း ဇနီးနှင့် သူငယ်ချင်းတို့ အဝတ်မပါဘဲ ထိုင်နေဆဲ ဖြစ်သည်ကို
တွေ့ရသည်။ နောက်တစ်ခါ မျက်မှန်ကို တပ်ကြည့်ပြန်သည်။ မြင်းကွင်းမှာ
ယခင်ကအတိုင်း ဖြစ်နေလေသည်။
"ဒီလိုဖြစ်မယ် ထင်သားပဲ" ဟု မကျေမချမ်းနှင့် ၄င်း ညည်းတွားလိုက်သည်။
"မင်းတို့ပဲ စဉ်းစားကြည့် ၊ လွန်ခဲ့တဲ့ မိနစ် ၂ဝ- ကပဲ ဒီမျက်မှန်ကို ဈေးကြီးပေးပြီး
ဝယ်ခဲ့တယ်။ အခု ပျက်သွားပြီ"
ဟု ဆိုဖာပေါ်ထိုင်နေသူတို့ကို လှမ်းပြောလိုက်သည်။
တော်သေးတာပေါ့

ဟိုတယ်တွင်ဖြစ်သည်။ မိမိဘေးကုတင်တွင် အိပ်နေသော ဂျွန်ကို ဂျက်က
လှုပ်နိုးသည်။
"ဟေ့ကောင် ထ။ ခေါင်းအုံးပေါ် ခြေထောက်တင်ပြီး မင်းအိပ်နေပါလားကွ"
"ဟုတ်လား၊ ဒီလိုဆို တော်သေးတာပေါ့။ တစ်ညလုံး ငါ ခေါင်းကိုယ်တယ်လို့
ထင်နေတာကွ။ အခုတော့ ခေါင်းမဟုတ်ဘဲ ခြေထောက်ကိုက်တာကိုး"



မမှန်မကန် သက်သေထွက်ဆိုမှ

တရားရုံးတွင်ဖြစ်သည်။
"တရားခံပြသက်သေ၊ မမှန်မကန် သက်သေထွက်ရင် ခင်ဗျားကို ဘာက
စောင့်ကြိုနေမယ်ဆိုတာ သိတယ်နော်"
"သိပါတယ်။ အက်စ်အီးတစ်စီးရမှာ ဖြစ်ပါတယ်"



ခေါင်းကောင်းရင် အထောင်းခံရသက်သာတယ်

နိုင်ငံစုံ တပ်ဖွဲ့တစ်ခုတွင် ဖြစ်သည်။ အထက်အမိန့် မနာခံမှုဖြင့် အီတလီစစ်သား၊
ပိုလန်စစ်သားနှင့် အစ္စရေး(ဂျူး) စစ်သားသုံးဦးကို ကြိမ်ဒဏ်ခက်ရန် တပ်ခွဲမှူးက
ဆုံးဖြတ်လိုက်သည်။
"ကျွန်တော့ကို သိတ်ရက်စက်တယ်လို့ မယူဆကြနဲ့။ ခင်ဗျားတို့ကို ကြိမ်လုံးနဲ့
မရိုက်ခင် ကိုယ့်ကျောကို ကြိုက်တာနဲ့ ကာကွယ်ခွင့် ပြုမယ်"
အီတလီစစ်သားသည် မိမိ၏ ကျောကို သံလွင်ဆီနှင့် လိမ်းလိုက်သည်။
တကယ်ရိုက်သောအခါ အထွေအထူး နာကျင်ခြင်း မဖြစ်ချေ။
ပိုလန်စစ်သားအလှည့်သို့ ရောက်သည်။
"ဗိုလ်ကြီးခင်ဗျား၊ ကျွန်တော်က ကျွဲလို မာတဲ့အကောင်၊ ဒါကြောင့် ဘယ်လိုပဲ
ရိုက်ရိုက်ဂရုမစိုက်ပါဘူး"
သို့ဖြင့် ၄င်းအား ကြိမ်လုံးနှင့် အကြိမ်ကြိမ်ရိုက်သည်။ ပြီးသောအခါ
ပိုလန်စစ်သားသည် ဘာမှမဖြစ်သလို ထထိုင်လိုက်သည်။
ဂျူးအလှည့် ရောက်လာသည်။
"ကိုင်း၊ မင်းရဲ့ကျောကို ဘာနဲ့ ကာကွယ်မလဲ"
"ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်ရဲ့ ကျောပေါ်မှာ ဟိုပိုလန်စစ်သားကို
တင်ထားပေးပါခင်ဗျာ"



