Monday, February 22, 2010

ဟာသ(၃၇)


ဟုတ်သလိုလိုပဲ

ဆရာမက မေးသည်။
"ကုန်းပေါ်မှာရော၊ ရေပေါ်မှာပါ နေနိုင်တဲ့ သတ္တဝါဟာ ဘာလဲကွယ်"
ပီတာလေး ထဖြေသည်။
"သင်္ဘောသား"




အကြောင်းရင်း

လေ့လာရာခရီးအဖြစ် ဆရာမသည် အတန်းသူ အတန်းသားများကို
ဆောက်လုပ်ရေးစခန်းတစ်ခုဆီ ခေါ်သွားသည်။ ¤င်းတို့ ရောက်ရှိနေစဉ်တွင်
ဆောက်လုပ်ရေးလုပ်သားတစ်ဦးသည် ထောင်ထားသော လှေကားပေါ်မှ ကျကာ ပွဲချင်းပြီး
သေသွားသည်။
ကျောင်းသူကျောင်းသားများ ကျေင်းသို့ ပြန်လာကြသည်။ မြင်ခဲ့ရသော စိတ်မကောင်းစရာနှင့်
ပတ်သတ်၍ ဆရာမက စကားစသည်။
"မသီတာ၊ လုပ်သာကြီး ဘာဖြစ်လို့ လိမ့်ကျတယ် ထင်သလဲကွယ်"
"လုံခြုံရေးစည်းကမ်းတွေကို မလိုက်နာလို့လို ထင်ပါတယ်"
"မောင်နီ၊ မင်းကကော ဘယ်လို ထင်သလဲကွယ့်"
"အဲဒီ ဦးဦး အရက်သောက်ထားတယ် ထင်ပါတယ်"
ပီတာလေး နေရာမှ ထပြီး ပြောသည်။
"မဟုတ်ဘူး။ ကျွန်တော့ အမေကို သူဆဲလို သူ လိမ့်ကျတာ"
"ဟဲ့။ မင်းဘာဖြစ်လို့ ဒီလို ပြောတာတုန်း"
"ကျွန်တော် ကိုယ်တိုင် ကြားလိုက်တာပဲ၊ 'ဟေ့ ချာတိတ်၊ မင်းအမေ .... ၊ လှေကားကို
မလှုပ်ပါနဲ့လို့ မင်းကိုဘယ်နှစ်ခါ ပြောရမလဲကွ ဟေ ' တဲ့"




စမ်းသပ်နည်း

မီးခြစ်ဆံများ ကောင်းမကောင်း ကိုချူချာ ဤသို့ စမ်းသပ်သည်။
မီးခြစ်ဆံကို ခြစ်လိုက်သည်။ တစ်ချက်တည်းနှင့် မတောက်လျှင် မကောင်းဟု သတ်မှတ်ကာ
လွှင့်ပစ်သည်။
တစ်ချက်တည်းနှင့် မီးတောက်လျှင် ကောင်းသည်ဟု သတ်မှတ်ကာ မီးငြိမ်းပြီး မီးခြစ်ဖာထဲ
ပြန်ထည့်သည်။




ချူချာစစ်သား

တပ်ကြပ်ကြီးက တပ်သားချူချာကို ပြောသည်။
ဓတပ်သားချူချာ ငါ တစ်နာရီလောက် အိပ်လိုက်ချင်တယ်။ တကယ်လို့
ဗိုလ်ချုပ်လာတယ်ဆိုရင် ငါ့ကို နှိုး၊ ကြားလားဓ
တစ်နာရီ ကြာသွားသည်။ တပ်ကြပ်ကြီးက မေးသည်။
"ဗိုလ်ချုပ် လာသွားသေလား"
"ဟင့်အင်း"
"အေး၊ ဒါဆို ငါ နောက်တစ်နာရီလောက် အိပ်လိုက်ဦးမယ်။ ဗိုလ်ချုပ်လာတာ တွေ့ရင်တော့
ငါ့ကို ချက်ချင် နှိုးနော်၊ ကြားလား"
နောက်တစ်နာရီ ကြာသွားသည်။ တပ်ကြပ်ကြီး မျက်လုံးဖွင့်ပြီး မေးသည်။
"ဗိုလ်ချုပ် လာသွားသေလား"
"ဟင့်အင်း"
"အေး ငါ ခဏ ဆက်အိပ်လိုက်ဦးမယ်။ လာရင်တော့ ထုံးစံ အတိုင်းပေါ့။ ဟုတ်လား"
ဗိုလ်ချုပ်ရောက်လာသည်။
တပ်သား ချူချာက လှမ်းမေးသည်။
"ခင်ဗျား ဗိုလ်ချုပ်လား"
"ဟုတ်တယ်"
"ခင်ဗျား ဘယ်လျှောက်သွားနေတာလဲ။ ခင်ဗျားကို ဆာဂျင်စောင့်နေတာ သုံးနာရီတောင်
ရှိသွားပြီ"




လွတ်လပ်ရေးရန်ပုံငွေ

ချူကော့ကာပြည်နယ် လွတ်လပ်ရေးရဖို့အတွက် နို့စားနွားမကို ရန်ပုံငွေအဖြစ် ထည့်ဝင်ရန်
အသင့်ရှိ မရှိ ကိုချူချာကို မေးသည်။
"ထည့်ဝင်ပါမယ်"
"ဝက်ဆိုရင်ကော"
"ပေးပါတယ်"
"ဆိတ်ကို ထည့်ဝင်ပါလို့ ဆိုရင်ကော"
"ဒါလည်း အသင့်ပါပဲ"
"သိုးကို ပေးပါလို့ ပြောရင်ကောဗျ"
"ဒါတော့ မဖြစ်ဘူး"
"ဘာဖြစ်လို့လဲ"
"သိုးက ကျွန်တော့ဆီမှာ တကယ်ရှိတာကိုး"



နားမထောင်ပါရစေနဲ့

အမေရိကန်၊ အင်္ဂလိပ်နှင့် ရုရှားတို့ သုးံ ဦးကို လူရိုင်းများ ဖမ်းမိသွားကြသည်။ ¤င်းတို့ကို
မသတ်ခင် ဆန္ဒတစ်ခုဆီကို ဖြည့်ဆည်းပေးရန် သူရိုင်းခေါင်းဆောင် ကတိပြုသည်။
ရုရှားက ဗောဒ့်ကာ အဝသောက်ချင်သည်ဟု ပြောရာ သောက်နိုင်သလောက် သောက်ခိုင်းပြီး
သတ်လိုက်သည်။
အမေရိကန်က မိန့်ခွန်းချွေချင်သည်ဟု ပြောသည်။ ဤတွင် အင်္ဂလိပ်က ကြားဖြတ်ပြီး
ပြောသည်။
"အမေရိကန် မိန့်ခွန်း မပြောခင် ကျွန်တော့ကို သတ်ပါ"



အထင်ကြီးရင်ပြီးရော

မော်စကိုဗစ်ခ်ျကားစုတ်ကလေးတွင် ဂျူးနှစ်ယောက် လိုက်ပါလာကြသည်။
တစ်ယောက်ကမောင်ပြီး နောက်တစ်ယောက်က ¤င်း၏ ဘေးခုံတွင် ထိုင်သည်။ ထိုင်နေသူက
ပြောသည်။
"အပြင်မှာ အပူချိန် ၁ဝဝ- ဒီဂရီ။ ငါတို့ ကိုယ်ပေါ်မှာ သက္ကလပ် ဝတ်စုံနဲ့။ ဒီကြားထဲ
ကားတံခါးတွေ အလုံပိတ်ထားတယ်။ အိုက်တာနဲ့။ အသက်ရှူမဝတာနဲ့ သေတော့မယ်။ မိုရှေ၊
ကားမှန် ဖွင့်ပါရစေကွာ"
"မဖွင့်ရဘူး"
ခဏကြာသွားသည်။ ထိုင်နေသူ ထပ်ပြောပြန်သည်။
"မိုရှေ၊ ငါ မနေနိုင်တော့ဘူး။ ကားမှန်ကို ငါဖွင့်မယ်ကွာ"
"မဖွင့်ရဘူး"
"ဘာဖြစ်လို့လဲကွာ"
"ကားထဲမှာ လေအေးစက် ဖွင့်ထားတယ်လို့ သူများတွေ ထင်စမ်းပါစေကွာ"



ကြိုတင်ပြင်ဆင်မှု

ဂျူးအဘိုးကြီး နေ့လယ်စာ စားရန် ပြင်သည်။ ဘေးနားတွင် ထိုင်နေသော ဇနီးသည်သည်
တစ်ကိုယ်လုံး အမည်းရောင် အဝတ်အစား ဝတ်ထားသည်ကို တွေ့ရာ မေးလိုက်သည်။
"ဟေ့၊ မင်းဘာဖြစ်လို့ တစ်ကိုယ်လုံး အမည်းရောင် ဝတ်ထားရတာလဲကွ"
"ဒီနေ့ ရှင့်အတွက် မှိုဟင်းချက်ထားလို့ပါ"




ထိုးနှက်ချက်

ဂျူးအမျိုးသမီး နှစ်ယောက် စကားပြောနေကြသည်။
"ဒီနေ့ ရှင်ဝတ်ထားတဲ့ ဝတ်စုံ သိပ်လှပါလား"
"ကျွန်မရဲ့ အသက် ၃ဝ- ပြည့်နှစ် မွေးနေ့မှာ ယောက်ျားက လက်ဆောင်ပေးထားတာလေ"
"ဟုတ်လား။ နှစ်တွေ ဒီလောက် ကြာသွားတာတောင် အသစ်အတိုင်းပဲနော်"



ချစ်ဇနီး

ရာဘင်နိုဗစ်ခ်ျ မိတ်ဆွေဖြစ်သူ မိုရှေ၏ အိမ်သို့ အလည်သွားသည်။ အိမ်ရှင်များက ၄င်းကို
ညစာ ကျွေးသည်။ ထမင်းပွဲ လာပြင်ပေးသော အရုပ်ဆိုးလှသော အမျိုးသမီးကို ကြည့်ပြီး
ရာဘင်နိုဗစ်ခ်ျ မအောင့်နိုင်ဘဲ မေးသည်။
"အချက်အပြုတ် အင်မတန် ကောင်းတယ်ဆိုပြီး ခင်ဗျား ခဏခဏ ချီးကျူးနေတဲ့
အမျိုးသမီးဟာ သူလား"
"မေးပဲ မေးရက်တယ်။ ကျွန်တော့ကို ငထုံငအလို့ ခင်ဗျားထင်နေသလား။ ဒီလောက်
အရုပ်ဆိုးတဲ့ မိန်းမကို ကျုပ် အိမ်ဖော်အဖြစ် ထားမယ်တဲ့လား။ ဒါ ကျုပ် မိန်းမဗျ"



မသင်ဘဲနဲ့ တက်နေတယ်

ဂျူးလင်မယားသည် သားငယ်၏ ၇-နှစ်မြောက် မွေးနေ့တွင် စက်ဘီးတစ်စီး
လက်ဆောင်အဖြစ် ဝယ်ပေးလိုက်သည်။
တစ်နေ့ စက်ဘီးမပါဘဲ ချာတိတ် အိမ်သို့ ပြန်လာရာ မိဘများက ဝိုင်းမေးကြသည်။
"ဟဲ့ သား၊ စက်ဘီး ဘယ်မှာလဲ"
"အဘိုးတစ်ယောက်က သူ့ မြေးကလေးအတွက် ခဏငှားပါဆိုလို့ ကျွန်တော် ပေးလိုက်တယ်။
တစ်နာရီအတွင်း သူပြန်လာပေးမှာပါ"
အဖေက စိတ်ဆိုးသံဖြင့် ပြောသည်။
"ငှားလိုက်တယ် ဟုတ်လား။ အေး အေး၊ လာပြန်ပို့ပါမယ်တဲ့လား။ ဟင်း ဟင်း
စောင့်ကြညြ့်ကသေးတာပေါ့"
အမေက ဝင်ပြောသည်။
"ရှင်ကလည်း ကလေးကို အပြစ်မတင်ပါနဲ့။ ဒီအရွယ်ကတည်းက တစ်ဘက်သားကို
စာနာကူညီတက်တဲ့စိတ် ကလေးဆီမှာ ရှိနေပါကလားဆိုပြီး ဝမ်းတောင်သာရမယ့် ဥစ္စာပဲ"
ခဏအကြာတွင် အိမ်ခန်းတွင် လူခေါ်ခေါင်းလောင်းသံ မြည်လာသည်။ တံခါးရှေ့တွင်
အဘိုးကြီးတစ်ဦး။ လက်တစ်ဘက်တွင် စက်ဘီး။ နောက်တစ်ဘက်က ချောကလက်ဘူး။
စက်ဘီးပိုင်ရှင် ချာတိတ်သည် စက်ဘီးကို အသေအချာ ကြည့်လိုက်ပြီး ပြောသည်။
"အားလုံး အိုကေပါတယ် အဘိုး။ ချောကလက်နဲ့ စက်ဘီး ကျွန်တော့ကို ပေး။
ရော့ ဒီမှာ အဘိုးလက်ပတ်နာရီ"

No comments: