Wednesday, January 13, 2010

ဟာသ(၃၂)


ဘာဖြစ်လို့လဲ

"ဒီလိုဗျာ။ ကျွန်တော် ဒီနေ့ မြင်းပြိုင်ကွင်းကို သွားတယ်။ ဖိနပ်ကြိုး ပြေသွားတာနဲ့ ကုန်းပြီး
ပြန်ချည်တယ်။ အဲဒီ အချိန်မှာ ဘယ်သူလဲ မသိဘူး။ ကျွန်တော့်ကျောပေါ်ကို မြင်းကုန်းနှီး
ပစ်တင်သွားတယ်"
"ဟေ။ ဟုတ်လား။ ပြီးတော့ ဘာဖြစ်လဲ"
"ကျွန်တော် တတိယမြောက် ပန်းဝင်တယ်။ ဖူး...။ အခုတောင် အမောမပြေသေးဘူး"



ရေချိန်ကိုက်ပြီ

အရက်ဘားတွင် ဖြစ်သည်။
ရေချိန်မှန်နေပြီဖြစ်သော ရုရှားရဲဘော်သည် ဗိုလ်ချုပ်ကြီးနှင့် မမျှော်လင့်ဘဲ ဆုံမိသည်။
ရဲဘော်က ပြောသည်။
"ဗိုလ်ချုပ်တို့အကြားမှာ ကျွန်တော်ကို ဖြတ်သွားခွင့်ပြုပါ"
"အေး အေး။ သွား။ ဒါပေမယ့် တစ်ယောက်ဆီ ဖြတ်ကွာ"



အဖိုးတန်ပစ္စည်း

ပျောက်ရှပစ္စည်းများ ထိန်းသိမ်းရေး ဋ္ဌာနသို့ လူတစ်ယောက်ရောက်လာပြီးပြောသည်။
"မနေ့က ဝေါ့ဒ်ကာ ငါးပုလင်းထည့်ထားတဲ့ လက်ဆွဲအိတ်ကို ရထားပေါ်မှာ
မေ့ကျန်ခဲ့မိတယ်။"
"ဘယ်သူမှ လာမအပ်ဘူးလားခင်ဗျာ"
"ဟင့်အင်း။ ဒါပေမယ့် အဲဒီအိတ်ကို တွေ့တဲ့ ခရီးသည်ကိုတော့ ထမ်းစင်နဲ့ သယ်လာတယ်"



မှန်တာပြောရင် သိပ်ကြိုက်တာပဲ

အခြေနေမဲ့တစ်ယောက် အိမ်တံခါးကို လာခေါက်သည်။ အိမ်ရှင်မ တံခါးကို ဖွင့်ပေးသည်။
အခြေနေမဲ့သူက မိမိ ထမင်းမစားရတာ ၁ဝ- ရက်ရှိပြီဖြစ်၍ အကြွင်းအကျန်များ ရှိပါလျှင်
စွန့်ပါရန် တောင်းပန်သည်။ အိမ်ရှင်မက ¤င်းကို ကြည့်ပြီး ပြောသည်။
"ဒီလောက် သန်မာထွားကြိုင်းတဲ့ ယောက်ျားတစ်ယောက်အနေနဲ့ အခုလို တောင်းစာတာ
ရှင်မရှက်ဘူးလား။ ရှင်လို့ ဗလမျိုးနဲ့ ကျောက်မီးသွေးတွင်းလုပ်သား ဝင်လုပ်ဖို့တောင်
ကောင်းတယ်။"
"မှန်ပါတယ်ခင်ဗျာ။ ကျွန်တော်ကလည်း ပြောရရင် အမကြီးလို ရုပ်မျိုး၊
ကိုယ်လုံးကိုယ်ပေါက်မျိုးနဲ့ အိမ်မှုကိစ္စတွေ လုပ်နေတာထက် ရုပ်ရှင်မင်းသမီး ဝင်လုပ်ဖို့
ကောင်းပါတယ် ခင်ဗျာ"
အိမ်ရှင်မ၏ မျက်နှာပေါ်တွင် ကျေနပ်နှစ်သိမ့်သော အပြုံးပေါ်လာသည်။
"ခဏလေးနော်။ အိမ်မှာ ဘာစားစရာ ရှိသလဲဆိုတာ ကျွန်မ ကြည့်လိုက်ဦးမယ်"



စာနာမှု

ပြည့်ကျပ်နေသော ဘတ်စ်ကားပေါ်တွင် ဖြစ်သည်။
"အဘွား။ ကျွန်တော့် နေရာမှာ ထိုင်ချင်သလား"
"ထိုင်ချင်တာပေါ့ကွယ်။ အဘွားခြေထောက်တွေ ညောင်းလှပြီကွဲ့"
"အဲဒါဆို ကျွန်တော့်အနားက မခွာနဲ့။ နောက် ငါးမှတ်တိုင်ဆိုရင် ကျွန်တော် ဆင်းတော့မယ်"



မသေမချင်း

တရားသူကြီးက သက်သေ အမျိုးသမီးကို မေးသည်။
"ခင်ဗျားမှာ ယောက်ျား ရှိသလား"
"ကျွန်မယောက်ျား ကွယ်လွန်သွားတာ ၁၅ - နှစ် ရှိပါပြီ"
"၁၅-နှစ် ရှိပြီ ဟုတ်လား။ ဒါပေမယ့် ခင်ဗျား ကလေးငါးယောက်အမေဆို"
"ဟုတ်တယ်လေ။ သေသွားတဲ့လူက ကျွန်မ ယောက်ျားပဲ ဥစ္စာ"



အာမခံပါတယ်

လူတစ်ယောက် ဝမ်းကိုက်ရောဂါ ဖြစ်သည်။ ဆရာဝန်တွေနဲ ကုသည်။ မပျောက်။
တိုင်းရင်းဆေးဆရာတွေဆီ သွားသည်။ ဘယ်လိုမှ မထူးခြား။ လူမှာ တစ်ချိန်လုံး
ဝမ်းသွားနေ၍ ဖြူဖတ်ဖြူရော် တောင် ဖြစ်နေပြီ။ အားလည်းမရှိတော့။
မိတ်ဆွေတစ်ယောက်က အကြံပေးသည်။
"မြို့ကနေ ဆယ်မိုင်ဝေးတဲ့ 'ရွာသာယာ' မှာ ဦးဖြိုး ဆိုတဲ့ အဘိုးကြီးတစ်ယောက် ရှိတယ်။
ပျောက်စေ ဆရာလို့ နာမည်ကြီးတာပဲ။ ဘာရောဂါကို မဆို လက်ခံကုသတယ်။
သွားပြကြည့်ပါလား"
ဝေဒနာ ခံစားနေရသူ ဦးဖြိုးဆီ ရောက်လာသည်။ မိမိခံစားနေရသည့် ဝေဒနာကို ရှင်းပြသည်။
ဦးဖြိုးက ပြောသည်။
"အဝတ်အစားကို ချွတ်ပြီး ခါးကို ကုန်းလိုက်ပါ"
အဘိုးကြီး မီးသီးအနီးတွင် ထွန်းထားသော မီးအိမ်ကို ယူလိုက်သည်။ ထို့နောက် လူနာ၏
စအိုရှေ့တွင် မီးအိမ်ကို ဝှေ့ယမ်းသည်။
ကုန်းနေရင်းက လူနာက မယုံတစ်ဝက်။ ယုံတစ်ဝက် ဖြင့် မေးသည်။
"အဘ။ မီးအိမ်ကို ပြတာနဲ့ ဝမ်းသွားတာ ရပ်ပါ့မလားဗျ"
"ဘာဖြစ်လို့ မရပ်ရမှာလဲ။ မီးရထားတောင် ရပ်သေးတာပဲ ဥစ္စာ"



အထင်မလွဲပါနဲ့

မခင်ထား ပရိဘောဂဆိုင်သို့ သွားပြီး အဝတ်ဗီရိုတစ်လုံးဝယ်သည်။ ဗီရိုမှာ
အသင့်ဆင်ပြီးသား မဟုတ်။ အိမ်ရောက်မှ ညွှန်ကြားချက်အတိုင်း တပ်ဆင်ရမည်ဖြစ်သည်။
ခက်ခဲသည် မဟုတ်၍ ဆိုင်က အလုပ်သမားကို မငှားတော့။ ကိုယ်တိုင်ပဲ ဆင်မည်ဟု
မခင်ထား ဆုံးဖြတ်လိုက်သည်။
အိမ်ရောက်သောအခါ ညွှန်ကြားချက်အတိုင်း အဝတ်ဗီရိုကို တပ်ဆင်သည်။ ယောက်ျား
အလုပ်က ပြန်လာသည့်အခါ အံ့သြဝမ်းသာမှာပဲဟု တွေးပြီး ဗီရိုကို မျက်စိ အရသာခံပြီး
ကြည့်နေသည်။ ဤအချိန်တွင် ဘတ်စ်ကားတစ်စီး အရှိန်နှင့် ဖြတ်မောင်းသွားသည်။
ဆင်ပြီးခါစ ဗီရို ပြိုကျသွားသည်။ ဤအတိုင်း အကြိမ်ကြိမ်ဖြစ်သည်။
ဘေးခန်းသို့ သွားပြီး မခင်ထား တံခါးခေါက်သည်။ အိမ်နီးချင်း ကိုမြ တံခါးကို
လာဖွင့်သည်။ ကိုမြသည် အိမ်နေ ဘောင်းဘီတိုလေး နှင့်ဖြစ်နေသည်။
ဤဘောင်းဘီတိုလေးနှင့်ပင် တစ်ဖက်ခန်းသို့ ကူးလားပြီး ဗီရိုကို ကူဆင်ပေးသည်။
ဘတ်စ်ကား ဖြတ်သွားသည်။
ဗီရိုပြိုကျသွားသည်။
ထပ်ဆင်ကြသည်။
ကားတစ်စီး ဖြတ်သွားပြန်သည်။
ဗီရို ပြိုကျသွားပြန်သည်။
ဓနောက်တစ်ကြိမ် ထပ်ဆင်လိုက်ကြမယ်။ ဒီတစ်ခါ ကျွန်တော် ဗီရိုထဲဝင်ပြီး
စောင့်ကြည့်မယ်ဓ
ဤအချိန်တွင် လူခေါ်ခေါင်းလောင်သံ မည်လာသည်။ မခင်ထား၏ ယောက်ျား ပြန်လာခြင်း
ဖြစ်သည်။ ဗီရိုဘက် လျှောက်သွားပြီး တံခါးကို ဆွဲဖွင့်သည်။ အထဲတွင်
ဘောင်းဘီတိုလေးနှင့် ကိုမြ။
"ဟေ့လူ။ ခင်ဗျား ဒီမှာ ဘာလုပ်နေတာလဲ"
"ကိုဘမောင်။ ခင်ဗျား အထင်မလွဲပါနဲ့။ ကျွန်တော် ဘတ်စ်ကားကို စောင့်နေတာပါ။
တကယ်ပါ။ ကျွန်တော် လိမ်မပြောပါဘူး"




ခွင့်လွှတ်ပါ

လူနာကို စမ်းသပ် စစ်ဆေးပြီးနောက် ဆရာဝန်က ပြောသည်။
"ခင်ဗျား ဆီးစစ်ဖို့ လိုလိမ့်မယ်။ အခု ကျွန်တော် ကိစ္စနဲ့ ခဏ အပြင်ထွက်သွားမယ်။ ရော့။
ဟောဒီ ပုလင်းထဲ ဆီးသွားလိုက်ပါ။ ဗီရိုနဲ့ ကွယ်ပြီးလုပ်ပေါ့"
မိနစ်အနည်းငယ် ဆရာဝန် ပြန်ရောက်လာသည်။ နံရုံစိုနေသည်ကို တွေရာ 'ခင်ဗျား
ဘယ်လိုလုပ်တာလဲ' ဆိုသည့် မေးခွန်းကို မေးသည့် အမူအရာဖြင့် လူနာကို
ကြည့်လိုက်သည်။ လူနာက ရှက်ကိုးရှက်ကန်းဖြင့် ပြောသည်။
"ကျွန်တော် စနိုက်ပါ ( လက်ဖြောင့်တပ်သား ) မှ မဟုတ်ဘဲ ဆရာရယ်"



ချိုပေါက်ပြီ

စိတ်ရောဂကု ဆရာဝန်ကို ကိုချူချာက ပြောသည်။
"ကျွန်တော့် မိန်းမနဲ့ ပတ်သတ်ပြီး အကူအညီ လာတောင်းတာပါဆရာ၊ အခုတလော
ကျွန်တော့်မိန်းမရဲ့ ခေါင်းထဲမှာ အတွေးတစ်ခု စွဲနေတယ်။ အဲဒါက ဘာလဲဆိုတော့
သူ့အဝတ်အစားကို တစ်ယောက်ယောက်က ခိုးလိမ့်မယ်ချည်း ထင်နေတယ်"
"ခင်ဗျား သေချာရဲ့လား"
"သေချာပါတယ် ဆရာ။ သူ့ပစ္စည်းတွေ မပျောက်အောင် စောင့်ကြည့်ဖို့
လူတစ်ယောက်ကိုတောင် ငှားထားတယ်။ မနေ့ညက အဲဒီလူကို အဝတ်အစား ဗီရိုထဲမှာ
ကျွန်တော် တွေ့လိုက်ရတယ်"



အကြောင်းအရင်း

စိတ်ရောဂါ အထူးကု ဆေးရုံမှ ဆရာဝန်တစ်ဦးကို လူနာက ပြောသည်။
"ဆရာဝန်တွေ အားလုံးအနက် ဆရာ့ကို ကျွန်တော့်တို့ အခင်ဆုံး၊ အချစ်ဆုံး ခင်ဗျ"
"ဘာဖြစ်လို့လဲ"
"ကျွန်တော့်တိုအထဲက တစ်ယောက်နဲ့တူလို့"



လှည်းကျိုးကိုထမ်းမိသည်

သမီးပျိုကို အမေလုပ်သူက မိမိငယ်စဉ်က အကြောင်းကို ပြောပြနေသည်။
"မေမေက 'ဟင့်အင်း၊ ဟင့်အင်း' လို့ အတင်းငြင်းတယ်။ အဲဒီ အခါမှာ သမီးရဲ့ ဖေဖေက
လေ။ မေမေ့ ရှေ့မှာ ဒူးထောက်ထိုင်လိုက်ပြီး အမျိုးမျိုး တောင်းပန်တော့တာပဲ"
တစ်ချိန်လုံး ငြိမ်သက်စွာ ထိုင်ပြီး သတင်းစာဖတ်နေသော ယောက်ျားက ဒေါသသံဖြင့်
မိန်းမကို လှမ်းပြောသည်။
"ဘာပြောတယ်။ ငါက မင်းရှေ့မှာ ဒူးထောက်ထိုင်လိုက်တယ် ဟုတ်လား"
မိန်းမက အေးအေးလေး ပြန်ဖြေသည်။
"စိတ်မရှိပါနဲ့ ကိုဘမောင်။ ကျွန်မတို့ရဲ့ သမီးလေးကို သူ့အဖေအကြောင်း ကျွန်မ
ပြောပြနေတာပါ"



ဖြစ်နိုင်ဖွယ်ရှိသည်

အတန်းပိုင်ဆရာမက တပည့်များကို ပြောသည်။
ကိုင်း တပည့်တို့ရေ။ 'ဖွယ်ရှိသည်' နဲ့ 'အဘယ့်ကြောင့်ဆိုသော်' ဆိုတဲ့ စာလုံးတွေသုံးပြီး
ဝါကျဖွဲ့ပြကြစမ်းကွယ်
အတန်းတွင် အသွက်ဆုံးဖြစ်သည့် 'မသီတာ' က အရင်ဆုံး ဖြေသည်။
"မိုးရွာဖွယ်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်တွင် မိုးတိမ်များ
အုံ့မှိုင်းနေသောကြောင့်ဖြစ်ပါသည်"
"မှန်တယ်။ နောက်ဘယ်သူ ပြောနိုင်သေးသလဲကွယ်"
ပီတာလေး ထပြောသည်။
"ကျွန်တော့ ဘွားဘွား သတင်းစာကို ကောက်ယူလိုက်သည်"
"အဲဒီတော့ ဘာဖြစ်သလဲ ။ ဝါကျ ဆက်ဖွဲ့လေ"
"ဘွားဘွား အိမ်သာ သွားဖွယ်ရှိသည်။ အဘယ်ကြောင့်ဆိုသော် သူ
စာမဖတ်တက်သောကြောင့်ဖြစ်သည်။"

No comments: