သူဌေး။ ။ မင်းကို ဘယ်မှာမွေးတာလဲ။
ဆဒါး။ ။ အိနိယမှာပါ။
သူဌေး။ ။ (အိနိယ) ဘယ်အပိုင်းလဲ။
ဆဒါး။ ။ ဘယ်အပိုင်းရမှာလဲ။ တစ်ကိုယ်လုံးကို မွေးတာပေါ့ဗျ။
******************************
ဆဒါးနှစ်ယောက် ကားတစ်စီးတွင် ဗုံးထောင်နေသည်။
ဆဒါး 1။ ။ ဟေ့ကောင် မင်းထောင်နေတုန်း ဗုံးကွဲသွားရင် ဘယ်လိုလုပ်မလဲ။
ဆဒါး2။ ။ ဘာမှ မပူနဲ့။ ငါ့မှာ အပိုရှိတယ်။
******************************
ဆဒါး။ ။ ခင်ဗျားကားက ဘာအမျိုးအစားလဲဗျ။
အမျိုးသမီး။ ။ ကျွန်မလည်း မမှတ်မိဘူးရှင့်။ "T" " တီး " နဲ့ စတာပဲ။
ဆဒါး။ ။ ထူးထူးဆန်းဆန်းကား ပါလား။ ကျွန်တော်ကြားဖူးတာတော့ ဘယ်ကားမဆို ဓာတ်ဆီနဲ့ပဲ စရတာပါပဲ။
******************************
ဆဒါးတစ်ယောက် အလုပ်သစ်တစ်ခု ရလိုက်သည်။
ပထမဆုံးနေ့တွင် ဆဒါး ညနေအတော်စောင်းသည်အထိ ကွန်ပျူတာတစ်လုံးနှင့် အလုပ်ရှုပ်နေသည်။
သူဌေးက ကျေနပ်စွာဖြင့် ဘာတွေကိုများ နေစောင်းအောင် ကြိုးစားလုပ်နေတာလဲလို့ မေးရာ ဆဒါးက
' keyboard မှာ စာလုံးတွေက အစဉ်အတိုင်း အစီအစဉ်တကျ မရှိလို့ဗျ။ ကျွန်တော် keyboard ကို ပြင်နေရတာပါ " တဲ့ /
******************************
ပြတိုက်မှူး။ ။ ခင်ဗျားခွဲလိုက်တဲ့ ပန်းအိုးဟာ သက်တမ်း နှစ် 500 ရှိသွားပြီဗျ။
ဆဒါး။ ။ ဟူးးးးးးးးးးးး။ တော်ပါသေးရဲ့။ ကျွန်တော်က အသစ်ကြီး မှတ်ပြီး လန့်နေတာဗျ။
******************************
ကားမတော်တဆမှုတစ်ခုဖြစ်ပွားရာ လူတစ်ဦးက သူ၏ လက်တစ်ဖက် ပြက်သွားသဖြင့် အော်ဟစ် ငိုယိုနေရာ ဆဒါး ရောက်လာပြီး၊ ပြေရာ ပြေကြောင်း ချော့မော့နေသည်။ စိတ်ကို ထိန်းပါဗျာ။ ခင်ဗျားက လက်တစ်ဖက်တည်း ပြက်တာငိုနေတယ်။ ဟိုလူဆိုကြည့် ခေါင်းတစ်ခုလုံး ပြက်သွားတာတောင် မငိုဘူး။
******************************
အင်တာဗျူးတစ်ခုတွင်
မေးမြန်းသူ။ ။ လျှပ်စစ်မော်တာတစ်ခု ဘယ်လိုလည်ပါသလဲ။
ဆဒါး ။ ။ ဒီးးးးးးးးးးးးး ဒါးးးးးးးးးးးးးးးးး ဒီးးးးးးးးးးးးးးးးးးးးးး ဒါးးးးးးးးးးးးးးးး
မေးမြန်းသူ။ ။ ရပ်စမ်း။
ဆဒါး။ ။ ဒီးးးး ဒါးးးးးးးးး ဒပ်းးးး ဒပ် ဒပ်။
******************************
ဆဒါး။ ။ ခင်ဗျား ကျွန်တော့်ကို လိမ်ရောင်းတယ်။
ဆိုင်ရှင်။ ။ ကျွန်တော် မလိမ်ပါဘူးဗျာ။ ကျွန်တော့် ပစည်းက အစစ်ပါ။
ဆဒါး။ ။ ဒီမှာကြည့် ခင်ဗျား ရေဒီယိုမှာ ဂျပန်ပြည်တွင် လုပ်သည် " Made in Japan " လို့ရေးထားတယ်။ ဖွင့်ကြည့်တော့။ " ခုကြေငြာနေတာ All India Radio ကဖြစ်ပါတယ် " တဲ့။ ကဲ.......။
******************************
ကမာလှည့်ခရီးသည်။ ။ ဒီအရိုးစုက ဘယ်သူ့ အရိုးစုလဲဗျ။
ဆဒါး။ ။ ဘုရင်ကြီးတစ်ပါးပါ။
ကမာလှည့်ခရီးသည်။ ။ ဒီဘက်က အရိုးစုအသေးလေးကရော။
ဆဒါး။ ။ အဲဒါက အဲဒီဘုရင်ကြီး ငယ်ငယ်က အရိုးစုဖြစ်မှာပေါ့။
No comments:
Post a Comment