အနံ
ရုရှားတပ်မတော်တွင် စစ်မှုထမ်းရန်အတွက် ဆင့်ခေါ်ခြင်းခံရသော လူငယ်သည် ဆေးစစ်ခံရန်
အခန်းထဲသို့ ဝင်လာသည်။ ဆရာဝန်က ပြောသည်။
"အဝတ်အစား ချွတ်ပြီး ကုန်းလိုက်ပါ"
ဆရာဝန်သည် လူငယ်၏ တင်ပါးနှစ်ဘက်ကို ဆွဲဖြဲပြီး ကြည့်သည်။ ကြည့်နေရင်းက
မေးသည်။
"ဆေးလိပ်သောက်သလား"
လူငယ်က အားနာသံဖြင့် မေးသည်။
"အနံ့ရလို့လားဟင်"
မမှားစေနဲ့
အဘွားကြီးတစ်ယောက် ဆရာဝန်ပေါက်စထံ ရောက်လာပြီး ပြောသည်။
"ဒေါက်တာရယ် ဒေါ်ဒေါ်ကို ကူပါအုံး။ တစ်ချိန်လုံး ခေါင်းကိုက်နေတယ်။ စအိုကလည်း
နာနေတယ်ကွယ့်"
လူငယ်ဆရာဝန် အတန်ကြာ စဉ်းစားသည်။ မေးစေ့ကို ပွတ်သည်။ နောက်ဆုံးတွင် ဗီရိုထဲမှ
ဆေးပြားကြီး တစ်ပြားကို ယူပြီး ဓားဖြင့် နှစ်ခြမ်းစိတ်လိုက်သည်။
"ရော့အဒေါ်။ ဒီတစ်ခြမ်းက ခေါင်းကိုက်ပျေက်ဆေး။ ရော့ ဒီတစ်ခြမ်းကတော့ စအိုနာ
ပျောက်ဆေး။ သေသေချာချာ မှတ်ထားနော်။ လုံးဝ မမှားစေနဲ့"
အကူအညီတောင်းကြည့်ပါ
လူနာက ဆရာဝန်ကို ပြောသည်။
"ဒေါက်တာရယ်။ ကျွန်မရဲ့ လည်ချောင်းထဲမှာ ကြောင်တစ်ကောင်ဝင်ပြီး ကုတ်ခြစ်နေသလို
ခံစားနေရတယ်ရှင်။ ကူပါဦး"
"ဆောရီးပဲ။ ကျွန်တော် ဒီရောဂါမျိုး မကုဘူး။ ကျွန်တော်ခွေးကို အကူအညီတောင်းကြည့်ပါ"
ဒေါက်တာပဲ ကုနိုင်မယ်
"ဒေါက်တာ။ ဒေါက်တာ။ ကျွန်တော်တို့ အိမ်ကို အခုချက်ချင်း မလာနိုင်ဘူးလားခင်ဗျာ"
"ဘာဖြစ်လို့လဲ"
"ကျွန်တော်တို့ အိမ်ခန်းထဲကို ဝင်လို့ မရလို့ပါခင်ဗျာ"
"ဒါဆို ရဲစခန်းကို ဖုန်းဆက်လေ။ ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ"
"မဟုတ်ဘူး ခင်ဗျ။ ဒေါက်တာမှသာ ကျွန်တော်တို့ကို ကုနိုင်မှာပါ။ အိမ်ခန်းသော့ကို
ကျွန်တော့်သားကလေး မြိုချလိုက်လို့ပါ"
ဟုတ်သားပဲ
နဗ်ကြောရောဂါ အထူးကုဆရာဝန်၏ ဆေးခန်းတွင် အမေဖြစ်သူနှင့် လေးနှစ်အရွယ်
သားငယ်တို့ ထိုင်နေကြသည်။ ဆရာဝန်က ချာတိတ်ကို မေးသည်။
"အန်ကယ်ကို ပြောစမ်းပါ။ ကြောင်မှာ ခြေဘယ်နှစ်ချောင်း ပါသလဲ"
"လေးချောင်း"
"နားကကောကွယ်"
"နားနှစ်ဘက်ပါ"
"မျက်စိကော ဘယ်နှစ်လုံးလဲ"
