ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့်
လူတစ်ဦးမြင်းဝယ်ရန်အတွက် ပိုင်ရှင်နှင့် စကားပြောနေကြသည်။
ပိုင်ရှင် - ကျွန်တော့်မြင်းက ရိုက်စရာ အော်စရာမလိုဘဲနဲ့စီးလို့ရပါတယ်။
ဝယ်သူ - ခင်ဗျားဆိုလိုတာက လူစကား နားလည်တယ်လို့ ဆိုလိုတာလား။
ပိုင်ရှင် - အဲဒီလိုတော့ မဆိုလိုပါဘူး၊ သူ့ပထမ ပိုင်ရှင်က ဘာသာရေး
ကိုင်းရှိုင်းလွန်းတော့ သူ့မြင်းကိုလည်း ယဉ်ကျေးအောင် သင်ကြားထားလို့ပါ။
စိတ်မရှည်သော ဝယ်သူက မြင်းပေါ်တက်ကာ စီးဖို့ စတင်ကြိုးစားလေသည်။
မြင်းဝယ်သူ မည်သို့ကြိုးစားကြိုးစား မြင်းကို နေရာမှ ရွှေ့အောင် ကြိုးစားမရသည့် အဆုံး
ဝယ်သူ - ကဲ ကိုယ့်ဆရာ ဒီမြင်းကို ဘယ်လိုစီးရမလဲသာ ပြောပါတော့။
ပိုင်ရှင် - ခင်ဗျားက ကျုပ်ပြောတာ ဆုံးအောင် နားမထောင်ဘဲကိုး၊ ဒီလိုဗျ မြင်းကို သွားစေချင်ရင်
"ဘုရားသခင်ရဲ့ ကျေးဇူးတော် ကြောင့်ပဲ" လို့ ပြောလိုက်ရုံပဲ။ အဲ
နှေးသေးတယ် ထင်လို့ မြန်မြန် ပြေးစေချင်ရင် "ဘုရား ဘုရား" လို့ ပြောလိုက်။
ရပ်စေချင်ပြီဆိုရင်တော့ "ဘုရားသခင် ကယ်တော်မူပါ" လို့ ပြောရုံပဲဗျာ။
မြင်းဝယ်သူလည်း ရောင်းသူ မှာသည့်အတိုင်း မြင်းကို အမိန့်ပေးပြီး
စတင်စီးလေသည်။ စီးရင်းနှင့် မြင်းပြေးနှုန်းမှာ မြန်လွန်းလှသဖြင့် ဘုရား
တလေရာ မြင်းမှာ တဟုန်ထိုး ပြေးပြီးရင်းသာ ပြေးနေလေတော့သည်။
မြင်းရောင်းသူမှာ လိုက်သော စကားများကိုလည်း မမှတ်မိတော့သည့်အဆုံး
မြင်းကိုအတင်းဖက်ရင်း ဘုရားသာ ဆက်တိုက် တနေလေတော့သည်။
မကြာမီ အလွန်ကြီးမားသော ချောက်နက်ကြီး တစ်ခုကို ရှေ့တွင် ဘွားကနဲ
တွေလိုက်ရသော အခါ မြင်းဝယ်သူမှာ မျက်စိ စုံမှိတ်ပြီး "ဘုရားသခင်
ကယ်တော်မူပါ" ဟု ဟစ်အော်လိုက်လေတော့သည် ။ ဒီတော့မှ
ဒုန်းစိုင်းပြေးနေသော မြင်းမှာ ချောက်နခမ်းဝတွင် အရှိန်သတ်ကာ
သေသေသတ်သတ် ရပ်တန့်ကာ သွားလေတော့သည်။
ဂရောင်ချောက်ချား ဖြစ်ခဲ့ရသော မြင်းဝယ်သူမှာ ထိုအခါကြမှ သက်ပြင်းချရင်း
"ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့်ပဲ" ဟု ရေရွတ်လိုက်လေတော့သည်။
ဘယ်သူမှတ်မိလဲ
နံနက်ခင်းတစ်ခုတွင် ဇနီးလုပ်သူက ခင်ပွန်းအား မေးခွန်းတစ်ခု မေးလေသည်။
"မောင်ရေ ဒီနေ့ဘာနေ့လဲ ဆိုတာ သိတယ်နော်"
ခင်ပွန်းလုပ်သူမှာ အူကြောင်ကြောင်ဖြစ်နေသဖြင့် ဇနီးသည်မှာ စိတ်ဆိုးစွာဖြင့်
"ဒီနေ့ဟာ ကျွန်မတို့ရဲ့ မင်္ဂလာ နှစ်ပတ်လည်နေ့ ဆိုတာတောင်
ရှင်မမှတ်မိတော့ဘူးလားဟင်၊ ရှင်ဘာကြောင့် ဒီလိုနေ့ကိုတောင်
မမှတ်မိရတာလည်းဆိုတာ ပြောစမ်းပါဦး"
ခင်ပွန်းလုပ်သူက "မင်း ဘဝမှာ ငါးအကြီးဆုံး ဖမ်းမိခဲ့တဲ့ နေ့ကို မှတ်မိလား"
ပေါက်ကွဲနေသော ဇနီးသည်က "ဘာလို့ မမှတ်မိရမှာတုန်း ပြီးခဲ့တဲ့ တစ်နှစ်က ဆူဇီတို့လင်မယားနဲ့ ငါးဖမ်းထွက်တုန်းကလေ၊ ကျွန်မမိတဲ့ငါးက အဲ့ဒီ့ကန်မှာ မိဘူးသမျှ ငါးတွေထဲမှာ အကြီးဆုံး စာရင်းတောင် ဝင်ခဲ့သေးတယ်၊"
ထိုအခါ ခင်ပွန်းဖြစ်သူက "အဲ့ဒီငါးလည်း အဲဒီနေ့ကို မှတ်မိနေလိမ့်မယ်လို့
မင်းထင်လား။"
ငုန်တာဥ
ယုန်တစ်ကောင် အိမ်ဆောက်ပစ္စည်းဆိုင်သို့ လာမေးသည်။
"ငုန်တာဥ ရှိလားခင်ဗျာ"
အလုပ်များနေသော ဆိုင်ရှင်က ဒေါသကြီးစွာ ပြန်ပြောသည်။
"ဟေ့၊ ယုန်စုတ်။ တစ်အချက်၊ ငုန်တာဥ မဟုတ်ဘူး၊ မုန်လာဥ။ နှစ်အချက်၊
ဒါအိမ်ဆောက် ပစ္စည်းဆိုင်ကွ၊ ဘာမုန်လာဥမှ မရှိဘူး။ သုံးအချက်၊ နောက်တစ်ခါ
ငုန်တာဥလို့ ပြောရင် မင်းကို နံရံမှာ သံနဲ့ရိုက်ထားမယ်"
ယုန်လည်း တောထဲသို့ ပြန်သွားသည်။
နောက်တစ်နေ့ မနက်တွင် ထိုယုန်ပင် ပြန်ရောက်လာပြီး မေးပြန်သည်။
"ဗျို့ ဦးလေးကြီး၊ အိမ်ရိုက်သံရှိလား"
"မရှိဘူး၊ ကုန်နေတယ်ဟေ့"
"ဒါဆို ငုန်တာဥရော ရှိလားဟင်"
ပိုက်ဆံတောင်းနည်း
ကလပ်ထဲတွင် မိမိထက် လခနည်းသော ဗိုလ်ကြီးက မိမိထက် ပိုက်ဆံ
ပိုသုံးနိုင်သည်ကို တွေ့ရသဖြင့် ဗိုလ်မှုးကြီးက မေးလိုက်သည်။
“ဟေ့၊မင်းကိုတော့ အားကျတယ်ကွာ၊ ငါ့ထက်လစာရတာ နည်းပေမဲ့ငါ့ထက် ပိုသုံးနိုင်တယ်၊ နည်းကောင်းလေးများ ရှိရင် ပေးစမ်းပါဦး၊”
”လွယ်ပါတယ် ဗိုလ်မှုးကြီးရ၊
ဗိုလ်မှုးကြီး မိန်းမဆီက ပိုက်ဆံတောင်းရင် ဘယ်လိုတောင်းလဲ၊”
”မိန်းမရေ ငါ့မှာ သုံးစရာမရှိတော့ဘူး ဆိုပြီး တောင်းတာပဲ”
"ဒါဆိုရင် ဒီတစ်ခါ ဗိုလ်မှုးကြီးမိန်းမကို နောက်ကနေ ဖွဖွလေး ဖက်ပြီး
လည်တိုင်လေးကို နမ်းလိုက်၊ အရင်ကထက် ပိုရလိမ့်မယ်၊"
"အေးကွာ၊ ကျေးဇူးပါပဲ၊ အပြန်ကျရင် စမ်းကြည့်လိုက်ဦးမယ်၊"
ဗိုလ်မှုးကြီး အိမ်စောပြန်လာသည်၊
တီဗွီကြည့်နေသော မိန်းမကို နောက်မှ ဖွဖွလေးဖက်ပြီး
လည်တိုင်လေးကို နမ်းလိုက်သည်၊
"ဘာလဲမောင်လေး၊ သုံးစရာ ပိုက်ဆံကုန်ပြန်ပြီလား"
စဉ်းစားပေါ့
ဆရာက တပည့်ကိုမေးသည်။
ဆရာ.. ဝင်ပြီးရင် ပြန်မထွက်ချင်တာ ၂ခုရှိတယ်၊ အဲဒါဘာလဲ၊ သိလား၊
တပည့်.. မသိပါဘူးဆရာ၊ ကျေးဇူးပြုပြီး ရှင်းပြပေးပါ၊
ဆရာ... တစ်ခုက၊ မြန်မာကျူးပစ်၊ ဝင်ပြီးရင်ပြန်ကို မထွက်ချင်တော့ဘူး၊
တပည့်.. နောက်တစ်ခုကရော ဆရာ
ဆရာ..... မင်းဟာမင်း စဉ်းစားဦးမှပေါ့ကွ၊ နေရာတကာ ငါ့ကိုချည်း အားကိုးမနေနဲ့
လှေကြီးထိုးရိုးရိုး
လင်မယားနှစ်ယောက် အိမ်သုတ်ဆေး ရောင်းသောဆိုင်တွင် အငြင်းအခုံ
ဖြစ်နေကျသည်။ ယောင်္ကျားဖြစ်သူက အပြာရောင် ကြိုက်သည်။ မိန်းမဖြစ်သူက ပန်းရောင်ကို ကြိုက်သည်။ ညှိနိုင်း၍မရ ဖြစ်နေသောကြောင့် ဆိုင်ရှင်၏ ဆုံးဖြတ်ချက်ကို လိုက်နာရန် သဘောတူလိုက်ကြသည်။ ဆိုင်ရှင်က
ဘယ်မှာသုတ်မလဲ ဟုမေး၏။ အိပ်ခန်းမျက်နှာကျက်ကို သုတ်မည်ဟု ပြောရာ
ဆိုင်ရှင်က ခဏမျှ စဉ်းစားလိုက်ပြီး မိန်းမဖြစ်သူ၏ အကြိုက်ကို
ဦးစားပေးသင့်ကြောင်း ပြောသည်။
ဤတွင် ယောင်္ကျားဖြစ်သူက ဆိုင်ရှင်ဖြစ်သူကို ခင်ဗျားက တောသားလားဟု မေးလိုက်သည်။
ဘွဲ.တံဆိပ်များပိုင်ရှင်
"ဦးရဲ့ ရင်ဘတ်မှာ ဘွဲ့တံဆိပ်သုံးခု တပ်ထားတာကို မြင်ပါတယ်။ ဘာအတွက်
ချီးမြှင့်ခြင်း ခံရတာလဲဟင်"
"တတိယ တံဆိပ်ကတော့ အရင်က တံဆိပ်နှစ်ခု ရထားပြီးသူဖြစ်လို့ ထပ်ပေးတာပဲ။ ဒုတိယတံဆိပ်ကတော့ ပထမတံဆိပ် ရှိပြီး ဖြစ်လို့ပဲ၊
အဲပထမတံဆိပ်ကတော့ ဘာမှမရသေးလို့ ပေးတာပဲကွယ်"
ယုန်ဆုတောင်း
ယူကရိန်းသားတစ်ယောက် တောလိုက်ထွက်ရာ ယုန်တစ်ကောင်ကို မိလာသည် ၊
အိမ်ရောက်သော် မိန်းမကို ပြောသည်။
"မိန်းမရေ ၊ ဒီယုန်ကိုဆီနဲ့ ကျွတ်ကျွတ်ကြော်လိုက်စမ်း"
"ဆီမရှိဘူး တော်ရေ"
"ဒါဆို ဝက်ဆီနဲ့ ကြော်ကွာ"
"ဝက်ဆီလည်းမရှိဘူး"
"အဲဒါဆိုရေနဲ့ပဲ ပြုတ်ကြော်လိုက်ကွာ"
"မီးမလာဘူးရှင့်"
ယောင်္ကျားဖြစ်သူ စိတ်ဆိုးပြီး ယုန်ကို ပြတင်းပေါက်မှ လွှင့် ပစ်လိုက်သည် ၊
လမ်းပေါ်တွင် နားရွက်နှစ်ဘက်ကို ကားလိုက်ကာ ယုန်က ဝမ်းသာအားရနဲ့ အော်သည်။
"ယူကရိန်းနိုင်ငံကြီးပွားပါစေ"
No comments:
Post a Comment