Wednesday, December 30, 2009

ဟာသ(၃၁)



အပြန်အလှန်မှားယွင်းမှု

လန်ဒန်မှ ထွက်လာသော ရထားပေါ်တွင် ကောင်းမွန်စာ ဝတ်စားထားသော လူကြီးတစ်ဦး လိုက်ပါလာသည်။ ရုတ်တရက် ဆေးပြင်းလိပ် ထည့်သော ၄င်း၏ ငွေဘူး ပျောက်ဆုံးနေသည်ကို သတိ ထားလိုက်မိသည်။ သိုနှင့် ၄င်း၏ ဘေးတွင်
ထိုင်လိုက်လာသော ခရီးသည် လူငယ်ကို သူခိုးအဖြစ် စွပ်စွဲသည်။
ဖြစ်ချင်တော့ စွပ်စွဲမိပြီးကာမှ ချက်ချင်း ဆိုသလို ငွေဘူးကို ကြမ်းပေါ်တွင် ပြန့်တွေသည်။ မိမိ တန်ဖိုးထားသော ပစ္စည်းကို ပြန်ရ၍ ဝမ်းသာသည့် တစ်ချိန်တည်းမှာပင် စွပ်စွဲမိသည့် အတွက် တစ်ဘက်လူကို များစွာ အားနာသွားသည်။ သို့နှင့် ခွင့်လွှတ်ပါရန် တောင်းပန်သည်။
လူငယ်က ပြန်ပြောသည်။
"ကိစ္စမရှိပါဘူး။ ဦးက ကျွန်တော့်ကို သူခိုးလို့ ထင်တယ်။ ကျွန်တော်ကလည်း ဦးကို
လူကြီးလူကောင်းလို့ ထင်ခဲ့မိတယ်။ နှစ်ယောက် စလုံး မှားကြတာပဲ"


နားလည်မှု လွဲသွားလို့

ခွင့်ရက်ရှည်ရသည်နှင့် အင်္ဂလိပ်လူမျိုး မစ္စတာ ဂိုးလ်ဘတ် ဂျာမဏီ နိုင်ငံသို့
အနားသွားယူသည်။
တည်းခိုသည့် နေရာနှင့် မနီးမဝေး စားသောက်ဆိုင်တွင် မစ္စတာဂိုးလ်ဘတ် ညနေတိုင်း ညစာ
စားသည်။ ဆိုင်မန်ဂျာ က ၄င်းအတွက် စားပွဲအမှတ် ၂- ကို နေရာချ သတ်မှတ်ပေးသည်။
ဤ စားပွဲတွင် ပြစ်သစ်တစ်ယောက်လည်း လာထိုင်ပြီး ညစာ စားသည်။ ညနေတိုင်း
မစ္စတာဂိုးလ်ဘတ် နှင့် ပြစ်သစ် တို့ ဆုံမိကြသည်။ ဆုံသည့်အခါတိုင်း ပြစ်သစ်သည်
ယဉ်ကျေးစွာ ပြုံးပြကာ bonappetit ဟု ပြောသည်။ ဂိုးလ်ဘတ် ပြစ်သစ်စကားကို
နားမလည်ချေ။ တစ်ဘက် ပုဂ္ဂိုလ်က မိမိ၏ အမည်ကို ပြောပြီး မိတ်ဆက်ခြင်း ဖြစ်လိမ့်မည်ဟု
တွက်သည်။ ထို့ကြောင့် 'ဂိုးဘတ်လ်' ဟု ယဉ်ယဉ်ကျေးကျေး ပြန်ပြောသည်။
တစ်ပတ်လောက် ကြာသွားသည်။ ဆိုင်မန်နေဂျာကို မစ္စတာဂိုးလ်ဘတ် မေးသည်။
"ပြစ်သစ်လူမျိုးတွေ အင်မတန် ယဉ်ကျေးတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့်
ဘာဖြစ်လို့ အကြိမ်တိုင်းမှာ ကိုယ့်နာမည်ကို ပြောပြီး မိတ်ဆက်ရတာလဲဗျာ ပထမတစ်ခါ
မှာကတည်းက သူ့နာမည်ကို bonappetit ဆိုတာ ကျွန်တော်ကောင်းကောင်း
မှတ်မိနေပြီပဲ"
"မစ္စတာဂိုးလ်ဘတ် နားလည်တာ လွဲနေတယ် ခင်ဗျ။ ပြစ်သစ်လို bonappetit ဆိုတာ
မြိန်ရှက်စွာ သုံးဆောင် နိုင်ပါစေ လို့ အဓိပ္ပါယ်ရတယ်ခင်ဗျ"
နောက်တစ်နေ့တွင် ပုံမှန်အတိုင်း မစ္စတာဂိုးလ်ဘတ် ညစာစားရန် စားသောက်ဆိုင်သို့
သွားသည်။ ပြစ်သစ် ရောက်နှင့်နေပြီ ဖြစ်သည်။ မစ္စတာဂိုးလ်ဘတ် သည် ပြုံးပြီး bon appetit ဟု ပြောလိုက်သည်။ ပြစ်သစ်ကလည်း ယဉ်ကျေးစွာ ပြန်လည် ပြုံးပြပြီး
ပြောသည်။
"ဂိုးလ်ဘတ်"



