Wednesday, December 3, 2008
ဟာသ (၁၁)
စုံထောက်ဝတ္ထု
စာအုပ်ဆိုင်တွင် ဖြစ်သည်။
“ ကျွန်မကို တစ်ချိန်လုံး သည်းထိတ်ရင်ဖို ဖြစ်ရတဲ့ စုံထောက်ဝတ္ထု စာအုပ် တစ်အုပ် ရွေးပေးပါရှင် ”
“ ဟုတ်ကဲ့၊ ဟောဒီ စာအုပ်ကို ယူသွားပါ။ နောက်ဆုံး စာမျက်နှာကျမှ လူသတ်သမားဟာ အိမ်ဖော်မလေး ဖြစ်ကြောင်း ပေါ်လာတယ်ရှင့်။ ”
ကူညီပါ့မယ်
ဟင်းသီးဟင်းရွက်သည်ကို အဘွားကြီးက ပြောသည်။
“ အာလူး ငါးပိဿာ ၀ယ်မလို့ သမီးရယ်။ ဒါပေမယ့် မသယ်နိုင်မှာ စိုးတယ်ကွယ်။ ”
“ မပူပါနဲ့ အဘွား။ အဘွား သယ်နိုင်အောင် ကျွန်မ ချိန်ပေးလိုက်ပါ့မယ်။ ”
ဒီလောက်နဲ့ပဲ ကျေနပ်ပါ
“ မနေ့က ကျွန်တော် သန်းကြွယ်သူဌေးဖြစ်နည်း စာအုပ်ကို ၀ယ်လိုက်တယ်။
အိမ်ရောက်လို့ ကြည့်လိုက်တော့ စာမျက်နှာ ထက်ဝက်ကို ဆုတ်ဖြဲထားတာ တွေ့ရတယ်။ ”
“ စိတ်မကောင်း မဖြစ်ပါနဲ့။ ငါးသိန်းဆိုတဲ့ ငွေလည်း နည်းလားဗျ ”
ဈေးလျှော့ယူခြင်း
လူငယ်တစ်ယောက် မိမိ အပ်ထားသော ဖိနပ်ကို လာရွေးသည်။
ဖိနပ်ပြင်သမားက ပြောသည်။
“ ပြင်ခ ၂၀၀ ကျပါတယ် ”
“ နည်းလှချည်လား၊ ကျွန်တော် လာအပ်တုန်းက လေးရာ ကျမယ်ဆို ”
“ ခင်ဗျားရဲ့ ဖိနပ်တစ်ဖက် ပျောက်သွားလို့ပါ။ ”
ခေတ်သစ်ဂျင်မီနီ
ယောင်္ကျားကြီးတစ်ယောက် ပုလင်းတစ်လုံးကို တွေ့သည်။ အဖုံးကို ဖွင့်လိုက်သည်။ အထဲမှ ဂျင်မီနီ ထွက်လာသည်။
“ ဟေ့၊ မင်း ဘယ်သူလဲ ”
“ ဂျင်မီနီပါ သခင် ”
“လိုချင်တာ ရအောင် လုပ်ပေးနိုင်တယ် ဆိုတဲ့ ဂျင်မီနီလား ”
“ ဟုတ်ပါတယ် သခင် ”
“ အဲဒါဆို ငါ့ကို နိုင်ငံကူး လက်မှတ် ရအောင် လုပ်ပေး ”
“ ငွေတစ်သိန်း ပေးပါ။ ရပါစေ့မယ် ”
ပိုမတောင်းနဲ့
စကော့တလန်သားက သားဖြစ်သူ တက္ကသိုလ် ကျောင်းသားထံ စာရေးသည်။
“ သား၊ မင်းတောင်းတဲ့ ပိုက်ဆံ စတာလင်ပေါင် ၂၀ စာအိတ်ထဲ ထည့်ပေးလိုက်တယ်။ စကားမစပ် ၂၀ ဆိုတဲ့ ဂဏန်းကို ရေးတဲ့ အခါမှာ သုည တစ်လုံးပဲ ပါရတယ်။ နှစ်လုံး မဟုတ်ဘူး။ အဲဒါ တစ်သက်လုံး မှတ်ထား၊ ကြားလား ”
ဆရာကောင်းထိုက်၏ ဟာသပဒေသာ စာအုပ်မှ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment