Tuesday, October 12, 2010

ဟာသ(၅၉)

ရေနစ်သူများ သိစေရန်

အိုဒက်ဆာမြို့၊ ပင်လယ်ကမ်းစပ် ရေကူးဆိုင်တွင် အသံချဲ့စက်ဖြင့်
အောက်ပါအတိုင်း ကြေငြာသည်။
"လေးစားအပ်သော ရေနစ်သူများခင်ဗျား။ ယူကရိန်းဘာသာကို နိုင်ငံတော်
ဘာသာဖြင့် သတ်မှတ်လိုက်ပြီး ဖြစ်ပါ၍ အခြားဘာသာစကားဖြင့်
အကူအညီတောင်းခြင်းအပေါ် မည်သို့မျှ တုန်ပြန်မည် မဟုတ်ပါ"




လွတ်လပ်သော ဖန်တီးမှု

အမျိုးသမီးတစ်ဦးက စာရေးဆရာကြီး ဘားနတ်ရှောကို မေးသည်။
"ဘုရားသခင်က ယောက်ျားကို အရင်ဖန်ဆင်းတယ်။ ပြီးတော့မှ မိန်းမကို
ဖန်ဆင်းတယ်။ ဘာဖြစ်လို့လဲ"
"ယောက်ျားကို သူဖန်ဆင်းနေတဲ့ အချိန်မှာ မိန်းမက အကြံဥာဏ်အမျိုးမျိုးပေးပြီး
သူ့ကို နှောက်ယှက်မှာ စိုးလို့"



မေမေ ဘယ်မှာလဲ

မိမိ၏ အနီးပတ်ဝန်းကျင်တွင် မိခင်ကို ရှာမတွေ့သောအခါ ၄-နှစ်သား ပီတာသည်
ရဲသားထံ သွားကာ အောက်ပါအတိုင်းမေးသည်။
"ကျွန်တော်မပါဘဲ လျှောက်သွားတဲ့ မိန်းမတစ်ယောက်ကို မတွေ့ဘူးလားခင်ဗျာ"



ခေါင်းနှစ်လုံး

ဂျွန်သည် ရဲတပ်ထဲ ဝင်ရောက် အမှုထမ်းသည်။ တစ်လခန့် ကြာသောအခါ
၎င်းအားအထက်အရာရှိက ခေါ်သည်။
"တာဝန်အရ သွားလာတဲ့အခါ ဘာဖြစ်လို့ ခွေးကို မခေါ်သွားသလဲ"
"ခွေးမပါရင် မဖြစ်ဘူးလာ ခင်ဗျာ"
"ဖြစ်တော့ ဖြစ်တာပေါ့။ ဒါပေမယ့် ခေါင်းတစ်လုံးထက် နှစ်လုံးရှိတော့
ပိုအကြံဥာဏ် ထွက်တာပေါ့ကွာ"



သိပ်တဲ့ လူနှိုး

စာသင်ချိန်တွင် ဖြစ်သည်။ ဆရာမက တပည့်ကို ပြောသည်။
"မောင်နီ၊မင်းဘေးက မောင်နက်ကို နှိုးလိုက်စမ်း"
"ဘာဖြစ်လို့ ကျွန်တော် နှိုးရမှာလဲ။ ဆရာပဲ သူ့ကို အိပ်ပျော်အောင်
လုပ်လိုက်ပြီးတော့"



ဝတ္တုရှည်

စိတ္တဇဆေးရုံတွင် လူနာနှစ်ယောက် စကားပြောနေကြသည်။
"ငါရေးတဲ့ ဝတ္တုအပေါ် မင်းရဲ့ထင်မြင်ချက်ကို ပြောပါအုံးကွ"
"မဆိုးပါဘူး။ ဒါပေမယ့် ဇာတ်ကောင်များလွန်းတယ်ကွ"
ဤအချိန်တွင် သူနာပြုဆရာမ၏ အော်သံကို ကြားကြရသည်။
"တယ်လီဖုန်း ဒိုင်ယာရီစာအုပ်ကို ဘယ်သူ ယူသွားသလဲ၊ ပြန်လာပေးပါ"




နွေရောက်ပြီလား

အဖိုးတန် သိုးသာရေဖြင့် ချုပ်ထားသော ဆောင်းဝတ်ရုံကို ဝတ်ကာ ချူချာ
ဓာတ်လှေကားထဲ ဝင်ရန်ပြင်သည်။ ဤအချိန်တွင် လုယက်သူနှစ်ဦး
၎င်းအနားရောက်လာသည်။
"ဟေ့၊ ဝတ်စုံကို ချွတ်လိုက်စမ်း"
"ဘာလဲ၊ နွေရောက်ပြီလားဟင်"



