Tuesday, November 3, 2009

ဟာသ(၂၅)


မိဘမဲ့ကို သနားကြပါ


ပီတာလေး သိကြားမင်းထံ စာရေးသည်။
"အရှင် သိကြားမင်း။ ကျွန်တော့်မှာ အမေလည်း မရှိ။ အဖေလည်း မရှိပါ။ အရက်သမား
အဘိုးတစ်ယောက် ရှိပါသည်။ အဘိုး အရက်မူးတိုင်း ကျွန်တော့်ကို နာကျင်အောင်
ရိုက်တက်ပါသည်။ ယခု နှစ်သစ်ကူးတွင် လုံချည်တစ်ထည်၊ အင်္ကျီတစ်ထည်နှင့်
လက်ပတ်နာရီတစ်လုံး ကျွန်တော့်အား လက်ဆောင်ပေးပါ ခင်ဗျား"
ဘယ်ကို ပို့ရမှန်း မသိသည်နှင့် စာကို စာတိုက်တွင် ဖွင့်လိုက်သည်။ မိဘမဲ့ကလေးကို
သနားသွားကြသည်နှင့် စာတိုက်ဝန်းထမ်းများ ပိုက်ဆံစုပြီး လုံချည်တစ်ထည်နှင့်
အင်္ကျီတစ်ထည် ဝယ်လိုက်ကြသည်။ ပိုက်ဆံမလောက်သဖြင့် နာရီကိုမူ မဝယ်နိုင်ကြချေ။
ပစ္စည်းများကို ပီတာ၏ လိပ်စာအတိုင်း ပို့လိုက်ကြလေသည်။
မကြာမီ သိကြားမင်းထံ လိပ်မူထားသော ပီတာ၏စာ စာတိုက်သို့ ရောက်လာသည်။
အရင်ကအတိုင်း စာကို ဖွင့်ဖတ်ကြသည်။ ပီတာ ဤသို့ ရေးထားသည်။
"အရှင် သိကြားမင်း။ ပေးပို့လိုက်သော လုံချည်နှင့် အင်္ကျီကို ကောင်းမွန်စွာ ရရှိပါသည်။
ကျေးဇူး အင်မတန် တင်ပါသည်။ လက်ပတ်နာရီကိုတော့ မရပါ။ စာတိုက်က 'ဘုံး'
လိုက်သလား" မပြောတက်ပါ
စာတိုက် ဝန်ထမ်းများ အကြီးအကျယ် 'စိတ်ပိန်'သွားကြတော့သည်။




တွေးစရာ ရှားသလား

ပထမတန်း ကလေးများကို စာလုံးတစ်လုံးတည်း ရှိသော နာမ်ပုဒ်တစ်ခုစီ စဉ်းစားပြီး
ပြောကြရန် ဆရာမက ခိုင်းရာ ပီတာလေးက ချက်ချင်း လက်ညှိုးထောင်သည်။
ပီတာလေးအကြောင်းကို သိပြီးဖြစ်သော ဆရာမက အသံမာမာဖြင့် ၄င်းကို အမိန့်ပေးသည်။
"ပီတာလေး။ မင်း မညစ်ပတ်နဲ့။ သွား အခု အိမ်ပြန်ချေ"
အိမ်ပြန်ရောက်သောအခါ အမေက ပီတာလေးကို မေးသည်။
"သားကို ဘာဖြစ်လို့ ဆရာမက အတန်းထဲက မောင်းထုတ်လိုက်တာလဲ"
ပီတာလေး အကြောင်းစုံ ရှင်းပြသည်။ ပီတာလေး ဆက်မပြောရန် တားလိုက်ပြီး အမေက
အမိန့်ပေးသည်။
"ဆက်မပြောနဲ့။ ငါ သဘောပေါက်ပြီး။ သွား အခန်းဒေါင့်မှာ ရပ်နေ။ နေ့လယ်စာ
စားတဲ့အချိန်ထိ ဘယ်မှ မသွားဘဲ ရပ်နေ"
အဖေ ရုံးမှ ပြန်လာသည်။ သားကို မေးရာ ပီတာလေးက အစမှ ပြန်ပြောပြသည်။
"နေပါဦး။ မင်းက ဘာပြောမယ် စိတ်ကူးလို့လဲ"
"'အိမ်' ဆိုတဲ့ စကားလုံးပါ"
ပီတာ့အဖေ နေရာမှထပြီး မိန်းမရှိရာ မီးဖိုချောင်ဘက် သွားသည်။ မိန်းမ၏ နားရွက်ကို
လိမ်ပြီး ငေါက်သည်။
"နောက်ဆို မှတ်ထား။ အိမ် အကြောင်းကို ခပ်များများစဉ်းစား"




ကျေးဇူးရှင်

အဖေဖြစ်သူ မီးဖိုချောင်တွင် ထိုင်ပြီး အရက်သောက်နေသည်။ သမီးဖြစ်သူ ဝင်လာပြီး
ပြောသည်။
"ဖေဖေ။ ပုလင်းလွတ်တွေ ယူသွားမယ်နော်။ ပုလင်းလွတ်တွေ ရောင်းပြီး ဆန်ဝယ်ချင်လို့"
"ယူသွား ... ယူသွား။ ဟင်း ... ငါသာ မရှိရင် မင်းတို့ ဘာနဲ့ စားကြမလဲ မသိဘူး"




အသေးစိတ် မသိချင်ဘူး

ရေကျော်နှင့် ပုစွန်တောင် လမ်းဒေါင့်တွင် ဇိုးသမား ဓာတ်တိုင်ကို ကွယ်ပြီး ရပ်နေသည်။
လမ်းသွား လမ်းလာကို မေးသည်။
"ကျုပ် ဘယ်ကို ရောက်နေသလဲဗျ"
"ရေကျော်နဲ့ ပုစွန်တောင် လမ်းဒေါင့်မှာ"
"အသေးစိတ်တွေ မလိုဘူး။ ကျုပ် ဘယ်မြို့ ရောက်နေသလဲ ဆိုတာပဲ ပြော"




ပြောချင်တာ ရေးထား

အမူးသမား ယောက်ျားကို မိန်းမက မနားတမ်းပူညံပူညံ လုပ်နေရာ ယောက်ျားက လျှာလေး
အာလေး ပြန်ပြောသည်။
"မင်းပြောချင်တာ စာရွက်ပေါ်မှာ ရေးထားကွာ။ မနက်ကျ ငါ ဖတ်ပါ့မယ်"



စာအုပ်တစ်အုပ်နှင့် ပတ်သက်၍ ဝေဖန်ချက် ရေးပေးရန် သရော်စာရေးသည့်
ဂျာမန်စာရေးဆရာ လခ်တင်တယ်ကို မေတ္တာ ရပ်ခံရာ ၄င်းက အောက်ပါအတိုင်း ခပ်တိုတို
မှတ်ချက်ပေးလိုက်သည်။
"စာအုပ်ကို ပိတ်လိုက်သည်နှင့် ကျွန်တော် အလွန်အမင်း ကျေနပ်မှု ရသွားသည်။ ဤလို
ကျေနပ်မှုမျိုးကို စာအုပ်ဖတ်နေသည့် တစ်ချိန်လုံးတွင် မခံစားရပါ"




စိုသောလက် မခြောက်စေနဲ့

ဂျာမန်မြို့စားကြီးတွင် အရွယ်ရောက်သော သမီး သုံးယောက် ရှိခဲ့သည်။ သုံးယောက်စလုံး
အိမ်ထောင်ပြုသင့်နေကြပြီး ဖြစ်သည်။ သို့သော် ဘယ်သမီးကို အရင် ယောက်ျား
ပေးစားရမည်နည်း ဆိုသည်နှင့် ပတ်သက်၍ မြို့စားကြီး ဝေခွဲမရနိုင် ဖြစ်နေသည်။ သို့နှင့်
တစ်နေ့တွင် သမီး သုံးယောက်စလုံးကို ခေါ်ပြီး ပြောသည်။
"ကိုင်း သမီးတို့ရေ။ သမီးတိုကို ဖေဖေ တစ်ခု ပြောချင်တယ်။ ဟောဒီ ရေဖလားက ရေနဲ့
သမီးတို့ရဲ့ လက်ကို ဆေးလိုက်ကြပါ။ လက်ကို အဝတ်နဲ့ လုံးဝမသုတ်ဘဲ ဒီအတိုင်းထားပါ။
လက်အရင်ခြောက်တဲ့ သမီးကို ဖေဖေ အရင် အိမ်ထောင် ပြုပေးမယ်"
အမီးများ ၄င်းတို့၏လက်ကို ရေနှင့် ဆေးလိုက်ကြသည်။ သမီးကြီး နှစ်ယောက်က အဖေ
ပြောသည့်အတိုင်း အေးအေးလေး ကိုင်ကာ လက်ခြောက်မည့် အချိန်ကို စောင့်သည်။ သမီး
အငယ်ဆုံးကမူ လက်နှစ်ဘက်ကို ရမ်းပြီး
"ယောက်ျား မယူချင်ဘူး။ ယောက်ျား မယူချင်ဘူး" ဟု တစ်ချိန်လုံးအော်သည်။
၎င်း၏လက် အရင်ခြောက်သွားသည်။
သမီးထွေးကို မြို့စားကြီး လင်ပေးစားလိုက်သည်။
သင်ခန်းစာ။ စိုသောလက်ကို မခြောက်စေနှင့်။




ဝီစကီ သောက်ချင်တယ်

ကိုဘမောင် အသက် ထောက်လာပြီ။
ကျန်းမာရေး သိပ်မကောင်းချင်တော့။
တစ်နေ့ ဆူးလေ ဘုရားလမ်းပေါ် လျှောက်ရင်း မိုက်ကနဲ ဖြစ်ကာ သတိမေ့ လဲကျသွားသည်။
လူများ ဝိုင်းလာကြသည်။
လူအုပ်ထဲမှာ ဆရာဝန်ဖြစ်ဟန်တူသော အမျိုးသမီးကြီး တစ်ဦးက ပြောသည်။
"ဝီစကီရှိရင် သူ့ပါးစပ်ထဲကို လေးငါးစက်လောက် လောင်းထည့်ပေးလိုက်ပါ"
ရုံးစာရေးဖြစ်ဟန်တူသော ပင်နီတိုက်ပုံဝတ်ထားသူ အမျိုးသားကမူ
"သူ့ကို လေကောင်းကောင်း ရှူပါစေ။ သူ့ကို ဝိုင်းအုံ မထားပါနဲ့" ဟု အော်ပြောသည်။
ပင်စင်စားအဘိုးကြီးတစ်ဦးက စိုးရိမ်တကြီး ဝင်ပြောသည်။
"သူ့ကို ဆေးရုံအမြန်ပို့ပါ။ သူ့ကို ဆေးရုံ အမြန်ပို့ပါ"
ကိုဘမောင် တဖြည်းဖြည်း သတိရလာပြီး မျက်လုံးကို ဖွင့်လိုက်သည်။ ထို့နောက်
ရှင်းလင်းပြတ်သားသော အသံဖြင့် အားလုံးကို ကြားလောက်အောင် ပြောလိုက်သည်။
"ခင်ဗျားတို့အားလုံး ပါးစပ်ကို ပိတ်ထားကြစမ်း။ စောစောက အမျိုးသမီးပြောတဲ့အတိုင်း
လုပ်ပါဗျ"

1 comment:

မြတ်နိုး said...

အရှင် သိကြားမင်း။ ပေးပို့လိုက်သော လုံချည်နှင့် အင်္ကျီကို ကောင်းမွန်စွာ ရရှိပါသည်။
ကျေးဇူး အင်မတန် တင်ပါသည်။ လက်ပတ်နာရီကိုတော့ မရပါ။ စာတိုက်က 'ဘုံး'
လိုက်သလား" မပြောတက်ပါ

:))

all r funny.