"နှစ်လုံး"
"ကြောင်မှာ အမြီးကောပါသလားကွဲ့"
ချာတိတ် အမေဘက်လှည့်ပြီး ပြောသည်။
"မေမေ။ ဘာလဲ။ ဒီလူပေါကြီး ကြောင်ကို မမြင်ဖူးဘူးလားဟင်"
ကျွန်တော်လာမယ်
ကိုယ်ခန္ဓာ အချိုးအစား ကျနပြေပြစ်ပြီး အလွန်တရာလည်း ချောမောလှပသည့်
အမျိုးသမီးလူနာကို စမ်းသပ်စစ်ဆေးပြီးနောက် ဆရာဝန်က သူမကို ပြောသည်။
"ခင်ဗျား တော်တော်လေး နေမကောင်း ဖြစ်နေတယ်။ အခု ဒီလိုလုပ်ပါ။ ရုံးကို
ပြန်မသွားပါနဲ့။ အိမ်ကိုဘဲ တန်းပြန်တော့။ အိမ်ရောက်ရင် အဝတ်အစား အကုန်ချွတ်ပြီး
အိပ်ရာထဲမှာ လှဲနေပါ။ အခု ကျွန်တော် ဖျော်ပေးလိုက်မယ့် ဆေးပုလင်းရဲ့ သုံးပုံတစ်ပုံကို
သောက်လိုက်ပါ။ ခဏကြာရင် အိပ်ချင်သလိုလို ဖြစ်လာမယ်။ ဘယ်သူလာလာ
တံခါးဖွင့်မပေးနဲ့။ တယ်လီဖုန်းဆက်ရင်လည်း ကောက်မကိုင်ပါနဲ့။ အဲ တံခါးကို
ခတ်ဆတ်ဆတ်ကလေး သုံးချက်ခေါက်သံ ကြားရင်တော့ ဖွင့်ပေးနော်"
ပါးစပ်ကို ပိတ်ထားစမ်း
'မော်စကိုဗစ်ခ်ျ' ကားအင်ဂျင်ကို ယောက်ျားဖြစ်သူ 'ကလိ' နေရင်းက ဘေးတွင် ရပ်နေသည့်
မိန်းမကို ပြောသည်။
"ဟေ့။ မင်းပါးစပ်ကို ခဏ ပိတ်ထားစမ်းပါကွာ"
"ဘာလဲ။ ရှင့်ကို ကျွန်မ အနှောက့်အယှက်ပေးလို့လား"
"နှောက့်ယှက်တယ်ရယ်လို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကားစက်ကို ငါနှိုးနေတာ
နိုးသလား။ မနှိုးဘူးလား ဆိုတာ ငါ မကြားရဘူးကွ"
တစ်ယောက်ဆိုတော်ပြီ
"ငါနဲ့ ငါ့မိန်းမ သူများအိမ် အလည်သွားရင် အရက်ကို နည်းနည်းပဲ သောက်တယ်"
"ဘာလဲ။ မိန်းမက ခွင့်မပြုလို့လား"
"အဲဒါကြောင့် မဟုတ်ဘူး။ တစ်ခါတုန်းက ရေချိန်တော်တော် လွန်သွားတော့ ငါ့မျက်စိထဲမှာ
ငါ့မိန်းမ နှစ်ယောက်ဖြစ်နေတာကို မြင်လိုက်ရတယ်။ ဒီလို ထိတ်လန့် တုန်လှုပ်မှုမျိုး
အဲဒီတစ်ခါပဲ ခံစားရဖူးတယ်။ အခုထိ ကြောက်စိတ် မပြေသေးဘူး"
မြှောက်တာကြိုက်တယ်
ယောက်ျားက ပြောသည်။
"ထုံပေ့၊ ညံ့ပေဆိုတဲ့ ယောက်ျားတွေမှာ ချောပေ့လှပေ့ဆိုတဲ့ မိန်းမတွေရှိနေတာ အင်မတန်
အံ့သြစရာပဲ"
မိန်းမက ပြုံးပြီး ပြောလေသည်။
“ရှင်တော်တော် မြှောက်ပြောတက်တာပဲ။ အဟင်း ဟင်း"
သိပြီးပါပြီ
နယ်သို့ ခရီးထွက်မည့် ယောက်ျားက မိန်းမကို ပြောသည်။
"အကြောင်းကြောင်းကြောင့် နှစ်သစ်ကူးတဲ့ရက်အမီ ငါ ရောက်မလာနိုင်ဘူးဆိုရင် မင်းဆီ ငါ
ကြေးနန်းပို့လိုက်မယ်"
"ပို့နေစရာ မလိုပါဘူး။ အဲဒီ ကြေးနန်းစာကို မနေ့က ရှင့်အိတ်ထောင်ထဲက တွေ့လို့
ဖတ်ပြီးပါပြီ"
မျှော်လင့်တကြီး
အမျိုးသမီးတစ်ဦး နို့စို့ကလေးငယ်ကို ပိုက်လျက် မော်စကိုမြေအောက် ရထားတစ်စီးပေါ်
တက်လာသည်။ ခုံတန်းရှည်၏ အားလပ်သော တစ်နေရာတွင် ဝင်ထိုင်လိုက်သည်။ သူမ၏
ဘေးနားတွင် ဂျော်ဂျီယာသားတစ်ဦး ထိုင်နေသည်။
အမျိုးသမီးက ¤င်း၏ သားငယ်ကို ပြောသည်။
"သားရယ် မေမေ့ နို့ကို စို့လိုက်ပါကွယ်။ နော်"
ကလေးငယ်သည် အမေ့နို့ကို မစို့လိုသဖြင့် ခေါင်းကို ယမ်းသည်။
"ချိုချိုလေး စို့လိုက်ပါ သားရယ် ရော့"
ဘယ်လို ချော့တိုက်တိုက် ကလေးသည် နို့ကို မစို့ချေ။
"စို့ပါ သားရယ်။ နို့မဟုတ်ရင် ဘေးနား ဦးဦးကို တိုက်လိုက်မယ်သိလား"
ဆာနေသည် မဟုတ်၍ ကလေးငယ်သည် မိခင်၏ နို့ရည်ကို မစို့ချေ။
အမေဖြစ်သူ ထပ်ချော့ပြန်သည်။
"စို့လိုက်ပါ သားရယ်။ သား မစို့ရင် ဘေးနားက ဦးဦး စို့လိုက်လိမ်မယ်ကွဲ့"
မိခင်ဖြစ်သူ ဘယ်လိုပဲ ကြိုးစား ကြိုးစား မအောင်မြင်ချေ။
"သားက လိမ္မာပါတယ်ကွယ်။ ကိုင်း စို့လိုက်၊ နို့မဟုတ်ရင် ဟိုဦးဦးကို တိုက်လိုက်မယ်နော်"
ဂျော်ဂျီယာသားက သည်းမခံနိုင်တော့
"ဒီမှာ၊ ခင်ဗျား တစ်ခုခုကို အပြီးသတ်ဆုံးဖြတ်ပါ။ ကျွန်တော်ဆင်းရမယ့် ဘူတာ သုံးခုတောင်
ကျော်သွားပြီဗျ"
အမေ့သား
အမျိုးသမီးတစ်ဦး သူမ၏ ကျောင်းနေဘက် သူငယ်ချင်းကို ပြောပြနေသည်။
"အိုင့်ယောက်ျားလေ။ အင်မတန်ကို စိတ်ညစ်စရာ ကောင်းတဲ့လူ သိလား။ တစ်ချိန်လုံး
သူ့အမေအကြောင်းကိုပဲ သတိတရပြောတယ်။ 'အမေဆိုရင် ဒီလိုလုပ်မှာ မဟုတ်ဘူး .. မေမေ
မြင်စမ်းစေချင်တယ် .. မေမေဆို ကြိုက်မှာ မဟုတ်ဘူး ' ဆိုတဲ့ စကားပဲ ကြားနေရတယ်။
အမေ့ကို ရှေ့တန်းတင်လွန်းတယ်။ အိုင့်ကို လုံးဝ ဂရုမစိုက်ဘူး။ အိုင် စိတ်ညစ်လှပြီ"
"မိန်းမတစ်ယောက် အနေနှင့် ယူ့ကို သူစိတ်ဝင်စားလာအောင် လုပ်ဖို့လိုတယ်။ အဲဒါဆိုရင်
သူ့အမေကို သူ သတိရတော့မှာ မဟုတ်ဘူး။ ညနေ သူ ရုံးက ပြန်လာတဲ့ အချိန်မှာ သူ့ကို
ဆွဲဆောင်နိုင်တဲ့ အဝတ်အစားဝတ်ပြီး ကြိုကြည့်စမ်း"
သူငယ်ချင်း အကြံပေးသည့်အတိုင်း တစ်ညနေတွင် အမည်းရောင် ဘရာစီယာ၊ အမည်းရောင်
ခြေအိတ်နှင့် အမည်းရောင် ဇာလက်အိတ်တို့ကို ဝတ်ပြီး ယောက်ျားကို ခရာတာတာ
အမူအရာဖြင့် ကြိုသည်။ ယောက်ျားက ၄င်းကို မြင်မြင်ချင်း စိုးရိမ်တကြီး မေးသည်။
"မင်းတစ်ကိုယ်လုံး အမည်းရောင်နဲ့ပါလား။ မေမေ ဘာဖြစ်လို့လဲကွ ဟေ"
ဆင်ကျီစားရာ ဆိတ်မခံသာ
တိရစ္ဆန်များကို ယဉ်ပါးအောင် လေ့ကျင်ပေးရသည့် နည်းပြဆရာနှစ်ယောက်
စကားလက်ဆုံကျနေကြသည်။
"ကျားသားလေးတစ်ကောင်ကို ခြင်္သေကြီးရဲ့ လက်ထဲက ကျွန်တော်ကယ်ခဲ့ဖူးတယ်။ နောက်
ဆယ်နှစ်အကြာမှာ အဲဒီ ကျားကို ကျွန်တော် ဆပ်ကပ်တစ်ခုမှာ သွားတွေ့တယ်။ ဒီကောင်
ကျွန်တော့်ကို မှတ်မိသွားပြီး ကျွန်တော်နား အပြေးလာကပ်တယ်။ ကျွန်တော့်ကို လျှာနဲ့
လာလျှက်တယ်ဗျာ။ အံ့ရော။"
"ကျွန်တော်လည်း ဆင်သားလေးတစ်ကောင်ရဲ့ ခြေထောက်မှာ စူးနေတဲ့ သံချောင်းကို
ဆွဲနှုတ်ပေးခဲ့ဖူးတယ်။ နောက် ဆယ်နှစ်အကြာ ဆပ်ကပ် တစ်ခုမှာ ဆင်ကြီးတစ်ကောင်
ကျွန်တော့်နား ကပ်လာပြီး သူ့နှာမောင်းနဲ့ ဆွဲတင်လိုက်တယ်။ ပြီးတော့ ဝှေ့ယမ်းပြီး တအား
လွှင့်ပစ်လိုက်တယ်။ ခြေက်လလုံးလုံး ကျောက်ပတ်တီး စီးပြီး နေခဲ့ရတယ်ဗျာ"
"ဘာဖြစ်လို့ ဒီလို ဖြစ်ရတာလဲ"
"အခြားဆင်တစ်ကောင် ဖြစ်နေတာကိုးဗျာ"
ဂဏန်းတော်တဲ့ ရဲဘော် ချူချာ
သင်တန်းဆရာက ရဲဘော်များကို လက်ပစ်ဗုံးပစ်နည်း သင်ပြနေသည်။
"စနက်တံကို ဆွဲဖြုတ်လိုက်။ ၂၁- အထိရေပြီ ပစ်လိုက် ဝေးလေ ကောင်းလေပဲ"
မိနစ်အနည်းငယ်အကြာတွင် လက်ပစ်ဗုံးကို လက်ထဲ ဆိုင်ကိုင်ထားသည့် ရဲဘော် ချူချာကို
သင်တန်းဆရာ သတိထားမိရာ စိုးရိမ်တကြီး လှမ်းအော်သည်။
"ဟေ့ ရဲဘော် ပစ်လိုက်တော့လေ။ ဘာဖြစ်လို့ ဆိုင်းနေတာလဲ"
"ကျွန်တော် ၁ဝဝ- ထိ ရေတက်တယ်ခင်ဗျ"
No comments:
Post a Comment