ပုံဆွဲ ဆရာမ

ဆရာမပေါက်စသည် စာသင်ခန်းသို့ ပထမဆုံးအကြိမ် ဝင်လာသည်။
"ကလေးတို့ရေ၊ ဒီကနေ့ ရုပ်ပုံတွေ အကူအညီနဲ့ တို့တစ်တွေ စာသင်ကြမယ်နော်၊
ကိုင်း ဟောဒီပုံဟာ ဘာလဲကွယ်"
ဟု ပြောကာ ကျောက်သင်ပုန်းပေါ်တွင် ပန်းသီးတစ်လုံးကို ဆွဲပြသည်။
"ဖင်တုံးကြီး" ဟု ကလေးများ ပြိုင်တူ အော်ကြသည်။
ဆရာမကြီး စိတ်ဆိုးကာ ကျောင်းအုပ်ဆရာကြီးကို သွားခေါ်သည်။ မကြာမီ
ဆရာမနှင့် ကျောင်းအုပ်ဆရာကြီးတို့ အတန်းထဲ ဝင်လာသည်။ ဆရာကြီးက
ပြောသည်။
"ကိုင်း တပည်တို့၊ မင်းတို့တစ်တွေ အင်မတန် ဆိုးကြပါလား။ ဟေ့ ဂျော်နီ၊ မင်းရဲ့
အက်ႌေကာ္လာ ညစ္ပတ္လွႀကီးလား။ ပီတာ ၊ မင်းကကော ဘာဖြစ်လို့
ကြယ်သီးမတပ်ပဲ ရင်ဘတ်ကို ဖွင့်ထားရတာလဲ။ အဲ သင်ပုန်းပေါ်မှာ ဖင်တုံးကြီးကို
ဘယ်သူဆွဲထားသလဲ၊ ပြောစမ်း"



ပိုကြားတော့ ပိုသိရတာပေါ့

"အဖိုး၊ အဖိုးရဲ့ နားကို ခွဲစိတ်ကုသလိုက်တယ်လို့ ကျွန်မကြားတယ်။ အခုအဖိုးရဲ့
နား ကောင်းကောင်း ပြန်ကြားရပြီလား"
"ဟုတ်တယ်၊ ကောင်းကောင်း ပြန်ကြားရပြီ"
"ဆွေမျိုးသားချင်တွေ ဝမ်းသာကြမှပဲနော်"
"အဖိုးနားပြန်ကြားရတယ်ဆိုတာ သူတို့ မသိကြသေးဘူး။ ဒါကြောင့် အဖိုးရဲ့
သေတမ်းစာကို ပြန်ပြင်ရေးနေတာ ခြောက်ကြိမ်တောင် ရှိပြီ"



ခုမှပဲ ရှင်းတော့တယ်

အဖွားဖြစ်သူက ရှစ်တန်းကျောင်းသား မိမိ၏ မြေးကိုပြောသည်။
"အဖွားဟာ ပထမ လျှပ်စီး လက်တာကို မြင်တယ်၊ နောက်မှ မိုးခြိမ်းသံကို
ကြားရတယ်၊ ဘာကြောင့်လဲ၊ သိပံ္ပနည်းကျကျ အဖွားကို ရှင်းပြစမ်းကွယ်"
"ရှင်းရှင်းလေပဲ အဖွားရယ်၊ အဖွားရဲ့ မျက်လုံးတွေက အရှေ့မှာ၊ နားက နောက်မှာ
ရှိတယ်လေ"



ပြောကြတာပဲ

"ဧဝဟာ အာဒမ်ကို သစ္စာဖောက်ခဲ့သလား"
"အတိအကျတော့ မသိဘူး၊ ဒါပေမယ့် လူဟာ မျောက်က ဆင်းသက်တယ်လို့
ပြောကြတယ်"



တရုတ်ကလေး

ဖွားသေမှတ်ပုံတင်ရုံးသို့ မိမိ၏ ကလေးကို မှတ်ပုံတင်ရန်အတွက် ချူချာ
ရောက်လာသည်။ ရုံးဝန်ထမ်းက မေးသည်။
"ကလေးဟာ ဘာလူမျိုးလဲ"
"တရုတ်"
"ချူချာ၊ ခင်ဗျားရူးနေသလား၊ အဖေက ချူချာ၊ ကလေးက တရုတ်တဲ့၊
မဖြစ်နိုင်တာပဲ"
"ချူချာ မရူးဘူ။ ကမ္ဘာပေါ်မှာ နောက်မွေးတဲ့ ကလေးသုံးအနက် တစ်ယောက်ဟာ
တရုတ်တဲ့၊ အခု ချူချာသားဟာ တတိယောက်မြောက် ကလေး"