သေရွာသွားလဲ အတူတူ

ဂျူးလူမျိုး သန်းကြွယ်သူဋ္ဌေးကွယ်လွန်သွားရာ မိမိပိုင်ငွေများ အားလုံးကို မိမိ၏
ခေါင်းထဲထည့်ကာ မြှပ်ရန် သေတမ်းစာ ရေးထားခဲ့သည့် အတိုင်း ဆွေမျိုးများက
၎င်းပိုင်ငွေများကို အခေါင်းထဲ ထည့်သည်။ ငွေစက္ကူများလွန်းသဖြင့် အခေါင်းထဲသို့
မည်သို့မျှ မထည့်နိုင်ဘဲ ဖြစ်နေသည်။ ဤတွင် လမ်းလျှောက်လာသော ရဟူဒီ
တရားဟောဆရာက အကြောင်းရင်းကို မေးသည်။ ရှင်းပြသည်ကို
နားထောင်ပြီးသောအခါ ၄င်းက အောက်ပါအတိုင်း အကြံပေးသည်။
"ခင်ဗျားတို့တတွေ ဘာဖြစ်လို့ ဒီလောက်တောင် ဒုက္ခခံနေကြတာလဲ။ သူ့ကို
ချက်လက်မှတ် ရေးပေးလိုက်ရင် ပြီးတာတဲ့ ဥစ္စာ" ဟူ၍ဖြစ်သည်။



အရက်သစ်

ဒီဂရီ ၂ဝဝ- အထိပြင်းသော အရက်တစ်မျိုးကို တည်ထွင်လိုက်ပြီးနောက်
မြည်းသောက်ကြည့်ရန် အင်္ဂလိပ်လူမျိုးတစ်ဦးကို တစ်ခွက်ပေးလိုက်သည်။
သောက်ပြီး ချက်ချင်း အင်္ဂလိပ်သေသွားသည်။ ပြစ်သစ်လူမျိုးကို စမ်းသောက်ရန်
ပေးလိုက်ကြပြန်သည်။ ပြစ်သစ်လည်း တစ်မိနစ်သာ ခံသည်။ ထို့နောက်
ရုရှားကြီးတစ်ဦးကို စမ်းသောက်ခိုင်းသည်။ အရက် အပြည့်ထည့်ထားသော
ပုဂံလုံးကို ရုရှားကြီး တစ်ကြိုက်ထဲ မော့ချလိုက်သည်။ နှုတ်ခမ်းကို လက်ဖြင့်
၎င်းသပ်လိုက်ပြီး မကျေမချမ်း ပြောသည်။
"တောက် မိုက်ရိုင်းလိုက်တဲ့ကောင်တွေ၊ အသစ်ထွင်ကာစ ရှိသေးတယ်၊
ရေရောလိုက်ကြပြန်ပြီ"



မသိတာချင်း အတူတူ

ကျောင်းဆရာမက ကျောင်းသားကို မေးသည်။
"ဆိုကြပါစို့။ ငါက မင်းအဖေကို ရူဘယ်ငွေ တစ်ထောင် ချေးလိုက်တယ်။
တစ်လကို ရူဘယ် ၁ဝဝ ပြန်ဆပ်မယ်လို့ သူ ကတိပေးတယ်။ ခြောက်လ
ကြာတဲ့အခါမှာ သူငါ့ကို ဘယ်လောက်ပေးစရာ ကျန်မယ် ထင်သလဲ"
"ရူဘယ်တစ်ထောင်ပါ"
"ဟေ့ မင်းဟာ ရှစ်တန်းရောက်နေတာတောင် သင်္ချာရဲ့ အခြေခံတွေကို
မသိသေးပါလား"
"ဆရာလဲ ကျွန်တော့အဖေ အကြောင်းကို မသိပါဘူး"



ထူးခြားတဲ့ လင်မယား

"ကျွန်မတို့ အိမ်ထောင်သက် ဆယ်နှစ်ရှိပြီ။ တစ်ခါတည်းပဲ နှစ်ယောက်အတူတူ
အိမ်ထဲက အိမ်ပြင်ထွက်ဖူးတယ်"
"ရုပ်ရှင် သွားကြည့်တာလား"
"မဟုတ်ဘူး။ အိမ်ကို မီးလောင်လို့"



အတွေ့အကြုံရှိပြီးသား

တတိယတန်း 'အေ' မှ ချာတိတ်များက တတိယတန်း 'ဘီ'မှ
ချာတိတ်မကလေးများထံ စာရေးသည်။
"ဒီနေ့ ညနေ ကျောင်းဆင်းရင် ပန်းခြံဘက်လာခဲ့ နမ်းတမ်းကစားရအောင်"
ချာတိတ်မများက စာပြန်သည်။
"ဒီအတွက် သက်သက်ဆိုရင် ပထမတန်း 'အေ' ဆီ စာရေးပါ"



ဆံပင် ညှပ်ချင်တယ်

ချူချာ ဆံပင်ညှပ်ဆိုင်သို့ ဝင်လာသည်။ ဆံပင်ညှပ်သမားက မေးသည်။
"ကတုံး တုံးပေးရမှာလား။ ဒါမှမဟုတ် ဘိုကေ ညှပ်မှာလား"
"ကတုံးတုံးပေးဗျာ"
ပြီးလုခါနီးတွင် မိမိ၏ခေါင်းကို မှန်ထဲ ကြည့်ကာ ချူချာက ပြောသည်။
"ကတုံးက ကြည့်မကောင်းဘူး။ ဘိုကေ ပြန်ညှပ်ပေးဗျာ"

Read More »

No comments: