နောက်ကျရင် သိရမှာပဲ
"ဟေ့ဂျွန်၊ ကယ်ပါ ယူပါ ဆိုပြီး၊ အသံကုန် ဟစ်နေသံကို မင်းကြားတယ်
မဟုတ်လား။ ဘာဖြစ်သလဲဆိုတာ သိရအောင် သွားကြည့်ရင် ကောင်းမယ်
ထင်တယ်"
"ဘာသွားစရာလိုသလဲကွ၊ မနက်ဖြန် သတင်းစာထဲမှာ ပါလာမဲ့ ဥစ္စာ"
အရက်ကြောင့်ပဲ
"ဒေါက်တာ၊ ကျွန်တော့်ရဲ့ အူကျ (ဟာနီးယား) ရောဂါဟာ
အရက်ကြောင့်ပဲလားဟင်"
"ဖြစ်နိုင်တယ်၊ ပုလင်းလွတ်တွေကို ခင်ဗျား သွားပြန်ရောင်းတဲ့အခါမှာ
အလေးအပင်ကို ဆွဲမိသလို ဖြစ်သွားတာကိုးဗျ"
ရိုက်သင့်တယ်
တရားသူကြီးက မေးသည်။
"ခင်ဗျားလို လူကြီးလူကောင်းတစ်ဦးက ကိုယ့်မိန်းမကို ကိုယ်ထိလက်ရောက်
ထိုးကြိတ်ရိုက်နှက်တယ်ဆိုတာ ကျွန်တော့ အနေနဲ့ မယုံနိုင်အောင် ဖြစ်နေတယ်"
"တစ်ချိန်လုံး သူက ကျွန်တော့ကို ဆူဆဲနေတော့ တစ်ချိန်မှာ ပေါက်ကွဲပြီး
ထိုးကြိတ်မိတာပါ"
"သူက ခင်ဗျားကို ဘယ်လို ပြောလို့လဲ"
"ရှင်၊ ကျွန်မကို ရိုက်ရဲရင် ရိုက်စမ်း၊ ရှင့်ကို ကျွန်မ လုံးဝ မကြောက်ဘူး။
လက်တစ်ချက် ရောက်တယ်ဆိုတာနဲ့ နင့်ကို သင်းချိုင်းဘက်
ခြေတစ်ဘက်နင်းနေတဲ့ ဟိုတရားသူကြီး အစုပ်ပလုပ်ဆီ ငါ့ဆွဲခေါ်သွားမယ်လို့
ပြောတယ်"
"အမှုကို ပိတ်လိုက်တယ်"
ကြောင်လမ်းပြ
"အိမ်က ကြောင်ကို သွားပစ်လိုက်လို့ မိန်းမက ပြောလို့ တစ်နေ့က
တောထဲသွားပစ်ခဲ့တယ်"
"အိမ်ကို ကြောင်မပြန်လာဘူး မဟုတ်လား"
"ပြန်မလာဘူး၊ ဟုတ်လား၊ သူ့နောက်ကိုသာ ကျွန်တော် မလိုက်ခဲ့ရင် ကျုပ်တောင်
အိမ်ပြန်ရောက်မှာ မဟုတ်ဘူး၊ ပြန်လမ်းကို ကျုပ် မမှတ်မိဘူးလေ"
ပေါ်ခဲ့သော ဆန္ဒ
နှစ် ၅၀ မြောက် မင်္ဂလာနေ့ပွဲကို အာမေးနီးယား အဖိုးကြီးနှင့် အဖွားကြီးတို့
ကျင်းပသည်။ မြေးများက ဤသို့ မေးသည်။
"အဖိုး၊ အဖိုးနဲ့ အဖွား ဒီလောက် ကြာကြာ အတူ နေနေခဲ့ကြတာ တစ်ခါတစ်လေမှ
ကွာရှင်း ပြတ်စဲချင်တဲ့စိတ်မပေါ်ခဲ့ဖူးဘူးလားဟင်"
"ကွာရှင်း ပြတ်စဲဖို့ ဟုတ်လား။ အဲဒီစိတ်တော့ မပေါ်ဖူးဘူး၊ ဒါပေမယ့် မင်းတို့
အဖွားကို လည်လှီးသတ်ချင်တဲ့ ဆန္ဒတော့ ခဏခဏ ပေါ်မိတယ်"
အမှာစာ
ကုမ္ပဏီပိုင်ရှင် အဖိုးကြီးသည် မိမိ၏ အရိုက်အရာကို ဆက်ခံမည် သားအား
အခန်းထဲခေါ်ကာ စာအိပ်သုံးခုပေးသည်။
"ငါ့အစား မင်း ကုမ္ပဏီ ပိုင်ရှင် ဖြစ်လာတဲ့အခါမှာ မင်းရဲ့အမြင်အရ ဘယ်လိုမှ
ဖြေရှင်းလို့ မရတဲ့ ပြဿနာတွေ ပေါ်လာခဲ့ရင် စာအိပ်တွေကို အမှတ်စဉ်အရ
ဖွင့်ပါ" ဟု ၄င်းက မှာကြားသည်။ မကြာမီ အဖိုးကြီး ကွယ်လွန်ပြီး သားဖြစ်သူ
ကုမ္ပဏီပိုင်ရှင် ဖြစ်လာသည်။ သားလက်ထက် ရောက်မှ ပြဿနာတွေ တစ်ခုပြီး
တစ်ခု ပေါ်ပေါက်လာသည်။ ဖြေရှင်းလို့ မရသဖြင့် ပိုင်ရှင်သစ်သည်
ပထမဆုံး စာအိပ်ကို ဖွင့်လိုက်သည်။
"မိမိ၏ လက်ထောက်ကို အပြစ်ဖို့ပါ" ဟူသော စာတမ်းကို ၄င်း တွေ့ရသည်။
အချိန်အတန် ကြာသွားသည်။ ဒုတိယ စာအိပ်ကို ဖွင့်ရမည့် အခြေအနေ
ဖြစ်လာသည်။ သို့ဖြင့် ဖွင့်လိုက်ရာ "အရန်ဖယ်ထားသော ငွေတွေကို ထုတ်ပြီး
လုပ်ငန်းကို အခြေခံ က စပြီး ပြောင်းလဲ ဖွဲ့စည်းလိုက်ပါ" ဟု ၄င်း ဖတ်ရသည်။
ဤအတိုင်း လုပ်သော်လည်း အခြေအနေမှာ ပိုမို ဆိုးရွားလာခဲ့သည်။ သို့ဖြင့်
နောက်ဆုံး စာအိပ်ကို ဖွင့်လိုက်ရသည်။ အထဲတွင် ရေးထားသည်ကား
"စာအိပ်သုံးအိပ်ကို မင်းပြင်ပေတော့" ဟူ၍ဖြစ်လေသည်။
တာဝန်မကျေတဲ့သား
တောရွာတစ်ရွာရှိ ပျံကျလုပ်သားကြီးတစ်ဦး၏ အိမ်ရှေ့သို့ အကောင်းစား
ကားတစ်စီး ထိုးဆိုက်လာကာ ကားထဲမှ သားနားစွာ ဝတ်စားထားသော
လူငယ်တစ်ယောက်ထွက်လာသည်။ အိမ်ရှေ့တွင် ထင်းပေါက်နေသော လူကြီးဆီ
၎င်း လျှောက်လာပြီး ပြောသည်။
"အဖေ၊ ကျွန်တော့ကို မမှတ်မိဘူးလား၊ ကျွန်တော် မောင်တိုးလေး၊ လွန်ခဲတဲ့
ဆယ်နှစ်က မြို့ထဲတက်ပြီး ဆေးပေါလိပ်သွားဝယ်ချေလို့ အဖေကျွန်တော့ကို
ခိုင်းလိုက်တယ်လေ။ ကျွန်တော် မြို့မှာပဲ နေလိုက်ပြီး အလုပ်လုပ်ရင်း
စာသင်တယ်။ အလုပ်ကောင်းရတယ်။ သူဋ္ဌေးသမီးတစ်ယောက်ကို
လက်ထပ်လိုက်တယ်။ အခု ကျွန်တော့မှာ ကိုယ်ပိုင်အိမ်နဲ့ ကိုယ်ပိုင်ကားနဲ့
ဖြစ်နေပြီခင်ဗျ"
"အေး ဝမ်းသာတယ် သားရယ်၊ ဒါနဲ့ ငါမှာတဲ့ ဆေးပေါ့လိပ်ပါလာသလား"
အလွယ်ကလေးပဲ
"အဝတ်အစားမပါပဲနဲ့ ရှင်ကျွန်မရဲ့ ပုံတူကို ဆွဲပေးနိုင်မလား" ဟု ပန်းချီပြခန်းသို့
ဝင်လာသော အမျိုးသမီးက ပန်းချီဆရာကို မေးသည်။
"သိပ်လွယ်တာပေါ့ဗျာ" ဟု ပန်းချီဆရာက ပြောကာ မိမိ့ကိုယ်ပေါ်မှ
အဝတ်အစားများကို ဝမ်းသာအားရ ချွတ်ချလိုက်သည်။
အချိန်မရွေး သေနိုင်တယ် ဆိုလို့
အင်္ဂလိပ်လူမျိုးတစ်ယောက်နှင့် စကော့တလန်သား တစ်ယောက်တို့
အိပ်ခန်းတစ်ခန်းထဲကျကာ ရထားစီးလာကြသည်။ တစ်ဘူတာ ရောက်တိုင်း
စကော့တလန်သားသည် တစ်နေရာသို့ ထွက်သွားကာ ရထားပြန်မထွက်မီ
အပြေးအလွှား ပြန်ရောက်လာသည်။ အကြိမ်များလာသည်နှင့် အင်္ဂလိပ် စပ်စုသည်။
"တစ်ချိန်လုံး မိတ်ဆွေ ဘယ်ကို ပြေးသွားနေတာတုန်းဗျ"
"ဒီခရီးကို မထွက်ခင် ကျွန်တော် နှလုံးရောဂါ အထူးကုဆရာဝန်ဆီ ရောက်ခဲ့တယ်။
သူကျွန်တော့ရဲ့ ရောဂါ အခြေအနေ မကောင်းလှဘူး။ အချိန်မရွေး သေနိုင်တယ်လို့
ပြောတယ်။ ဒါကြောင့် ကျွန်တော် နောက်တစ်ဘူတာ အထိပဲ
လက်မှတ်ဝယ်တယ်လေ"
အဖိုးတွက်
စားသောက်ဆိုင်တစ်ခုက ထူးဆန်းသော ကြေငြာစ်ခု ထည့်သည်။
ယနေ့ ကြွရောက်သုံးဆောင်သူများ အတွက် ကျသင့်ငွေကို ゞင်းတို့၏ မြေးများက
ပေးချေမည်ဟူ၍ ဖြစ်သည်။ ဤကြော်ငြာအရ ပထမဆုံး ရောက်လာသော
ပုဂ္ဂိုလ်သည် ကောင်းပေ့ ဟင်းလျာများနှင့် ဈေးကြီးပေ့ ဆိုသော အရက်များကို
မှာယူစားသောက်သည်။ စားပြီးချိန်တွင် စားပွဲထိုးက ၄င်းအနားရောက်လာကာ
ကျသင့်ငွေ ပြေစာကို ထိုးပေးကာ ပိုက်ဆံတောင်းသည်။
"ဘယ်လိုလဲဗျ၊ ဒီနေ့ လာ စားသောက် သူတွေ အားလုံးအတွက် သူတို့
မြေးတွေကပဲ ပေးချေရမယ်ဆို"
"ဟုတ်ပါတယ်၊ အခု လူကြီးမင်းဟာ လူကြီးမင်းရဲ့ အဖိုးအတွက် ပေးချေရမှာ
ဖြစ်ပါတယ်။ အခုပေးတဲ့ ပြေစာဟာ လူကြီးမင်းရဲ့ အဖိုးရဲ့ ပြေစာ ဖြစ်ပါတယ်"
No comments:
Post a Comment