နိုးသလိုဖြစ်နေသလား

ပြဇတ်ရုံအတွင်းသို့ လူတစ်ယောက် ဆူညံဆူညံ နှင့် ဝင်လာသည်။ ရုံမန်ဂျာက အသံမပြုရန်
အရိပ်ပြသည်။ ထိုလူက ပြန်ပြောသည်။
"ဘာလဲ၊ ပွဲကြည့်ပရိသတ်တွေ အိပ်နေကြပြီလား"



ယေဘူယျပြုခြင်း

ယောက်ျားတစ်ယောက် အမှားလုပ်မိလျှင် 'မိုက်မဲတဲ့' ယောက်ျား ' ဟု ပြောကြသည်။
မိန်းမတစ်ယောက် အမှားလုပ်မိလျှင် 'မိန်းမတွေဟာ အင်မတန် မိုက်မဲကြပါကလား' ဟု
ပြောလေ့ရှိသည်။



ဂရုစိုက်ခြင်း

ရုပ်ရှင်ရုံထဲတွင် အမျိုးသားနှင့် အမျိုးသမီး ထိုင်နေကြသည်။ အမျိုးသားက နားနားကပ်၍
တိုးတိုးလေး မေးသည်။
"ခင်၊ ကောင်းကောင်း မြင်ရရဲ့လားဟင်"
"ကောင်းကောင်းကော ကြားရရဲ့လားကွယ်"
"ကောင်းကောင်းကြားရပါတယ် မောင်"
"ထိုင်ရတာကော သက်တောင့်သက်သာ ရှိရဲ့လား ခင်"
"သက်တောင့်သက်သာ ရှိပါတယ် မောင်"
"အဲဒါဆို နေရာချင်း လဲထိုင်လိုက်ကြရအောင်နော်"




တိုက်ဆိုင်မှု

အမျိုးသမီးက အိမ်ဖော်မလေးမှ တစ်ဆင့် ချစ်သူထံ စာပို့သည်။
"မောင်။ ဖေဖေ အခုအိပ်ရာထဲ လဲနေတယ်။ ခြေထောက်ခေါက်ပြီး ဘယ်ကိုမှ
ထမသွားနိုင်ဘူး။"
"သူ ကျွန်မ တို့ကို ဘာမှ အနှောင့်အယှက် ပေးနိုင်မှာ မဟုတ်ဘူး။ ဒီနေ့
ညနေ ဆက်ဆက်လာခဲ့နော်။ ကျွန်မ စောင့်နေမယ် သိလား" ဟူ၍ ဖြစ်သည်။
အမျိုးသားက စာကို ချက်ချင်း ဖောက်ဖတ်သည်။ စာတိုလေးတစ်စောင် အမြန်ဆုံးရေးပြီး
စောစောက စာဖော်မလေးမှ တဆင့်ပင် ပြန်ပို့ပေးလိုက်သည်။
ပြန်စာတွင် ဤသို့ ရေးထားသည်။
"အချစ်။ မောင်မလာနိုင်ဘူးကွယ်။ မောင်လည်း အိပ်ရာထဲ လဲနေတယ်။
ဘာကြောင့်လည်းဆိုတော့ အချစ် ဖေဖေရဲ့ ခြေထောက်နဲ့ ထိတဲ့နေရာမှာ အင်မတန်
နာနေလို့ကွယ်"




အကြံကောင်း

"ကျွန်မလေ တူကိုယူပြီး သံရိုက်တိုင်း သံကို မထိပဲ လက်ကိုပဲ ထိတယ်။ ဘယ်လိုလုပ်ရမလဲ
မသိဘူး"
"အလွယ်လေးပဲ။ တူကို လက်နှစ်ဘက်နဲ့ ကိုင်ပါ"



စေတနာ

ဘူတာရုံရှိ စားသောက်ဆိုင်တွင် ဖြစ်သည်။
စားသုံးသူတစ်ယောက်က ဆိုင်ရှင်ကို ပြောသည်။
"ဟင်းခွက်တွေထဲမှာ ထည့်ထားတဲ့ ဟင်းတွေ နည်းလှချည်းလား"
"လူကြီးမင်း ရထား နောက်ကျမှာ စိုးလို့ပါ"




နှိုင်းယှဉ်ချက်

ရသောအမှတ် နည်းသည်ဟု ဆိုကာ ဆေးကျောင်းသားက ပါမောက္ခကို စောဒကတက်သည်။
"ဆရာ၊ ကျွန်တော် ဆရာ့ လက်ချာတွေကို မပျက်မကွက် တက်ခဲ့တယ်။
ဆရာခိုင်းတဲ့ လက်ချာတွေ မပျက်မကွက် တက်ခဲ့တယ်။ ဆရာ ခိုင်းတဲ့ လက်တွေ့
ခွဲစိတ်မှုတွေကို အကြိမ်ပေါင်းများစွာ လုပ်ခဲ့တယ်။ စာအုပ်တွေလည်း အများကြီး ဖတ်ခဲ့တယ်။
အဲဒီအထဲက ဆရာ ကျွန်တော့်ကို အခုလို အမှတ် နည်းနည်းပဲ ပေးတာ ကြိုးစားခဲ့သမျှ
အလဟဿပဲလို့ ခံစားရတယ်ခင်ဗျ"
"မင်းသိအောင် ဆရာ ပြောပြမယ်။ စစ်အတွင်းက ဆရာ တပ်မတော်သားအဖြစ်နဲ့
စစ်တိုက်ခဲ့တယ်။ ဆရာတို့ တပ်ထဲမှာ မြည်းတစ်ကောင် ရှိခဲ့တယ်။ အဲဒီမြည်းဟာ ဆရာတို့
တပ်သွားလေရာမှာ ပါခဲ့တယ်။ သူ့အပေါ် ကျည်တွေ၊ ဗုံးဆံတွေ၊ ရိက္ခတွေ တင်ပြီး
တိုက်ပွဲကြီးတွေ တိုက်ခဲ့တယ်။ ဒါပေမယ့် စစ်ကြီးပြီးတဲ့အထိ အဲဒီ မြည်းဟာ မြည်းပဲ ဖြစ်ပြီး
ကျန်ရစ်ခဲ့တယ်"



ရှင်းအောင်ရေးပါ

ပါမောက္ခက တပည့်ကို ပြောသည်။
"အခု တပည့်တင်သွင်းတဲ့ TERM PAPER ကို တပည့်အနေနဲ့ အတက်နိုင်ဆုံး
ရှင်းအောင် ရေးသင့်တယ်။ ထုံပေ အပေ ဆိုတဲ့ လူတစ်ယောက် ဖတ်ရင်တောင် တပည့်
ဘာကို ဆိုလိုချင်သလဲဆိုတာ နားလည်နိုင်အောင် ရေးသင့်တယ်"
တပည့်က ရိုသေကျိုးနွံသော အမူအရာပြန်မေးသည်။
"ဟုတ်ကဲ့ဆရာ။ ဘယ်အပိုဒ်တွေမှာ ဆရာ ကောင်းကောင်းနားမလည်ဘူးဆိုတာ
သိပါရစေလား၊ ခင်ဗျာ"



အဆိုတော်

ဂီတပဒေသာပွဲ ဖြစ်သည်။
တက်သစ်စ အဆိုတော် အမျိုးသမီး ထွက်လာပြီး သီချင်းတစ်ပုဒ်နှင့် ဖျော်ဖြေသည်။ သီချင်း
ပြီးသောအခါ ပရိသတ်ကို ဦးညွှတ်လိုက်ပြီး စင်မြင့်ပေါ်မှ ထွက်ရန် ပြင်သည်။ ဤအချိန်တွင်
ခန်းမထဲမှ 'ဝမ်းစမိုး၊ ဝမ်းစမိုး' ဆိုသော အသံကို ကြားရသည်။ အဆိုတော် အမျိုးသမီးသည်
ဝမ်းသာစွာဖြင့် နောက်သီချင်းတစ်ပုဒ်ကို ဆိုသည်။ ပြီးသောအခါ ဦးညွှတ်ပြီး စင်မြင့်မှ
ထွက်ခွာရန် လုပ်သည်။
ခန်းမထဲမှ စောစောက အသံ ထပ်မံ ထွက်ပေါ်လာသည်။ 'ဝမ်းစမိုး၊ ဝမ်းစမိုး' ။ အဆိုတော်
ထပ်ဆိုသည်။ ပြီးသော အခါနောက်တစ်ပုဒ်ဆိုရန် တောင်းဆိုခြင်းခံရသည်။ ဤအတိုင်း
အကြိမ်များစွာ ဖြစ်လာသောအခါ နောက်ဆုံးတွင် အဆိုတော်က ပြောသည်။
"ကျွန်မကို အခုလို လက်ခံတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ ဒါပေမယ့်ရှင် ကျွန်မ
မောလှပြီ။ ကျွန်မကို ခွင့်ပြုပါတော့"
ဤစကားကို ကြားသည်နှင့် ပရိသတ်အားလုံး သံပြိုင် အော်လိုက်ကြသည်။
"ဆက်ဆို။ ဆက်ဆို။ အဆိုမတက်မချင်း ဆက်ဆို"




အပယ်ခံ

"မနေ့က ကျွန်တော့်ကြောင့် မိန်းမနှစ်ယောက် ရိုက်လား ပုတ်လား အထိ ဖြစ်ကြတယ်"
"ဟာ မဖြစ်နိုင်တာပဲ"
"မယုံမရှိနဲ့။ ကိုယ်တွေ့ဗျ။ တစ်ယောက်က အော်ပြောတယ်။ နင့်အကောင် နင်ပြန်ယူတဲ့။
နောက်တစ်ယောက်ကလည်း ကတ်ကတ်လန် ပြန်ပြောတယ်။ ဒီအကောင်ကို ငါ
ဘာလုပ်ရမှာလဲတဲ့"




ဆက်ဖတ်ရန်/ပြန်သိမ်းရန်



1 comment:

သူကြီးမင်း (တုံးဖလား) said...

မရယ်ရတာကြာလို့ လာရယ်ပါတယ်။ ၅၀ ရာခိုင်နှုန်းလောက် ရယ်မောသွားပါတယ်။