တလွဲထင်တာကိုး
ဆရာဝန်၏ အခန်းထဲသို့ အမျိုးသမီးတစ်ယောက် ဝင်လာပြီး ပြောသည်။
"ဒေါက်တာ။ ကျွန်မ အိမ်ထောင်ကြတာ သုံးနှစ်ရှိပြီ။ အခုထိ သားသမီး
မရသေးဘူး။ဓဓကလေးရအောင် ဘာလုပ်ရမလဲဟင်"
"အဝတ်အစား ချွတ်လိုက်ပါ။ ပြီးတော့ ဘေးခန်းက ကွပ်ပျစ်ပေါ်မှာ လှဲလိုက်ပါ"
"ဟင့်အင်း ဒေါက်တာ။ ကျွန်မယောက်ျားနဲ့ပဲ ကျွန်မ ကလေးရချင်တယ်ရှင့်"
လွန်လွန်းပြီး
တည်းခိုခန်းသို့ လူတစ်ယောက် ရောက်လာသည်။ တစ်ညမျှ တည်းခိုရန်ဖြစ်သည်။
တည်းခိုခန်း မန်နေဂျာက ဧည့်သည်များ မှတ်ပုံတင် စာရင်းစာအုပ်ကို ဖွင့်လိုက်သည်။
ကြမ်းပိုးတစ်ကောင်ကို မြင်ရာ တည်းခိုမည့်သူက မေးသည်။
"ဒါ ဘာလဲ"
"ကြမ်းပိုး"
နောက်ကို တစ်လှမ်းဆုတ်လိုက်ပြီး လူငယ်က ပြောသည်။
"တည်းခိုခန်းမှာ ကြမ်းပိုးရှိတာကို ကျွန်တော် ဘာမှ မပြောလိုဘူး။ ဒါပေမယ့် ခင်ဗျား
ကျွန်တော့်ကို ဘယ်အခန်းပေးမလဲဆိုတာ ဒီကောင်တွေ ထွက်ကြည့်တာတော့ လွန်လွန်းပြီ
ထင်တယ်"
မီးလောင်ရေလျှံ
နယူးယောက်မြို့၏ ဟော်တယ်တစ်ခုတွင် သတိပေးကာ ချိတ်ဆွဲထားသည်။
"စီးကရက်မီးကို ငြိမ်းသတ်ပါ။ ချီကာကို မီးလောက်တာကို သတိရပါ" ဟူ၍ဖြစ်သည်။
၎င်း၏ အောက်နားတွင် တစ်ယောက်ယောက်က အောက်ပါအတိုင်း ဖြည့်စွက်ထားသည်။
"ကြမ်းပေါ်ကို တံတွေးမထွေးပါနှင့်။ မစ္စပီပီ မြစ်ရေလျှံတာကို သတိရပါ"
အင်္ဂလိပ်စကားတက်ချင်တယ်
ကိုချူချာက သူ၏ဇနီးကို ပြောသည်။
"၃-လ သားအရွယ် အင်္ဂလိပ်ကလေးတစ်ယောက်ကို မွေးစားချင်လိုက်တာ"
"ကိုယ့်မှာ ကလေးမရှိတာ ကျနေတာပဲ။ ဘာလုပ်ဖို့လဲ"
"သြော်၊ သူစကားစပြောတဲ့အချိန်မှာ သူ့ ဆီက ငါ အင်္ဂလိပ်စကား သင်ချင်လို့"
လူသူမရောက်တဲ့ကျွန်း
သဘောင်္သည် ပင်လယ်ထဲရှိ ကျွန်းကလေးတစ်ကျွန်းကို ဖြတ်မောင်းလာသည်။ ကျွန်းပေါ်မှ
ပါးသိုင်းမွေး ထူလပျစ်နှင့် ယောက်ျားတစ်ယောက်သည် သဘောင်္ဘက် မျက်နှာမူပြီး
ဟစ်အော်သည်။ လက်နှစ်ဘက်ကိုလည်း အမျိုးမျိုး ဝှေ့ရမ်းပြသည်။ ဤသည်ကို ကြည့်ပြီး
ခရီးသည် တစ်ဦးက သဘောင်္ကပ္ပတိန်ကို မေးသည်။
"သူ ဘယ်သူလဲဟင်"
"မသိဘူး။ နှစ်စဉ် ကျွန်တော်တို့ သဘောင်္ ဒီကျွန်းကို ဖြတ်တိုင်း အခုလိုပဲ စိတ်ဖောက်နေကျ"
လက်ဆောင်လိုချင်တယ်
နီကိုလိုင်က မိမိလက်ထပ်သည့် ငါးနှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ်
မိမိ၏အိမ်တွင် ညစာစားပွဲ အခန်းအနားလုပ်မည်ဖြစ်ရာ မပျက်မကွက်လာရန် သူငယ်ချင်း
အီဗန်ကို ဖိတ်သည်။ တဆက်တည်း မိမိ၏ အခန်းသို့ မည်သို့ လာရကြောင်း ရှင်းပြသည်။
"ဂေါ်ကီလမ်းပေါ်က တိုက်နံပါတ် ၈- ကို လာခဲ့။ ဝင်ပေါက် နံပါတ် ၃- ကနေ
ဓာတ်လှေကားနဲ့ ၆-ထပ်ကို တက်။ အခန်း ၂ဝ-ရှေ့က ဘဲလ်ကို တစ်တောင်ဆစ်နဲ့ နှိပ်လိုက်။
တံခါးပွင့်လာရင် ခြေထောက်နဲ့ အသာလေး တွန်းဖွင့်လိုက်"
အီဗန်က အံသြစွာ ပြန်မေးသည်။
"ဘာဖြစ်လို့ ကျုပ်က တံတောင်ဆစ်နဲ့ ခြေထောက်ကို သုံးရမှာလဲဗျ"
"သြော်၊ ခင်ဗျား လက်ချည်းသက်သက် လာမယ့်လူ မဟုတ်ဘူး မဟုတ်လား"
အပြေးချန်ပီယံ
စခန်းမှူးက ရဲသားကို ပြောသည်။
"ထွက်ပြေးတဲ့သူခိုးကို နောက်တစ်ခါ မီတာ နှစ်ရာ အကွာအထိ ဖြတ်ကျော်တက်ရင် ငါ
မင်းကို အလုပ် ဖြုတ်ပစ်မယ်"
အဘိုးဖြစ်ချင်တယ်
အမေရိကန် သန်းကြွယ်သူဋ္ဌေးတစ်ယောက်သည် ယောက်ျားလေး ဖြစ်ဖြစ်၊
မိန်းကလေးဖြစ်ဖြစ် မြေးတစ်ယောက်ကို အလွန် အမင်း ဖြစ်ချင်နေသည်။
သားသုံးယောက်စလုံး အိမ်ထောင်သည်များ ဖြစ်နေကြသော်လည်း တစ်ယောက်မှ မြေး
လက်ဆောင် မပေးနိုင်ကြသေးချေ။
တစ်နေ့တွင် သားသုံးယောက်ကို ၄င်းတို့၏ ဇနီးများနှင့် မိမိ အိမ်သို့လာကြရန်
ခေါ်လိုက်သည်။ အားလုံးစုမိကြသောအခါ သူဋ္ဌေးကြီးက ပြောသည်။
"သားတို့၊ သမီးတို့ရေ။ မြေးကလေး တစ်ယောက်လောက် ရချင်တဲ့ ဆနွ အဖေ့မှာ အင်မတန်
ပြင်းပြနေတာ ကြာပြီ။ ဒါပေမယ့် မင်းတို့ ဘယ်သူ့မှ အဖေကို မြေးလက်ဆောင် မပေးကြဘူး။
အဲဒီတော့ အဖေ ပြောမယ်။ သေသေချာချာ နားထောင်ကြ။ အဖေ့ကို ပထမဆုံး မြေး
လက်ဆောင်ပေးတဲ့သားကို အဖေ့ အမွေတွေ အားလုံးကို ပေးမယ်လို့ ဆုံးဖြတ်ထားတယ်။
ပျော်ရွှင်စရာ အဲဒီရက် အမြန်ရောက်ပါစေလို့ ဆုတောင်းပြီး ရှမ်ပိန်
သောက်လိုက်ကြရအောင်"
သူဋ္ဌေးကြီး ၄င်း၏ ခွက်ကို ပြန်ချလိုက်ရုံ ရှိသေးသည်။ အခန်းထဲမှ စုံတွဲ သုံးတွဲစလုံး
အခန်းထဲမှ ပျောက်သွားတော့သည်။
ရတနာသိုက်
ကောင်းဘွိုင်တစ်ယောက် မြင်းစီးလာသည်။ ရုတ်တရက် ကိုယ်စောင့်နတ်က ပြောသည်။
"မြင်းပေါ်က ဆင်း။ ပေါက်ပြားယူပြီး ဒီနေရာမှာ ကျင်းတူးစမ်း။ ငါးမီတာအနကမှာ
ရတနာတွေ ဝှက်ထားတယ်"
ကောင်းဘွိုင် မြင်းပေါ်က ဆင်းသည်။ ပေါက်ပြားကို ယူပြီး ကျင်းကို တူးသည်။
ငါးမီတာအနက်သို့ ရောက်သောအခါ စိန်ရွှေရတနာများ အပြည့်ထည့်ထားသော
သေတ္တာကြီးတစ်လုံးကို တွေ့သည်။
ကိုယ်စောင့်နတ်က မကျေမနပ်ပြောသည်။
"ဒီနေရာမှာ ရတနာသိုက် တကယ်ရှိမှန်းသိရင် မင်းကို ငါ မပြောဘူး။ ဟင်း"
အောက်ခြေကစသူ
"ကိုဘမောင် အကြောင်း ဘာသတင်းမှ မကြားရတာ ကြာပြီ။ သူ ဘယ်နှယ့်နေလဲ။
အလုပ်အကိုင် အဆင်ပြေရဲ့လား"
"သူ အဆင်ပြေပါတယ်။ အလုပ်ကို ကြိုးစားလုပ်တော့ အခုဆို အောက်ဆုံးကနေ ထိပ်ဆုံးကို
ရောက်သွားပြီး"
"ဝမ်းသာစရာပဲ။ ဒါနဲ့ သူ ဘယ်အဆင့်စပြီး အခု ဘယ်အဆင့်ကို ရောက်သွားပြီလဲ"
"အရင်တုန်းက ဖိနပ်တိုက်တယ်။ အခု ဆံပင်ညှပ်သမားဖြစ်သွားပြီလေ"
မကျေဘူးဟေ့
လေထီးတပ်သားများ လေယာဉ်ပေါ်မှ တစ်ယောက်ချင်း လေထီးနဲ့ ခုန်ဆင်းနေကြသည်။
နောက်ဆုံးတွင် တပ်ကြပ်ကြီးနှင့် ရဲဘော်တစ်ဦးသာ ကျန်တော့သည်။ တပ်ကြပ်ကြီး
ခုန်ဆင်းရန် ပြင်သည်။ ရဲဘော်က ၄င်းကို အတင်းတားသည်။
"ဟင့်အင်း၊ ဟင့်အင်း။ ကျွန်တော် အရင်ဆင်းပါရစေ"
"ဟေ့ကောင် ဘာဖြစ်လို့လဲကွ"
"နောက်ဆုံးခုန်ဆင်းတဲ့ လူမှာ လေထီးမပွင့်တက်ဘူးလို့ အဘွားကပြောလို့"
"ဟာ။ ဒါအဓိပ္ပယ် လုံးဝမရှိတဲ့ စကားပဲ"
"မသိဘူး။ ကျွန်တော့်ကို အရင်ခုန်ဆင်းခွင့် ပြုပါ"
တပ်ကြပ်ကြီး တပ်သားကို အရင်ခုန်ဆင်းခွင့် ပြုလိုက်သည်။
ကောင်းကင်တွင် တပ်သားနှင့် လေထီးမပွင့်ပဲ အောက်သို့ ကျလာသော တပ်ကြပ်ကြီးတို့
ဆုံမိကြလေသည်။ တပ်ကြပ်ကြီးက အံကြိတ်ပြီးပြောသည်။
"ဟေ့ကောင်၊ မင်းအဘွားကို ပြောလိုက်။ နောင်ဘဝရောက်တဲ့အထိ သူ့ကို မကျေဘူးလို့"
အနားပေးအုံးမှပေါ့
ဗိုလ်ချုပ်ကြီးသည် စစ်ဆေးရေးတာဝန်ဖြင့် တပ်ရင်းရုံးသို့ ရောက်လာသည်။ တပ်ရင်း
ရုံးဝန်ထမ်းများ တန်းစီပြီး တစ်ဦးချင်း မိမိကိုယ် မိမိ မိတ်ဆက်သည်။
"ဗိုလ်မှူးပီထရော့ ပါ ခင်ဗျ"
"အသက် ဘယ်လောက်ရှိပြီလဲ"
"၃၄- နှစ်ပါ"
"အိမ်ထောင်ရှိလား"
"ရှိပါတယ်။ သားသမီး နှစ်ယောက်ပါ"
"အေး၊ အေး။ ဆက်ပြီး အမှူထမ်းပေါ့"
"ဒုတိယ ဗိုလ်မှူးကြီး ဆီးဒေါရော့ပါ ခင်ဗျ"
"အသက် ဘယ်လောက်ရှိလဲ"
"အသက် ၄ဝ- နှစ်ပါ။ အိမ်ထောင်ရှိပါတယ်။ ကလေးသုံးယောက်ပါ"
"ကောင်းတယ်။ ကောင်းတယ်။ ဒီအတိုင်းဆက်လုပ်"
"ဆာဂျင်ပရိုနင်ပါခင်ဗျ။ အသက် ၂၅- နှစ် ။ ကလေး ဆယ်ယောက်"
"ဟေ့ ဆာဂျင်။ ငါလေ။ 'ဘယ်လာမော့' စီးကရက်ကို သိပ်ကြိုက်တယ်။ ဒါပေမယ့်
ဆေးလိပ်ကို ငါပါးစပ်ထဲက ထုတ်တယ်ကွ။ အမြဲတန်းကိုက်မထားဘူး။ သိလား"
No comments:
Post a Comment