ငွေ ငွေ ငွေ
ခွဲစိတ်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။
ခွဲစိတ်ကိရိယာများ အပြည့်အစုံ ချထားသည်။
လူနာကို မေ့ဆေးထိုးပေးပြီးပြီ။
ခွဲစိတ်ဆရာဝန်ကြီးကို အားလုံး စောင့်နေကြသည်။
ခဏအကြာတွင် ဆရာဝန်ကြီး ခွဲစိတ်ခန်းထဲ ဝင်လာပြီး ပြောသည်။
"ကိုင်း၊ စလို့ ရပြီး။ ခွဲစိတ်ခရပြီ"
ကြင်နာမှု
လူကြီးတစ်ယောက်သည် ၄င်း၏ဇနီးကို လက်ကဆွဲလျက် သွားကုဆရာဝန်၏ ဆေးခန်းထဲသို့
ဝင်လာသည်။ လူကြီးက မေးသည်။
"ဒေါက်တာ၊ သွားတစ်ချောင်း နှုတ်ခ ဘယ်လောက်ကျပါသလဲခင်ဗျာ"
"ထုံးဆေးထိုးပြီး နှုတ်ရင် ၁၅ဝဝ၊ ထုံးဆေးမပါဘဲဆိုရင် ၁ဝဝဝ ပါ"
"ထုံးဆေးမပါဘဲ နှုတ်ပေးပါ"
ခင်ဗျားတော်တော် သတ္တိကောင်းပါလား ဆရာဝန်ကြီးက ချီးကျူးစကား ပြောသည်။
လူကြီး ဇနီးသည်ဘက် လှည့်လိုက်သည်။
"မိန်းမရေ။ မင်းကို ငါ အပြင်ဘက်မှာ စောင့်နေမယ်နော်"
စိတ်ညှို့ကုသခြင်း
စိတ်ရောဂါကု ဆရာဝန်သည် လူနာကို စိတ်ညှို့နည်းကို သုံးပြု၍ ကုသနေသည်။
"ကျွန်တော် ပြောတဲ့အတိုင်း ဖြည်းဖြည်းချင်း လိုက်ပြောပါ။ ငါ နေကောင်းလာ ... ပြီ။ ငါ
နေကောင်း ... လာပြီ"
သတ်မှတ်ချိန် ကုန်ဆုံးသောအခါ လူနာသည် တကယ်ဘဲ သက်သာလာသည်။
"ကိုင်း နှစ်ထောက်ကျပါတယ်"
"ဒေါက်တာ။ ကျွန်တော် ပြောတဲ့အတိုင်း ဖြည်းဖြည်းချင်း လိုက်ပြောပါ။ ငါ့ကို ပိုက်ဆံ ...
ပေး .. ပြီး .. ပြီး .. ငါ့ကို ..... ပိုက်ဆံ ... ပေး .. ပြီး .... ပြီး"
စကားများတဲ့အကျိုး
"ခင်ဗျား မိန်းမ တယ် စကားများပါလားဗျာ"
"များတာတော့ မပြောနဲ့။ မနှစ်နွေက ကျွန်တော်တို့ ပင်လယ်ကမ်းစပ်မှာ သွားပြီး
အနားယူတုန်းက သူ့ခမြာ လျှာတောင် နေလောင်သွားတယ်"
အန္တရယ်များတဲ့စာအုပ်
ယောက်ျားဖြစ်သူ အလုပ်မှ ပြန်လာသည်။ တစ်အိမ်လုံး ဗြောင်းဆန်နေသည်။ မိန်းမဖြစ်သညူ
တစ်စုံတစ်ခုကို သည်းသည်းမဲမဲ ရှာနေသည်ကို တွေ့ရသည်။ သို့နှင့် မေးသည်။
"မိန်းမရေ၊ မင်းဘာ ရှာနေတာလဲကွ။ ငါ ကူရှာပေးရအောင်"
"တလောက ကျွန်မ ဝယ်လာတဲ့ စာအုပ်ပျောက်နေလို့"
"ဘာစာအုပ်လဲ"
"အသက်ရှည်နည်းစာအုပ်"
"ရှာမနေနဲ့၊ ငါ မီးရှို့လိုက်ပြီ"
"ဘာပြောတယ်။ မီးရှို့လိုက်တယ် ဟုတ်လား"
"ဟုတ်တယ်"
"ဘာဖြစ်လို့လဲတော့"
"မင်းအမေ စိတ်ဝင်တစား ဖတ်နေတာကို တွေ့လို့"
ဘယ်တက်မလဲ
အီတလီသားက ၄င်း၏ မိတ်ဆွေကို ပြောသည်။
"မနှစ်နွေက ကျွန်တော် မိန်းမနဲ့အတူ ပင်လယ်ကမ်းခြေမှာ အနားသွားယူတယ်။
မိန်းမကိုလည်း ရေကူးသင်ပေးတယ်ဗျ"
"ဟုတ်လား။ ရေကူးတက်သွားသလား"
"ဟင့်အင်း"
"ဘာဖြစ်လို့လဲ။ သူ ရေကို ကြောက်လို့လား"
"မဟုတ်ပါဘူး။ ပါးစပ်ကို ပိတ်မထားတက်လို့"
အယူမသည်းပါ
အီတလီသားတစ်ယောက် လေယာဉ်ပျံရုံသို့ ရောက်လာပြီး ၁၃-ရက်နေ့ (သောကြာနေ့)
