သဘောတရားရေးသင်တန်း
"ဟေ့ သူငယ်ချင်း၊ ကာလ်းမာက်(စ) ဆိုတဲ့လူကို သိသလား"
"မသိဘူး"
"အဲဒါ ပြောတာပေါ့၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့တိုင်း လုပ်နေကျ သဘောတရားရေး
သင်တန်းကိုသာ မင်း ငါ့နဲ့အတူ လိုက်တက်ခဲ့ရင် သူ့ကို မင်းသိမှာပေါ့"
"မင်းကရော အီဗန်ကို သိသလား"
"မသိဘူး"
"အဲဒါပြောတာပေါ့၊ အကယ်၍သာ ဗုဒ္ဓဟူးနဲ့ သောကြာနေ့တိုင်း
မင်းသင်တန်း သွားမတက်ခဲ့ရင် မင်းမိန်းမဆီ လာနေကျ အီဗန်ကို
မင်းသိမှာပေါ့ကွာ"
ကယ်တင်ရှင်
ဇိမ်ခံသင်္ဘောပေါ်တွင် လိုက်ပါလာသော အပျိုချော တစ်ဦး၏ နေ့စဉ်မှတ်တမ်း။
ပထမနေ့ - အပျံစား သင်္ဘောဖြစ်သည်။ သင်္ဘောယောကျာ်းများ အနက်
သင်္ဘောကပ္ပတိန်သည် အခန့်ဆုံး ဖြစ်သည်။
ဒုတိယနေ့ - ထမင်းခန်းစားတွင် ကပ္ပတိန်နှင့် တစ်စားပွဲတည်း ကျသည်။
တတိယနေ့ - သင်္ဘောကို ကပ္ပတိန် လိုက်ပြသည်။ ချစ်ရေးဆိုသည်။
စတုတ္ထနေ့ - ယနေ့ည သူ့အခန်းထဲ မလာပါက သင်္ဘောကို မှောက်ပစ်မည်ဟု
သူခြိမ်းခြောက်သည်။
ပဉ္စမနေ့ - ခရီးသည် ၃၈၀- ၏ အသက်ကို ကယ်တင်လိုက်သည်။
အပိုဘီး
တစ်နာရီလျှင် ကီလိုမီတာ ၁၆၀ နှုန်း မောင်းနေသော တက္ကစီ ကားပေါ်
ထိုင်လိုက်လာသော သူငယ်ချင်း နှစ်ယောက်အနက် တစ်ယောက်က ပြောသည်။
"ကားမောင်းတာကလဲ မြန်လိုက်တာ၊ ဘီးတွေ ကျွတ်ထွက်ကုန်ရင်တော့ ဒုက္ခပဲ"
ဤတွင် ဒရိုင်ဘာက လှည့်ပြီး။
"စိတ်မပူပါနဲ့ ခင်ဗျာ၊ ကျွန်တော့ ဆီမှာ အပိုဘီးတွေ ပါပါတယ်" ဟု
ပြောလိုက်သည်။
လုပ်ပစ်လိုက်မယ်
အမေရိကန် ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်၊ မြို့ကလေးတစ်မြို့၏
ဘားအတွင်းသို့ ကောင်းဘွိုင်တစ်ယောက် ဝင်လာပြီး ခါးတွင် ချိတ်ထားသော
ခြောက်လုံးပြူံးကို မြင်သာအောင် ပြလျက် ဘားအတွင်းရှိ လူအားလုံး ကြားအောင်
အော်ပြောလိုက်သည်။
"အပြင်က ကျုပ်ရဲ့မြင်းကို ဘယ်.. သားက အစိမ်းရောင် သုတ်သွားသလဲ မသိဘူး၊
အဲဒါ ပြန်ဆေးပေးရင်ပေး၊ မပေးရင် လွန်ခဲ့တဲ့ နှစ် ၅၀- က ကျုပ်ရဲ့ အဖေ လုပ်သလို
လုပ်ပလိုက်မယ်"
ကောင်းဘွိုင်၏ ရုပ်မှာ မိုက်ရူးရဲ့ပုံသဏ္ဍာန် ပေါက်နေသဖြင့် ဘားထဲမှ လူများ
ကြောက်လန့်ပြီး ဆပ်ပြာ သွားယူသူယူ၊ ရေပုံး ရှာသူရှာ၊ ရေခပ်သူ ခပ်လုပ်ကာ
မြင်းကို ဆေကြော သုပ်သင်ပေးကြသည်။ ဆေးပြီးသောအခါ လူတစ်ယောက်က
မရဲတရဲဖြင့် ကောင်းဘွိုင်အား မေးသည်။
"မြင်းကို ရေဆေး မပေးရင် ခင်ဗျား အဖေ ဘာလုပ်သလဲဗျ"
"ဘာလုပ်ရမလဲ၊ မြင်းအသစ် ဝယ်လိုက်တာပေါ့ဗျ"
ကြောက်တယ်
ပုန်းနေသော လူနာတစ်ဦးကို ဆရာဝန်ကြီးက ပြစ်တင်စကားပြောသည်။
"ခင်ဗျား ဘာဖြစ်လို့ ခွဲစိတ်ခန်းထဲက ထွက်ပြေးရတာလဲ"
"ဘာမှ ကြောက်စရာ မလိုဘူး၊ အူအတက်ပေါက်လို့ ခွဲတာများ အလွယ်ဆုံးပဲလို့
သူနာပြု ဆရာမက ပြောလို့ပါ"
"သူ အမှန် ပြောတာပါ"
"ဟုတ်ပါလိမ့်မယ်၊ ဒါပေမယ့် အဲဒီ စကားကို ခွဲစိတ်ဓားတွေ ကိုင်ထားတဲ
ဟိုအနားက ဆရာဝန်လေးကို ပြောလို့ပါ"
မတရားဘူး
မိမိအိမ်သို့ လာခိုးသော သူခိုးကို အိမ်ရှင်က လက်ပူးလက်ကြပ် မိသည်။
"ဟေ့ကောင်၊ မင်းလက်ထဲ၊ အိပ်ထဲက ရှိသမျှ အကုန်ပြန်ထုတ်"
"ဒါတော့ မတရားဘူး ခင်ဗျာ၊ ပစ္စည်း ထက်ဝက်ကျော်ကို တခြားအိမ်တွေက
ကျွန်တော် ခိုးခဲ့တာပါ ခင်ဗျ"
ဧည့်သည်မဟုတ်ရင်ပြီးရော
ရွာတစ်ရွာတွင် သူကြီးလင်မယား၏ ၂၅-နှစ်မြောက် မင်္ဂလာနေ့ကို ကျင်းပရာ
သူကြီးလင်မယားက တစ်ရွာလုံးကို ဖိတ်သည်။ သူကြီး၏ အိမ်သို့ တစ်ပတ်တိတိ
ဧည့်သည်မစဲ၊ ဧည့်ဟောင်းပြန်၊ ဧည့်သစ်လာဖြင့် အိမ်တွင် လူစည်ကားနေခဲ့သည်။
ဧည့်သည်များကို သူကြီး လင်မယားက ပျူပျူငှာငှာ ကြိုဆိုဧည့်ခံသည်။ နောက်ဆုံး
ဧည့်သည်တစ်ယောက်မှ မကျန်တော့သည့် အချိန်တွင် လင်မယားနှစ်ယောက်လည်း
ဖတ်ဖတ်မော ဖြစ်ကာ အသေကောင်ကဲ့သို့ အိပ်မောကျသွားသည်။ ညဥ့်လယ်သို့
ရောက်သောအခါ မယားလုပ်သူ ရုတ်တရက် နိုးလာပြီး ယောကျာ်းဖြစ်သူကို
အတင်းနှိုးသည်။
"ကိုရင် ထစမ်းပါ။ အိမ်ထဲမှာ သူခိုးဝင်တယ်ထင်တယ်၊ ရှပ်ရှပ် ရှပ်ရှပ်နဲ့ အသံတွေ
ကြားတယ်"
သူကြီးသည် တစ်ဖက်သို့ စောင်းအိပ်လိုက်ပြီး အိပ်ချင်မူးတူးအသံဖြင့်
ဇနီးသည်အား ပြောသည်။
"အိပ်မှာဖြင့် အိပ်စမ်းပါဟာ၊ သူခိုးလဲ ဘာဖြစ်သေးလဲ၊ ဧည့်သည်မဟုတ်ရင်
ပြီးရော"
မေ့တက်သူ
သတိမေ့တက်သူ ပါမောက္ခကြီးက သူ၏ဇနီးအား ပြောပြနေသည်။
"ဒီနေ့ ငါ့ ပိုက်ဆံအိတ်ကို ခါးပိုက်နိုက် နှိုက်သွားတယ်"
"ရှင့်အိပ်ထဲကို လက်ဝင်လာတာ ရှင်မသိတာများ အံ့ရော"
"လက်ရောက်လာတာကို ငါသိလိုက်ပါတယ်။ ဒါပေမယ့် အဲဒီလက်ဟာ
ငါ့လက်ပဲလို့ ထင်လို့"
အလီဘိုင်
"ဟဲလို၊ ဘော်ဘီလား၊ မင်းကို ပုလိပ်တွေ လိုက်ရှာနေတယ်၊ ဆီနိတ်တာ အမတ်
မစ္စတာဂရင်းကို မင်းသတ်တယ်လို့ သူတို့ သင်္ကာမကင်း ဖြစ်နေတယ်။
မင်းသတ်တာ မဟုတ်ကြောင်း အကြောင်းပြစရာ မင်းဆီမှာ ရှိသလား"
"သိပ်ရှိတာပေါ့၊ အဲဒီတုန်းက တရားဟောဆရာ မစ္စတာဘရောင်းကို
ငါလုပ်ကြံနေတဲ့ဥစ္စာပဲဟာ"
No comments:
Post a Comment