Thursday, November 6, 2008

ဟာသ (၇)


ပဟေဠိအဖြေညှိ…..

အသက် ၉၀ အရွယ် အဘိုးကြီးတစ်ဦးဟာ ဆရာဝန်ထံ ရောက်လာပြီး " အားမရှိသလိုပဲ နေလို့ထိုင်လို့ သိပ်မကောင်းဘူး ဆရာ။ ပြီးတော့ ကျွန်တော့်ရဲ့ ၁၈နှစ်အရွယ် ဇနီးကလည်း ကျွန်တော့်ရဲ့ ကိုယ်ဝန်ကို ဆောင်ထားရတယ် ဆိုတော့ အဲဒါ ဆရာ့အနေနဲ့ ဘယ်လို ထင်သလဲ" ဟုမေးရာ -
ဆရာဝန်မှ အကျပ်ရိုက်သွားပြီး မိနစ် အနည်းငယ်ခန့် စဉ်းစားပြီးနောက် -
"အန်ကယ့်ကို ကျွန်တော် တစ်ခု ပြောပြမယ်" ဟုအစချီ၍ " ကျွန်တော့မှာ အမဲလိုက် ၀ါသနာပါတဲ့ သူငယ်ချင်းတစ်ယောက် ရှိတယ်။ သူက နွေ၊ မိုး၊ ဆောင်း ရာသီမရွေး အမဲလိုက်လေ့ ရှိတယ်။ တစ်နေ့မှာတော့ သူက အလောတစ်ကြီးနဲ့ အမဲလိုက်ဖို့ အသွားမှာ သူ့ရဲ့ထီးနဲ့ အမဲလိုက်တဲ့ သေနတ်နဲ့ မှားပြီး ယူသွားမိတယ်။ ချောင်းငယ်လေး တစ်ခုကို အရောက်မှာ စမ်းချောင်းလေး ဘေးမှာ ထိုင်နေတဲ့ ယုန်လေးတစ်ကောင်ကို သူတွေ့လိုက်တော့ သူရဲ့ထီးကို မြှောက်ချိန်လိုက်ပြီး ပါးစပ်ကနေပြီး " ဒိုင်း..ဒိုင်း " ဆိုပြီး သေနတ်မြည်သံလုပ်ပြီး ပစ်လိုက်တယ် "။ ယုန်လေးလဲ သေသွားခဲ့တယ်။ " အန်ကယ် အဲ့ဒါကို ဘယ်လိုမြင်လဲ " ဟု ပြန်ပြီး မေးခွန်းအထုတ်မှာ အသက် ၉၀ အဘိုးကြီး ပြန်ပြောတာက " တစ်ယောက်ယောက်က ပစ်သတ်လိုက်တာ ဖြစ်မှာပေါ့" ထိုအခါ ဆရာဝန်မှ " ကျွန်တော် ပြောချင်တာလည်း အဲ့ဒါပဲ " ဟူသတဲ့ ....

Ref: www.jokething.com

No comments: