Thursday, February 4, 2010

ဟာသ(၃၅)

နောင်တ

ကိုချူချာ ထီဒေါ်လာတစ်သိန်း ပေါက်သည်။။ မိတ်ဆွေများက ဝမ်းသားစကား ပြောကြသည်။
"ခင်ဗျားဟာ တကယ့် ဖိုးကံကောင်းပဲဗျ။ ခင်ဗျားတို့ မိသားစုအတွက် ကျွန်တော်တို့ အားလုံး
ဝမ်းသာကြတယ်ဗျို့။ ဒါနဲ့ ခင်ဗျား မျက်နှာ မကောင်းပါလား။ ဘာဖြစ်လို့လဲ"
ကိုချူချာ မျက်ရည်ကို အနိုင်နိုင်ထိန်းရင်း ပြန်ပြောသည်။
"ထီလက်မှတ် နှစ်စောင် မဝယ်လိုက်ရ ကောင်းလားဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်လို့
မဆုံးဘူးဗျာ"



ကြော်ငြာ

အင်္ဂလန်ထုတ် ဂျာနယ်တစ်စောင်တွင် ကြော်ငြာတစ်ခုပါလာသည်။
"ကျွန်တော်တို့လင်မယား အသက်သုံးဆယ်ကျော်စီပဲ ရှိကြသေးသည်။ သားသမီးလေးယောက်
ရပြီး။ အားလုံးယောက်ျားလေးချည်း ဖြစ်သည်။ ကျွန်တော်တို့ သမီးလေး တစ်ယောက်
လိုချင်သည်။ အကြံÓဏ်အားဖြင့် ကူညီကြပါရန်"
ကြော်ငြာပါလာပြီး မကြာမီ ကမ္ဘာအရပ်ရပ်မှ အကြံပေးစာ ရောက်လာသည်။
အမေရိကန်နိုင်ငံသား - 'ဆက်လုပ် စမ်းသပ်ပါ'
သြစတေးလျနိုင်ငံသား - 'ဘုရားသခင်ရှေ့မှာ ဆုတောင်းပါ'
တောင်အာဖရိကနိုင်ငံသား - ' အစားအသောက် ဆင်ခြင်ပါ'
အိန္ဒိယနိုင်ငံသား - 'ယောဂီ ကျင့်သူများ အသင်းသို့ ဝင်ပါ'
အီတလီနိုင်ငံသား - 'အမြန်ဆုံးလာခဲ့မယ်'



စာကြည့်တိုက်မှာ

"ကျွန်တော် 'သူခိုးရန်မှ ကာကွယ်နည်း' စာအုပ်ကို ဖတ်ချင်ပါတယ်။ အဲဒီစာအုပ်
ဒီစာကြည့်တိုက်မှာ ရှိသလားဟင်"
"ရှိခဲ့တယ်။ ဒါပေမယ့် တစ်လောက အခိုးခံလိုက်ရတယ်။"



အကျင့်ရှိပြီးသား

သူဋ္ဌေးကတော်က အိမ်ဖော်မ အသစ်ကို ပြောသည်။
"ညည်းကို ငါ ကြိုပြောထားချင်တယ်။ ဒီအိမ်က အကြီးကြီး။ ပြီးတော့ နေတဲ့လူကလည်း
အများကြီး။ အဲဒီတော့ ညည်းအတွက် အားချိန် နားချိန်ဆိုတာ ရှိမှာ မဟုတ်ဘူး။"
"စိတ်မပူပါနဲ့ ဒေါ်ဒေါ်။ ကျွန်မ တောမှာ နေတုန်းက ဝက်အကောင် နှစ်ဆယ်ကို နေစဥ့်
အစာချက်ကျွေးရတယ်။ ဝက်ခြံကိုလည်း နေ့စဉ် သန့်ရှင်းရေး လုပ်ခဲ့ရပါတယ်ရှင့်"



လူသားပဲစားမယ်

လေယာဉ်မယ် ခရီးသည်တစ်ဦးချင်းကို ကျွေးမွေးမည့် ဟင်းလျာ စာရင်းစာရွက်ကို
လိုက်ပေးသည်။ ထိုလေယာဉ်ပေါ်တွင် အာဖရိကတိုက် မျိုးရိုးအုပ်စုတစ်စုမှ
ကပ္ပလီတစ်ယောက်လည်းလိုက်ပါလာသည်။ ¤င်း၏အလှည့်သို့ ရောက်သောအခါ ကပ္ပလီက
ဟင်းလျာစာရွက်ကို လေယာဉ်မယ်အား ပြန်ပေးပြီး ပြောသည်။
"ကျွန်တော့အတွက် မလိုပါဘူး။ ဒီလေယာဉ်နဲ့ လိုက်ပါလာတဲ့ ခရီးသည်စာရင်းသာ
ကျေးဇူးပြုပြီး ယူလာခဲ့ပေးပါ"



နေရာဟောင်း

ဟီးနိုးကားကြီးပေါ် လိုက်ပါလာသော ကမ္ဘာလှည့် ခရီးသည်များသည် ဒရိုင်ဘာ၏
လက်စွမ်းပြမှုကြောင့် အကုန်လုံး ဘုရားတနေကြရသည်။ လမ်းကွေ့တွင် ဘရိတ်မအုပ်၊
အရှိန်မလျှော့ဘဲ တအားကွေ့ပစ်သည်။ မီးနီ ပြနေသော်လည်း အတင်း ဖြတ်မောင်းသည်။
တစ်ဖက်မှလာသော ဓာတ်ဆီတင်ကားနဲ့ သီသီလေးလွတ်သွားသည်။ ရှေ့က ကားကို
လူသွားလမ်းပေါ် တက်မောင်းပြီး ဖြတ်ကျော်သည်။ ခရီးသည်အားလုံး ရင်တမမနှင့်
လိုက်ပါလာကြရသည်။ ဤသည့်ကြားမှ ဒရိုင်ဘာသည် မြို့၏ စိတ်ဝင်စားဖွယ်ရာ
နေရာများကို မိုက်ခရိုဖုန်းမှ တဆင့် ကြေညာပေးသည်။ တစ်နေရာတွင် ¤င်းက ဤသို့
ကြေညာသည်။
"ခရီးသည်များ ခင်ဗျာ။ ညာဘက်မှာ တွေ့ရတဲ့ လေးထပ်တိုက် အဆောက်အဦးဟာ
စိတ်ရောဂါ အထူးကု ဆေးရုံကြီး ဖြစ်ပါတယ်။ အဲဒီဆေးရုံမှာ ကျွန်တော် ဆယ်နှစ်တိတိ
နေခဲ့ပါတယ်ခင်ဗျာ" မှတ်ကရော။



ပင်းဂွင်းငှက်

ကက်သလစ်ဘာသာဝင်တွေ နေထိုင်ရာ အီတလီနိုင်ငံတွင် ဖြစ်သည်။
အဝေးပြေးကုန်တင်ကားကြီးတစ်စီး ဆယ်ရက်ကြာ ခရီးစဉ်မှ ပြန်လာသည်။ ကားပေါ်တွင်
ယာဉ်မောင်းနှစ်ဦး ပါလာသည်။ တစ်ယောက်က ကားကို မောင်းသည်။
နောက်တစ်ယောက်က နားရမည့် အလှည့်ဖြစ်၍ ဘေးနားတွင် ငိုက်ပြီးလိုက်လာသည်။
ဆောင်းရာသီဖြစ်၍ နှင်းတွေကျနေသည်။
လမ်းကို သတိထားမောင်းရသည်။ မြင်ကွင်းလည်းမပြတ်သားလှ။
မောင်းနေရင်းက ရုတ်တရက် ဘေးမှ အိပ်နေသော အဖော်ကို ဒရိုင်ဘာမှ မေးသည်။
"ဟေ့ကောင် ပင်းဂွင်းငှက်ရဲ့ အရပ်အမြင့် ဘယ်လောက်ရှိသလဲဆိုတာ မင်း သိသလားကွ
ဟေ"
အိပ်ချင်မူးတူးဖြစ်နေသော အဖော်က စိတ်တိုတိုနှင့် ပြန်ပြောသည်။
"ဘယ်က ပင်းဂွင်းလဲ။ ဘာလုပ်ဖို့လဲ။ မသိဘူး။ ငါ အေးအေး အိပ်စမ်းပါရစေ"
အချိန်အနည်းငယ် ကြာသောအခါ မောင်းနေသူက အဖော်ကို နှိုးပြီး ပြောပြန်သည်။
"ဟေ့ကောင်။ ကားထဲမှာပါတဲ့ အညွှန်းစာအုပ်ကို ပင်းဂွင်းငှက်ရဲ့ အရပ်အမြင့်
ဘယ်လောက်ရှိသလဲ ဆိုတာ ရှာစမ်းပါ။ မင်းကို ငါ တောင်းပန်ပါတယ်"
"အဓိပ္ပါယ်မရှိတာတွေ ငါ့ကို မပြောစမ်းနဲ့။ မင်း ရူးနေသလား။ ကောင်းကောင်းကို
မအိပ်ရဘူး။ တောက်"
မိုင် အနည်းငယ် ဆက်မောင်းသောအခါ ဒရိုင်ဘာသည် ဘရိတ်အုတ်ပြီး ကားစက်ကို
ရပ်လိုက်သည်။ အိပ်နေသူ အပြီးအပိုင် နိုးလာသည်။
"ဟေ့ကောင်။ ကားကို ဘာဖြစ်လို့ ရပ်လိုက်ရတာလဲ"
"ပင်းဂွင်းငှက်ရဲ့ အရပ်အမြင့် ဘယ်လောက်ရှိသလဲဆိုတာ မင်း ငါ့ကို မဖြေမချင်း ဘယ်ကိုမှ
မသွားဘူးကွာ ကဲ"
အဖော်ဖြစ်သူ မတက်နိုင်တော့။ သူငယ်ချင်းနှင့် ဆက်ပြီး စကားများနေလျှင်
အိပ်ရတော့မည် မဟုတ်ဟု သဘောပေါက်သွားသည်။ သို့နှင့်
အိတ်ဆောင် အညွှန်းစာအုပ် တစ်အုပ်ကို ဆွဲယူပြီး ရှာသည်။
"တွေ့ပြီ။ တစ်ပေခွဲရှိတယ်"
ကားဆရာသည် 'တစ်ပေခွဲ၊ တစ်ပေခွဲ၊ တစ်ပေခွဲ' ဟု နှုတ်မှ ရေရွတ်ပြီး အဖော်ဖြစ်သူကို
ပြောသည်။
"ဟေ့ကောင်။ လွန်ခဲ့တဲ့ နှစ်နာရီလောက်က ငါ မယ်သီလရင် နှစ်ယောက်ကို
တက်ကြိတ်မိတယ်ထင်တယ်ကွာ"
“ဟိုက်”




တစ်ပတ်မရိုက်နဲ့

တစ်နေ့ ကိုချူချာ မော်စကိုမြို့လယ်ခေါင်ရှိ ရင်ပြင်နီတွင် လမ်းလျှောက်နေသည်။
'စပတ်စကီးမျှော်စင်' ရှိ နာရီကြီးကို ရပ်ပြီး ကြည့်သည်။ လူတစ်ယောက်ရောက်လာပြီး
မေးသည်။
"ဘာလဲ၊ နာရီကို သဘောကျတယ်ထင်တယ်"
"ဟုတ်တယ်"
"လိုချင်သလား"
"လိုချင်တယ်"
"ဒေါ်လာတစ်ထောင်ပေး၊ ဒီမှာ ခဏစောင့်နေ။ လှေးကားကို ငါ ပြေးယူလိုက်မယ်"
ဒေါ်လာတစ်ထောက်ယူပြီး ထွက်သွားသည်။ သုံးနာရီ ကြာသွားသည်။ လှေကားသွားယူသူ
မပေါ်လာချေ။ အလိမ်မိပြီဟူ ကိုချူချာ သဘောပေါက်သွားသည်။ ရွာသို့
ပြန်ရောက်သောအခါ ဤအကြောင်းကို မိတ်ဆွေများကို ပြောပြသည်။
ကိုချူချာ၏ ညီ မော်စကိုသို့ ရောက်လာသည်။ ရင်ပြင်နီသွားပြီး မျှောင်စင်ပေါ်က နာရီကို
အစ်ကိုဖြစ်သူအတိုင်း ရပ်ကြည့်သည်။ လူတစ်ယောက် ရောက်လာပြီး မေးသည်။
"ကြိုက်သလား"
"ကြိုက်တယ်"
"လိုချင်သလား"
"လိုချင်တယ်"
"အဲဒါဆို ဒေါ်လာ တစ်ထောင်ပေး။ ရမယ်။ ကိုင်း ဒီမှာ ခဏစောင့်နေ။ ငါ လှေကား၊
ပြေးယူလိုက်မယ်"
"ကိုချူချာ မထုံဘူးနော်။ တစ်ပတ်ရိုက်လို့ မရဘူး။ ရော့ ပိုက်ဆံယူပြီး ဒီမှာ စောင့်နေ။
ငါကိုယ်တိုင် လှေကား သွားယူမယ်"



ဒါဘာဟုတ်သေးလဲ

လူတစ်ယောက် စားသောက်ဆိုင်တွင် နေ့လယ်စား စားနေသည်။ ပထမဦးဆုံး ပုစွန်ချိုဟင်းကို
စားသည်။ စားနေရင်းက ပန်းကန်ထဲက ပုစွန်တစ်ကောင် ထွက်လာပြီး စားပွဲပေါ်
လမ်းလျှောက်သွားသည်။ ပန်းကန်ကို ဖယ်လိုက်ပြီး မှာထားသည့် ဖားကြော်ကို
ဆက်စားသည်။ ဤတစ်ခါလည်း ဖားတစ်ကောင် ပန်းကန်ထဲမှ ခုန်ထွက်လာကာ စားပွဲပေါ်
လျှောက်သည်။ ယောက်ျားကြီး စားချင်စိတ် ကုန်သွားသည်။ စိတ်လည်း အကြီးအကျယ်
တိုသွားသည်။ သို့နှင့် မန်နေဂျာကို ခေါ်ပြီး ပြောသည်။
"ဘယ်လိုဟာလဲဗျ။ ပုစွန်က တွားသွားတယ်။ ဖားခုန်ထွက်တယ်။ ကျုပ် ပိုက်ဆံ
ပေးစားတာဗျ။ ဘာတွေ ကျွေးတာလဲ"
"လူကြီးမင်း ကံကောင်းတယ်မှတ်ပါ။ မနေ့ကသာ ကျွန်တော်တို့ဆီမှာ ငါးမန်းဟင်းချို နဲ့
စပါးကြီးမြွေကြော်ပဲ ရမှာဗျ။ ကျွန်တော်တို့ကို ကျေးဇူးတင်စကားတောင် ပြောသင့်တယ်။
ဟင်း"



သတိရမိတယ်

ကိုဘမောင် ကိုယ်စားလှယ် အဖွဲ့တစ်ခုနှင့် ပြစ်သစ်သို့ ရောက်သွားသည်။
အားချိန်အနည်းငယ်ရသည်နှင့် ပဲရစ်မြို့ကို လျှောက်လည်သည်။ တစ်နေရာတွင်
တစ်စုံတစ်ခုကို သတိရသည်နှင့် 'ထွီ ' ဟု တံတွေး ထွေးလိုက်သည်။ ပြစ်သစ်ရဲ ချက်ချင်း
ရောက်လာပြီး ပြောသည်။
"ဒီနေရာမှာ တံတွေး မထွေးရပါဘူး။ ဒဏ်ငွေ ၂ဝဝ- ဆောင်ပါ"
သူတို့နိုင်ငံက စည်းကမ်းကို ဖောက်ဖျက်မိလျက်သား ဖြစ်နေပြီး ပိုက်ဆံကလည်း
သိပ်မများဟု ယူဆသဖြင့် ကိုဘမောင် အကြောက်အကန် မပြောတော့ပဲ ဒဏ်ငွေ
ဆောင်လိုက်သည်။ အိမ်သို့ ပြန်ရောက်သောအခါ ပြစ်သစ် အတွေ့အကြုံအကြောင်းကို
မိန်းမက မေးသည်။
"ပဲရစ်က လှတယ် မဟုတ်လား။ အီဖယ်မျှော်စင်ကိုကော ရောက်ခဲ့ရဲ့လား"
"အင်း"
"ကဖေးတွေ၊ စားသောက်ဆိုင်တွေ၊ အင်မတန် အဆင့်အတန်း မြင့်တယ်လို့ ကြားတယ်"
"အင်း"
"ပြစ်သစ်မတွေ သိပ်ချောတယ်ဆို"
"အင်း"
"ကိုဘမောင်။ ရှင် ကျွန်မကို တစ်ချက်လေးမှ သတိမရဘူးလားဟင်"
"သတိရတာပေါ့။ အဲဒါကြောင့် ပိုက်ဆံတောင် နှစ်ရာထွက်သွားတယ်"



ကြောက်တယ်

ပြဇာတ်သစ်တစ်ခုကို အထူးပွဲအဖြစ် တင်ဆက်ကပြသည်။
ပြဇာတ်ဒါရိုက်တာနှင့် ပြဇာတ်ရုံ မန်နေဂျာသည် စိတ်လှုပ်ရှားမှုဖြင့် ဇာတ်ခုံနောက်နှင့်
ရုံရှေ့ကို သွားချည်လာချည် လုပ်နေကြသည်။ ပရိသတ်၏ တုံပြန်ချက် မည်သို့
ရှိမည်နည်းဆိုသည်ကို တွေးပူးနေကြသည်။ ပြဇာတ်စပြီး ၁၅- မိနစ်ပင် မကြာသေး။
လူတစ်ယောက် ရုံးထဲမှ ထွက်လာသည်။ ဒါရိုက်တာနှင့် မန်နေဂျာ ထိုသူ့ဆီ ပြေးသွားပြီး
ဝိုင်းမေးကြသည်။
"ဘာဖြစ်လို့ ထွက်လာတာလဲ၊ ဇာတ်လမ်းကို မကြိုက်လို့လားခင်ဗျာ"
"မဟုတ်ပါဘူး။ ဇာတ်လမ်းအစကို ကြည့်တာနဲ့ စိတ်ဝင်စားစရာပဲလို့ မှတ်ချက်ချပါတယ်"
"ဘာလဲ၊ ဇာတ်ဆောင်တွေ ကပြတာ မကောင်းလို့လား"
"မဟုတ်ပါဘူး၊ သရုပ်ဆောင်တာ မဆိုးကြပါဘူး"
"ဘာလဲ၊ ဇာတ်ဆောင်တွေ ဝတ်ထားတဲ့ အဝတ်အစား ဒါမှမဟုတ်
အခမ်းအနား ပြင်ဆင်ထားမှုကို သဘောမကျလို့လား"
"ဒီလိုလည်း မဟုတ်ပါဘူး"
"အဲဒါဆို ဘာဖြစ်လို့ ရုံထဲက ထွက်လာတာလဲဗျာ"
"ရုံထဲမှာ တစ်ယောက်တည်း ထိုင်ကြည့်နေရတာ ကြောက်လာလို့ပါ"

No comments: