ပဲရစ်မြို့ရှိ မြို့နယ်ရဲစခန်း
စခန်းမှူးကို လူတစ်ယောက်က တောင်းပန်သောအသံဖြင့် ပြောသည်။
"စခန်းမှူးခင်ဗျာ။ ကျွန်တော့် မိန်းမရဲ့ စိန်ဘယက်ကို ကျွန်တော် ပြန်တွေ့ပါပြီ။ မနေ့က
သူခိုးခံရတယ်လို့ ကျွန်တော် လာတိုင်မိပါတယ်။ အဲဒီ တိုင်ကြားချက်ကို ကျွန်တော်
ပြန်ရုပ်သိမ်းပါရစေ။ ကျွန်တော် ဆန္ဒစောမိပါတယ်"
"ဆောရီးပဲ၊ ခင်ဗျား နောက်ကျသွားပြီး။ ကျွန်တော်တို့ ဖမ်းထားတဲ့လူက သူခိုးပါတယ်လို့
ဖြောင့်ချက်ပေးပြီးပြီးဗျ"
ကျေးဇူးရှင်
အသက် ၁၀ဝ- ပြည့်ပြီးဖြစ်သော ဘွားသက်ရှည်ကို သတင်းထောက်က မေးသည်။
"အဘွား ဒီလောက်အထိ အသက်ရှည်တာ ဘာကြောင့်ပါလဲ။ နည်းရှိရင် ပြောပြပါလား
ခင်ဗျာ"
"အဘွားယောကျာ်းရဲ့ ကျေးဇူးကြောင့် အခုလို အသက်ရှည်တာပါ။ တကယ်ပါ။ သူ့ရဲ့ကျေးဇူး ကြီးလှပါပေတယ်။ အင်း.... သူ့ခမြာ အသက် ၃၅- နှစ်ပြည့်တဲ့နေ့မှာ သေသွားရှာတယ်ကွယ်"
ကျည်ဆန်ကုန်ပြီ
ကောင်းဘွိုင်ကို ရက်အင်းဒီးယန်းတွေ လိုက်သည်။ သေနတ်နှင့် ပစ်ရင်း ကောင်းဘွိုင်
ပြေးသည်။ နောက်ဆုံးတွင် ゞင်း၏ ခြောက်လုံးပြူး၌ ကျည်တစ်ထောင့်သာ ကျန်တော့သည်။
"ငါ ကိစ္စချောမှာ သေချာပြီ" ဟု ကောင်းဘွိုင်တွေးပြီး မထူးတော့ ဟု ဆုံးဖြတ်ကာ
သေနတ်ပြောင်းကို နားထင်နား တေ့လိုက်သည်။
ကိုယ်စောင့်နတ်က တိုးတိုးလေးပြောသည်။
"ကိစ္စမချောသေးဘူး။ ကျန်တဲ့ကျည်နဲ့ ရက်အင်းဒီးယန်းတွေရဲ့ အကြီးအကဲကို ပစ်လိုက်"
ကောင်းဘွိုင် သေသေချာချာ ချိန်ပြီး ပစ်လိုက်သည်။ အရိုင်းတွေ၏ အကြီးအကဲ မြင်းပေါ်မှ
ကျသည်။ ကိုယ်စောင့်နတ် တိုးတိုးလေး ပြောသည်။
"အခုမှ ကိစ္စချောမယ်။ ပြင်ထားပေတော့"
သံအမတ်ကြီး
သံရုံးဧည့်ခံပွဲ တစ်ခုတွင်ဖြစ်သည်။
ကြွရောက်လာသော ဧည့်သည်တော်တို့၏ အမည်ကို အသံချဲ့စက်မှတဆင့် ကြေညာသည်။
"ဗြိတိသျှ သံအမတ်ကြီးနဲ့ ၄င်း၏ဇနီး ကြွရောက်လာပါတယ်"
"အီတလီသံအမတ်ကြီးနဲ့ ၄င်း၏ဇနီး ကြွရောက်လာပါတယ်"
"ဂျာမန်သံအမတ်ကြီးနဲ့ ၄င်း၏ဇနီး ကြွရောက်လာပါတယ်"
"ပြစ်သစ်သံအမတ်ကြီးနဲ့ စပိန်သံအမတ်ကြီးရဲ့ ဇနီး ကြွရောက်လာပါတယ်"
ရထားပေါ်မှအဆင်း
ပြစ်သစ်၊ အင်္ဂလိပ်နှင့် ရုရှားတို့၏ ခြားနားချက်။
ပြစ်သစ် - ရထားပေါ်မှ အဆင်းတွင် တစ်ခုခု မေ့ကျန်ခြင်းမရှိကို လုံးဝ မစစ်ဆေး။
အင်္ဂလိပ် - ရထားတွဲတွင် ကိုယ့်ပစ္စည်း ဘာများ ကျန်နေပါလိမ့် ဆိုသည်ကို ပြန်စစ်သည်။
ရုရှား - ကိုယ့်ပစ္စည်းကို ကောက်သိမ်းသည်။ ထို့နောက် သခြား ခရီးသည်တွေ ဘာများ
မေ့ကျန်ခဲ့ပါလိမ့် ဆိုသည်ကို လိုက်ကြည့်သည်။
နောက်ဆုံးဆန္ဒ
အမေရိကန် အကျဉ်းထောင်တွင်ဖြစ်သည်။
သေဒဏ်အပြစ်ပေးခံရသူ၏ အခန်းထဲသို့ ထောင်ကြပ် ဝင်လာပြီး ပြောသည်။
"မနက်ဖြန် လျှပ်စစ်ကုလားထိုင်မှာ မထိုင်ခိုင်းခင် နောက်ဆုံးဆန္ဒ ဘာရှိသလဲလို့ ခင်ဗျားကို
မေးလိမ့်မယ်"
"အဲဒါ ဘာဖြစ်လဲ"
"ခင်ဗျားအတွက်ကတော့ ဘာမှ မထူးပါဘူး။ အဒါကြောင့် ခင်ဗျားရဲ့ နောက်ဆုံးဆန္ဒအဖြစ်နဲ့
ကျွန်တော့်လစာကို တိုးပေးဖို့ ပြောပေးပါဗျာ"
သေဒဏ်
လူသတ်မှု ကျူးလွန်ခဲ့သော ရာဇဝတ်သား သုံးဦးကို ကြိုးဆွဲချပြီး မသေမချင်း သတ်ရန်
ရုံးတော်က အမိန့်ချလိုက်သည်။
ပင်လယ်ကမ်းခြေ တစ်နေရာတွင် ကြိုးဆွဲချသတ်မည့် တိုင်သုံးတိုင်၌ ကြိုးကွင်းသုံးခုကို
ချည်ထားလိုက်သည်။
လူဆိုနှစ်ဦး၏ ချမ်းသာသော ဆွေမျိုးများက ပါးကွက်သားကို လာဘ်ထိုးလိုက်သည်။ သို့နှင့်
၎င်းတို့အတွက် လျာထားသော ကြိုးကွင်းနှစ်ခုကို ပါးကွက်သားက မပြတ်ရုံတမယ် ဓားနှင့်
လှီးလိုက်သည်။
သတ်မည့်နေ့ ရောက်လာသည်။
ဖော်ပြပါ လူဆိုးနှစ်ဦးကို ပါးကွက်သားက အရင် "သတ်" ဖို့လုပ်သည်။ ကြိုးကွင်းပြတ်ပြီး
လူဆိုးနှစ်ယောက်စလုံး ရေထဲကျသည်။ ရေကူးပြီး ၄င်းတို့ လွတ်မြောက်သွားကြသည်။