ပြိုင်မြင်း

စိတ္တဇဆေးရုံတွင် ဖြစ်သည်။
"ဒေါက်တာ ကျွန်မ ယောက်ျားကို ကယ်ပါအုံး၊ သူ့ကိုယ်သူ ပြိုင်မြင်းလို့
ယူဆနေတယ်ရှင့်"
"ဒီရောဂါမျိုးဟာ အချိန်ကြာသည်နှင့်အမျှ ပိုက်ဆံလဲ အကုန်အကျ ခံပြီး
ကုရပါတယ်"
"ပိုက်ဆံအတွက်တော့ မပူပါနဲ့ရှင့်၊ ယောက်ျားက ပြိုင်ပွဲ သုံးခုတောင် နိုင်ပြီးပြီရှင့်"




သိရင်ပြောပါတယ်

မနက်သုံးနာရီ အချိန်တွင် သေတ္တာတစ်လုံးကို ဆွဲလာသော လူတစ်ယောက်ကို
ရဲသားမေးသည်။
"ဟေ့၊ ရပ်စမ်း။ သေတ္တာထဲမှာ ဘာပါသလဲ ပြောစမ်း"
"ကျွန်တော်လဲ မသိသေးဘူး ခင်ဗျာ"



ဖောက်သည်ရှာနည်း

တက္ကစီမောင်းသူ သူငယ်ချင်း ဂျင်မီကို ပီတာက ပြောသည်။
"ဟေ့ ဂျင်မီ။ ကားနောက်ခန်း ခြေချတဲ့ နေရာမှ ပိုက်ဆံအိတ်ပါလား"
"ဖောက်သည်နည်းတဲ့ အချိန်မှာ ကားနောက်တံခါးကို ဖွင့်ပြီး ပိုက်ဆံအိတ်
အလွတ်တစ်ခုကို ငါချထားနေကျကွ။ ပိုက်ဆံအိတ်ကို တွေ့တာနဲ့ အနည်းဆုံး
ဘတ်စ်ကားတစ်မှတ်တိုင်လောက်ဖြစ်ဖြစ်၊ စီးချင်ကြတဲ့ လူတွေချည်းပဲ၊
ခဏစောင့်နေ။ မင်းတွေ့လိမ့်မယ်"




ဘွဲ့လက်မှတ်

ဂီတပညာသင်ကျောင်းတက်ရန် ကြက်ဖ လျှောက်လွှာ တင်သည်။ စာကလေးက
ကြက်ဖကို ပြောသည်။
"ခင်ဗျားအနေနဲ့ သင်တန်းတက်စရာ မလိုပါဘူးဗျ၊ ဒီအတိုင်းလဲ ခင်ဗျား အင်မတန်
အဆိုကောင်းတာဘဲ ဥစ္စာ"
"ကြက်မတွေက ဒီပလိုမာ မရှိရင် လက်မခံဘူး ပြောလို့ပါ"



အရင်းမဆုံးဘို့ အရေးကြီးတယ်

ချူချာတစ်ယောက် ကံစမ်းမဲပေါက်သည်။ ပေါက်သောဆုမှာ 'ဗေါ်လ်ဂါ'
မော်တော်ကား ဖြစ်သည်။ ကားပေါက်ကြောင်း မိမိအိမ်နီးချင်းကို ကြွားသည်။
အိမ်နီးချင်းက ၄င်းကို အကြံပေးသည်။
"ကိုယ့်လူ၊ ဗေါ်လ်ဂါ ကားထဲမှာ အမည်းရောင်ကားဟာ အလှဆုံးပဲ။ အမဲရောင်
မရရင်တော့ အဖြူရောင်ကို ယူဗျာ"
ဆုထုတ်ရန် ချူချာ မော်စကိုကို တက်သွားသည်။ မကြာမီ ပြန်လာသည်။
အိမ်နီးချင်းက မေးသည်။
"ဘယ်လိုလဲ၊ အဆင်ပြေခဲ့ရဲ့လား"
"အဆင်မပြေဘူး။ အမဲရောင်ကော အဖြူရောင်ပါ မရှိတာနဲ့ ဆုံနေတယ်။ ဒါနဲ့
လတ်မှတ်ဘိုးကို ပြန်တောင်းယူခဲ့တယ်"



မိန်းမကို ဦးစားပေး

မေရီက ခင်ပွန်းသည်ကို ပြောပြနေသည်။
"မနေ့က ဘေးအိမ်က ဂျွန်တို့ လင်မယား ဈေးဝယ်ရာက ပြန်လာကြတယ်၊
တိုက်ထဲအဝင်မှာ မျက်နှာကြက်က အုတ်ခဲ ပြုတ်ကျလို့ ဂျွန်ရဲ့ ခေါင်းတည့်တည့်ကို
မှန်သွားတယ်၊ နောက်က လိုက်လာတဲ့ သူ့မိန်းမကိုတော့ မထိဘူးတဲ့"
"ကောင်းတယ်၊ နောက်ဆိုရင် ဘယ်သွားသွား မိန်းမကို ရှေ့ကထားရတယ် ဆိုတာ
သူ ကောင်းကောင်း သိသွားတော့မယ်"

No comments: