အသားထဲက လောက်ထွက်
"လင်မယားတို့၏ သစ္စာဖောက်မှု" အကြောင်း ခေါင်းစဉ်ဖြင့် သင်္ဘောသားတို့ကို
ဟောပြောပွဲ ပြုလုပ်သည်။ လင်မယား အချင်းချင်း သစ္စာဖောက်မှုသည်
မဆန်းကြောင်း၊ ရာခိုင်နှုန်း အရ ပြောလျှင် ရုပ်ရှင်မင်းသား မင်းသမီးများသည်
သစ္စာ အမဲ့ဆုံး ဖြစ်ကြောင်း၊ ဒုတိယ လိုက်သူမှာ အားကစားသမားများ ဖြစ်ကြောင်း၊
တတိယ လိုက်သူမှာ သင်္ဘောသားများ ဖြစ်ကြောင်း ပို့ချသူက ပြောသည်။ ဤတွင်
သင်္ဘောသား တစ်ယောက်က
"ကျွန်တော် သင်္ဘော လိုက်နေတာ နှစ် ၂၀- ရှိပြီ၊ တစ်ခါမှ ကိုယ့်မိန်းမကို သစ္စာ
မဖောက်ဖူးဘူး" ဟု စောဒက တက်သည်။
ထိုအခါ ဘေးမှ သင်္ဘောသား များက
"မင်းလို ကောင်မျိုးကြောင့် ငါ့တိုကတွေ နောက်ဆုံးအဆင့် ရောက်နေတာပေါ့ကွာ"
ဟု မကျေမနပ် ပြောကြသည်။
သဝန်တိုသူ
မိန်းမလုပ်သူသည် ယောကျာ်း အပြင်က ပြန်လာတိုင်း ၄င်း၏ အင်္ကျီကို
စစ်ဆေးလေ့ ရှိသည်။ အင်္ကျီပေါ်တွင် ဆံပင်တစ်ချောင်း တွေ့သည်နှင့်
အခြား မိန်းမနှင့် ပျော်ပါးခဲ့သည်ဟု စွပ်စွဲကာ ဆူဆူညံညံ လုပ်လေ့ရှိသည်။ တစ်နေ့
ယောကျာ်း အပြင်မှ ပြန်လာသည်။ ထုံးစံအတိုင်း ဆံပင် အကြွင်းအကျန် များကို
ရှာသည်။ မတွေ့ချေ။ သို့နှင့် စိတ်ဆိုးမာန်ဆိုးဖြင့်
"ဟင် ရှင် တော်တော် ကမြင်းတယ်၊ ဆံပင် မရှိတဲ့ မိန်းမကိုတောင် မရှောင်ဘူး"
ဟု ပြောလိုက်သည်။
မဖြစ်ဘူး
"ဒေါက်တာ ကျွန်တော် အမြဲတန်း စိတ်အားငယ်သလို ဖြစ်နေတယ်၊
ဘာလုပ်ရမလဲ ဆိုတာ အကြံပေးပါအုံး"
"လွယ်လွယ်လေးပါ၊ အလုပ်ထဲမှာ ခေါင်းမြုပ်ထားလိုက်ပေါ့"
"ဟာ ဒါတော့ မဖြစ်ဘူး၊ ကျွန်တော်က ဘိလပ်မြေဖျော်တဲ့သူ"
နောက်တစ်ယောက်ရှိရအုံးမယ်
စကော့တလန်သား အမူးသမား နှစ်ယောက်ကို ရဲသားက ဖမ်းသည်။ ထို့နောက်
မေးခွန်းမေးသည်။
"တတိယ လူကော"
"ဘယ်က တတိယလူလဲ"
"ခင်ဗျားတို့ သောက်တဲ့ အရက်ဖိုး ချေခဲ့တဲ့ လူလေ"
ဈေးနှုန်း
စာရေးဆရာကြီး ဘားနတ်ရှောသည် လန်ဒန်မှ အထက်တန်းစား အမျိုးသမီး
တစ်ဦးကို ဤသို့ မေးသည်။
ဓပေါင်စတာလင် တစ်သိန်း ရမယ်ဆိုရင် ကိုယ်မနှစ်သက်တဲ့
ယောကျာ်း တစ်ယောက်နဲ့ ခင်ဗျား တစ်ည အတူ အိပ်နိုင်ပါ့မလားဓ
"သိပ် အိပ်တာပေါ့ရှင်"
"တစ်ပေါင်ထဲ ရမယ်ဆိုရင်ကော"
"ရှင်- ကျွန်မကို ဘယ်အစားက အောက်မေ့လို့လဲ"
"ခင်ဗျားကို ကျွန်တော် နားလည်ပါတယ်။ ကျွန်တော်က အနိမ့် ဆုံးဈေးနှုန်းကို
သိချင်လို့ မေးတာပါ"
လူ့ကျင့်ဝတ်
"ခုခေတ်မှာ လူတွေဟာ လိုက်နာအပ်တဲ့ အခြေခံ ကျင့်ဝတ် တွေကိုတောင်
မလိုက်နာကြတော့ပါလား"
"ခင်ဗျား ဘာကို ဆိုလိုတာလဲ"
"ကြည့်လေ၊ ကျုပ်တို့ ခန့်ထားတဲ့ ညစောင့်ဟာ ဂိုဒေါင်ထဲ ပစ္စည်းတွေကို
ညအချိန်မှာတင် မဟုတ်ပဲ၊ နေ့ခင်းမှာပါ ခိုးနေပါပကော"
ဘုရားသခင်မြင်သည်။ သို့သော် ......
ဘာသာရေး တရားဟောဆရာ တစ်ဦးသည် မိမိခြံထဲမှ သီးနှံများကို သူခိုးရန်မှ
ကာကွယ်သော အားဖြင့် တိုင်အမြင့်ကြီးပေါ်တွင် "ဘုရားသခင် အားလုံးမြင်သည်"
ဟူသော စာတမ်းကို ချိတ်ဆွဲထားလိုက်သည်။ နောက်တစ်နေ့၌ စာတမ်း၏
အောက်တွင် " သို့သော် လက်ထောက် မချတက်ပါ " ဟူသော
စာသား ထပ်ဖြည့်ထားသည်ကို တွေ့ရလေသည်။
သိက္ခာစောင့်ထိန်းသူ
"ကိုယ့်သိက္ခာ ကိုယ်တန်ဖိုးထားတဲ့ လူနဲ့ ဆက်ဆံရတာ အင်မတန် စိတ်ချမ်းသာဖို့ ကောင်းတယ်"
"မင်းဘာဖြစ်လို့ ဒီလို ပြောလာတာလဲကွ"
"တစ်နေ့က အင်မတန် လှတဲ့ ခွေးတစ်ကောင်ကို ကောက်ရတယ်။ ဈေးမှာ
သွားရောင်းကြည့်တယ်။ ဘယ်သူမှ ၅-ပေါင်ထက် ပိုမပေးဘူး။ ဒါနဲ့ ခွေးပိုင်ရှင်ဆီ ပြန်အမ်းတယ်။ ဆုကြေးငွေ အဖြစ်နဲ့ သူက ငါ့ကို ပေါင် ၂၀- ပေးလိုက်တယ်လေ"
No comments:
Post a Comment