ဤသည်ကို ကြည့်ပြီး ကျန်နေသည့် လူဆိုးက စိုးရိမ်တကြီး ပြောသည်။
"ဟေ့လူ၊ ကျုပ်ကိုတော့ မကျီစားနဲ့နော်။ ကျုပ် ရေမကူးတက်ဘူးဗျ"
ဘဝပျက်ပြီ
ငယ်ရွယ်သေးသော အင်္ဂလိပ်မင်းမျိုး မင်းနွယ်တစ်ဦး ချွတ်ခြုံကျက မွဲသွားသည်။
အဘိုးလက်ထက်ကတည်းက အမှုထမ်းလာသော အစေခံကြီးကို ပြောသည်။
"ကျွန်တော့် ရှေရေးကို မတွေးရဲအောင် ဖြစ်နေပြီ"
"ဝမ်းနည်ပါတယ် သခင်လေး"
"အိမ်ထဲမှာ ဘိုး ဘေ ဘီ ဘင် လက်ထက်ကတည်းက ထားခဲ့တဲ့ နာမည်ကျော်
ပန်းချီဆရာကြီးတွေရဲ့ ပန်းချီကားချပ်တွေ ရှိတယ်။ ကျွန်တော့် အမျိုးအနွယ်တွေရဲ့
ပုံတူကားချပ်တွေပဲ။ အဲဒါတွေကို ရောင်းလိုက်ရင် ပိုက်ဆံ အများကြီး ရဖို့ရှိတယ်။
တစ်ချိန်တည်းမှာ ကိုယ့်အမျိုးအနွယ်တွေရဲ့ ပုံကို ရောင်းစားရတယ်ဆို အင်မတန်
ရှက်စရာကောင်းတယ်။ ဒါကြောင့် ဒီလိုလုပ်ရမယ်။ ဒီကားချပ်တွေကို ကော်ပီသွားကူးလိုက်။
အဲဒါဆို ဘယ်သူမှ သတိထားမိမှာ မဟုတ်ဘူး"
"မဖြစ်နိုင်တော့ပါဘူး သခင်လေး"
"ဘာဖြစ်လို့လဲ"
"သခင်လေးရဲ့ ခမည်းတော်အမိန့်နဲ့ ကျွန်တော် ကော်ပီ ကူးခဲ့ပြီး ဖြစ်လို့ပါ"
မကစားတာ ကြာပေလို့
ဇိမ်ခံသင်္ဘောပေါ်တွင် ဖြစ်သည်။
သင်္ဘောကုန်းပတ်၌ လူကြီးလူကောင်း နှစ်ယေက် ဆုံမိကြသည်။ တစ်ယောက်က ပြောသည်။
"ပျင်းစရာကောင်းလိုက်တာဗျာ။ ဖဲကစားကြရင် မကောင်းဘူးလား မိတ်ဆွေ"
"ကစားတာပေါ့။ ဒါပေမယ့် ကျွန်တော် ဖဲချပ်တွေ မကိုင် ဖြစ်တာ ၁၅- နှစ် ရှိပြီဗျ"
"ကိစ္စမရှိဘူး။ ကျွန်တော်လည်း မကစားတာ နှစ် ၂၀- နှစ်ရှိပြီ"
ပထမလူ ဖဲထုပ်ကို ကလဖန်းထိုးလိုက်သည်။ ထို့နောက် ညာဘက် ဖဝါးပေါ်
တင်လိုက်သည်။ လက်ဖြင့် ချိန်ကြည့်သလို လုပ်ပြီး ပြောသည်။
"ဖဲတစ်ချပ် လိုနေတယ်ဗျ"
ဒုတိယလူလည်း ဖဲထုပ်ကို ယူကာ လက်ပေါ် ချိန်ကြည့်ဟန် လုပ်သည်။ ထို့နောက်
ဖြည့်ပြောသည်။
"ဟုတ်တယ်။ စပိတ်ကင်းဗျ"
No comments:
Post a Comment