အတွက် လက်မှတ်တစ်စောင်ဝယ်သည်။ ဘေးနားက လူတစ်ယောက်က မေးသည်။
"၁၃-ရက်နေ့အတွက် ခင်ဗျား လက်မှတ် ဝယ်တယ်နော်။ ခင်ဗျား မကြောက်ဘူးလား။
ပြီးတော့ လေယာဉ်ကုမ္ပဏီကလည်း သိပ်နာမည် မရှိသေးဘူး"
"ကျွန်တော် ဒါတွေ အယုံအကြည် မရှိဘူးဗျ။ ပြီးတော့ ခရီးသွားမှာက ကျွန်တော်
မဟုတ်ဘူး။ ကျွန်တော့ မိန်းမ"
မပျော်ဘူးဟေ့
မစ္စတာ ရိုစီက ၄င်း၏ဇနီးကို ပြောသည်။
"အိမ်က ခွေးကို တိရစ္ဆာန်ဆရာဝန်ဆီ ခေါ် သွားရအောင်။ ဒီကောင့် အမြီးကို
ဖြတ်ခိုင်းလိုက်ရအောင်"
"ရှင် ဘာအဓိပ္ပါယ်မရှိတဲ့ စကားတွေ လာပြောနေရတာလဲ။ ပြီးတော့ ကျွန်မမှာ လုပ်စရာတွေ
အများကြီး မနက်ဖြန် မေမေ ရောက်လာမယ်ဆိုတာ ရှင် မေ့နေပြီးလား"
"အဲဒါကြောင့်မို့လို့ တိရစ္ဆာန်ဆရာဝန်ဆီ သွားရအောင်လို့ ငါ ပြောတာပေါ့။ သူ
ရောက်လာတာကို တို့အိမ်ထဲက တစ်ယောက်ယောက် ဝမ်းသာနေပါလားလို့
မင်းအမေထင်သွားမှာ စိုးတယ်ကွ"
အလိုက်သိသူ
ရန်ကုန်ရှိ သူငယ်ချင်းဖြစ်သူထံတွင် ကိုဘမောင် နှစ်လကြာ လာရောက်တည်းခိုသည်။
နောက်ဆုံး ကိုဘမောင် ပြန်မည့်ရက်သို့ ရောက်လာသည်။ အိမ်ရှင် သူငယ်ချင်းက
ကိုဘမောင်ကို ဘူတာရုံထိ လိုက်ပို့သည်။ ရထားထွက်ရန် နှစ်နာရီခန့် လိုနေသေးသဖြင့်
နှစ်ယောက်သား စားသောက်ဆိုင်ဝင်စားကြသည်။ စားသောက်ပြီးစီးသောအခါ သူငယ်ချင်းက
ငွေချေရန်အတွက် ပိုက်ဆံအိတ်ကို နှိုက်သည်။ ကိုဘမောင်သူ့ကို တားသည်။
"မလုပ်ပါနဲ့ဗျာ။ ခင်ဗျားအိမ်မှာ ကျွန်တော် နှစ်လတိတိ နေထိုင်စားသောက်ခဲ့တယ်။
ခင်ဗျားတို့ မိသားစုတစ်ခုလုံး မငြိုမငြင်နဲ့ ကျွန်တော့ကို ပြုစုခဲ့ကြတယ်။ ဒီတစ်ခါတော့
ကျွန်တော်တစ်ဝက်ပေးပါရစေ"
သုံးရက်သက်တမ်း
ရုံပိုင်ချုပ်၏ အခန်းထဲသို့ လူကြီးတစ်ယောက် ဝင်လာပြီး ရှူးရှူးရှားရှား ပြောသည်။
"ဘယ်လိုဟာလဲ။ ကျွန်တော် စီးရမည့်ရထား အခုထိတောင် မထွက်သေးပါဘူး။ ထွက်ရမည့်
အချိန်ထက် တစ်နာရီတောင် နောက်ကျနေပြီ"
"ဒီလောက်အထိ စိတ်လှုပ်ရှားစရာ မလိုပါဘူးခင်ဗျာ။ ဦးအောင်ဝယ်ထားတဲ့ လက်မှတ်ဟာ
သုံးရက်တိတိ သက်တမ်းရှိပါတယ် ခင်ဗျာ"
အရှုံးမခံဘူး
ကိုချူချာ မော်စကိုမှ ပြန်လာသည်။ တစ်ရွာတည်းနေ မိတ်ဆွေများက မော်စကို
အတွေ့အကြုံကို ပြောပြရန် တောင်းပန်ကြသည်။ ကိုချူချာ စပြောသည်။
"ကျွန်တော် သွားတည်းတဲ့ ဟော်တယ်မှာ အခန်းခ ဒေါ်လာ ၂ဝဝ- တောင် ပေးရတယ်"
"အင်း၊ နည်းတဲ့ ငွေ မဟုတ်ပါလား။ ဒါပေမယ့် စိတ်ဝင်စားစရာ နေရာတွေတော့
ရောက်ခဲ့မှာပေါ့"
"ဘယ်မှ မရောက်ခဲ့ဘူး။ ဒီလောက် ဈေးကြီးပေးတဲ့အခန်းကို အပြည့်အဝ အသုံးချမယ်လို့
ဆုံးဖြတ်ပြီး တစ်ပတ်လုံးလုံး ဘယ်ကိုမှ မထွက်ဘူး။ ဘယ် အရှုံးခံနိုင်မလဲ။ မဟုတ်ဘူးလား"

No comments:
Post a Comment