Tuesday, March 16, 2010

ဟာသ(၃၈)

တိုးရှင်း

'နယူးရပ်ရှင်' ၏သား အဖေ့နားကပ်ပြီး ပြောသည်။
"အဖေ့ကို ကျွန်တော်တစ်ခု ပြောစရာရှိတယ်"
"တိုတိုနဲ့ ရှင်းရှင်းပြော"
"ဒေါ်လာတစ်ရာပေး"



အထူးရေကန်

အင်ဂျင်နီယာကို 'နယူးရပ်ရှင်' က ပြောသည်။
"အိမ်ကြီးရဲ့ဘေးက ပန်းခြံထဲမှာ ရေကူးကန် သုံးခု ဆောက်ပေးပါ။ တစ်ခုမှာ ရေနွေးဖြည့်၊
နောက်တစ်ခုမှာ ရေအေးဖြည့်ပါ။ အဲ၊ တတိယကန်မှာတော့ ဘာရေမှ မဖြည့်နဲ"
"ရေမပါတဲ့ ရေကူးကန် ဘာလုပ်ဖို့လဲ"
"တချို့အပေါင်းအသင်းတွေ ရေမကူးတက်ဘူးလေ"



ငွေချေးတဲ့ နယူးရပ်ရှင်

ဆွစ်ဇာလန်ဘဏ်တစ်ခုသို့ 'နယူးရပ်ရှင်' တစ်ယောက်ရောက်လာပြီး သူ့ကို ဒေါ်လာတစ်ရာ
ထုတ်ချေးရန် ပြောသည်။
ဘဏ်မန်နေဂျာ အံ့အားသင့်သွားသည်။ သို့သော် ယဉ်ကျေးစွာ ပြောသည်။
"ဒီလိုပါ။ ကျွန်တော်တို့ ဒီအတိုင်း ငွေ မထုတ်ချေးဘူး ခင်ဗျ။ အာမခံ ပစ္စည်း တစ်ခုခု
တင်ရပါတယ်"
"ရပါတယ်။ ဟိုမှာ တွေ့လား။ ခင်ဗျားတို့ နိုင်ငံမှာ ဝယ်လိုက်တဲ့ ကျွန်တော့ 'မာစီးဒီး'
အသစ်ကျပ်ချွတ်။ အာမခံအဖြစ် ယူထားလိုက်ပါ"
ဘဏ်က ဒေါ်လာတစ်ရာ ထုတ်ချေးလိုက်သည်။ မကြာမီ 'နယူးရပ်ရှင်' ရုရှားသို့
ပြန်သွားသည်။
နောက်တစ်နှစ်အကြာတွင် ဆွစ်ဇာလန် သို့ ¤င်း ပြန်ရောက်လာပြီး စောစောက ဘဏ် သို့
သွားသည်။ အရင်းနှင့် အတိုး တစ်ရာ့ သုံးဒေါ်လာကို ပြန်ဆပ်သည်။ ဘဏ်မန်နေဂျာ
အံ့သြတကြီး မေးသည်။
"ဒါနဲ့ မသိလို့ မေးပါရစေ။ ဒီမဖြစ်စလောက် ပိုက်ဆံ ကို ကျွန်တော်တို့ဆီမှာ ဘာဖြစ်လို့
ချေးတာလဲဗျာ"
"တစ်နှစ်မှာ သုံးဒေါ်လာထဲ ပေးရပြီး အင်မတန်စိတ်ချရတဲ့ ဒီလို ကားဂိုဒေါင်မျိုးကို ကျုပ်
တခြားနေရာမှာ ဘယ်လိုမှ ရှာမတွေနိုင်ဘူးလေဗျာ"




လူ့တိရစ္ဆာန်

ဘဏ်သစ်ဖွင့်ပွဲ အခမ်းအနားကို မော်စကိုမြို့တွင် ကျင်းပသည်။ အခမ်းအနားပြီးသောအခါ
ကြွရောက်လာကြသူများကို အကျွေးအမွေး၊ အဖျော်ယမကာတို့ဖြင့် ဧည့်ခံသည်။ ဧည့်သည်
အများအပြားသည် ရှမ်ပိန်အရက်ကို ပုလင်းလိုက် မော့သောက်ကြသည်။ ဆားရေစိမ်
ငါးစိမ်းကို အမြည်းအဖြစ် စားသည်။ ထို့နောက် ဝီစကီ၊ ကော့ညက်၊ ဗော့ဒ်ကာ။ ဘီယာတို့ကို
အလုအယက် ဆက်သောက်သည်။ အချို့ ရေချိန်လွန်ပြီး ယိုင်တိုင်တိုင် ဖြစ်နေပြီး။ အချို့
အစားလွန်ပြီး အန်တောင်ထွက်နေပြီး။ အချို့ ပုံပျက်ပန်းပျက် ကနေကြပြီ။
ဤရှုခင်းကို ဖက်စပ်ပါတနာ ဖြစ်ကြသည့် ပြစ်သစ်မှ ပုဂ္ဂိုလ်များ မျက်လုံးပြူးပြီး
ငေးကြည့်နေကြသည်။ ငေးကြည့်နေသည့် ပြစ်သစ်တစ်ယောက်အနားသို့ 'နယူးရပ်ရှင်'
ကပ်လာပြီး ပြောသည်။
"ကိုယ့်လူ၊ ဘာမှလည်း မစားပါလား"
"ကျွန်တော် မစားချင်ပါဘူး"
"ဒီနေ့ပွဲဟာ အလှူပွဲကွ၊ နားလည်လား။ ပိုက်ဆံတစ်ပြားမှ မပေးရဘူး။ စားစမ်းပါ"
"ကျွန်တော် ဆာမှ စားတက်ပါတယ်"
"သြော်၊ ဒီလိုလား။ ကိုယ့်လူက တိရစ္ဆာန်တွေနဲ့ ဘာမှ မခြားဘဲကိုး"



အသစ်နဲ့ အဟောင်း

'နယူးရပ်ရှင်' တစ်ယောက် မမျှော်လင့်ဘဲ စိန့်ပီတာစဘက်မြို့ရှိ ကမ္ဘာကျော် 'ဟားမစ်တိတ်ခ်ျ'
ပြတိုက်သို့ ရောက်သွားသည်။ ၁၈-ရာစုနှစ် ပန်းချီဆရာတစ်ဦး၏ ကားချပ်ကို ပန်းချီဆရာ
တစ်ယောက် ပုံတူကူးဆွဲနေသည်ကို တွေ့ရာ ပြတိုက်ဝန်ထမ်းကို မေးသည်။
"အခု ဆွဲနေတဲ့ ကားသစ်ပြီးသွားရင် ကားဟောင်းကို ခင်ဗျားတို့ ဘာလုပ်မလဲဗျ ဟင်"



ဗိုလ်မကျနဲ့

ဓာတ်ဆီဆိုင်ရှေ့တွင် ကားတွေ အရှည်ကြီး တန်းစီနေကြသည်။ ရုတ်တရက် မာစီးဒီး (၆ဝဝ)
တစ်စီး ပေါ်လာပြီး ကားတွေ အားလုံး၏ ရှေ့တွင် ဝင်ရပ်လိုက်သည်။ ရှေ့ဆုံးတွင်
ရပ်နေသော ကားပိုင်ရှင် ကားထဲမှ ထွက်ကာ မာစီးဒီးကားဘက် လျှောက်သွားသည်။
ထို့နောက် ယခု ဓာတ်ဆီ ဖြည့်ရမည့် အလှည့်သည် မိမိ၏ အလှည့်ဖြစ်ကြောင်း ယဉ်ကျေးစွာ
ရှင်းပြသည်။ မာစီးဒီးပေါ်က ပုဂ္ဂိုလ်က မိုက်မိုက်ကန်းကန်း ပြန်ပြောသည်။
"ဟေ့၊ မင်း မားစီးဒီး စီးနိုင်တဲ့ တစ်နေ့မှာ အရင်ဆုံး ဓာတ်ဆီဖြည့်။ နားလည်လား၊ အခုတော့
စောင့်ဦး"
တန်းစီသူ ဘာမှ မပြောဘဲ သူ့ကားဘက် ပြန်သွားသည်။ ကားပေါ် ထိုင်လိုက်ပြီး အရှိန်နဲ့
မာစီးဒီးကို ဝင်ဆောင့်ပစ်သည်။ ထို့နောက် ကားထဲမှ ထွက်ကာ ကားသော့ကို ကားထဲ
ပစ်ထည့်လိုက်သည်။ တစ်ဆက်တည်း ဗိုလ်ကျသူကို စေ့စေ့ကြည့်ကာ ပြောချလိုက်သည်။
"ဟေ့ကောင်၊ ငါ့လို တစ်နေ့ တစ်ကား လဲစီးနိုင်တဲ့ အခါကျမှ ငါ့ကို စောစောက လေသံမျိုးနဲ့
ပြော။ ကြားလား"



နယူးချူချာ

ဘဏ်သူဋ္ဌေးထံ 'နယူးချူချာ' ရောက်လာပြီး ပြောသည်။
"ကျွန်တော့ကို ဒေါ်လာတစ်သိန်းထုတ်ချေးပါ။ ၃-လာကြာရင် နှစ်သိန်း ပြန်ဆပ်ပါမယ်။
ကျွန်တော့ ပွဲရုံကို ကုန်ပစ္စည်းတွေနဲ့ အတူ အာမခံအဖြစ် တင်ထားပါ့မယ်"
ငွေချေးစာချုပ်ကို လက်မှတ်ရေးထိုးလိုက်ကြသည်။ 'နယူးချူချာ' ပြန်ရန် ပြင်သည်။
ဘဏ်သူဋ္ဌေးက ပြောသည်။
"နေပါဦးခင်ဗျ။ သုံးလအကြာမှာ ခင်ဗျားအနေနဲ့ ငွေ နှစ်သိန်းစလုံးကို တစ်လုံးတစ်ခဲတည်း
ပြန်ဆပ်ဖို့ အခက်အခဲ ရှိလိမ့်မယ်လို့ ကျွန်တော် တွေးမိတယ်။ အဲဒီတော့ ဒီလိုလုပ်ပါ။
တစ်ဝက်ကို အခု ကျွန်တော့ကို ကြိုပြီး ဆပ်ထား။ ကျန်တစ်ဝက်ကို နောက်သုံးလကြာမှ
ဆပ်တာပေါ့။ မကောင်းဘူးလား"
'နယူးချူချာ' ခေါင်းကုတ်ပြီး စဉ်းစားသည်။ နောက်ဆုံးတွင် သဘောတူလိုက်ပြီး စောစောက
ရထားသည့် ငွေ တစ်သိန်းကို ပြန်ပေးလိုက်သည်။
အိမ်သို့ ရောက်သောအခါ နေ့ခင်းက ကိစ္စကို 'နယူးချူချာ' နက်နက်နဲနဲ ပြန်စဉ်းစားသည်။
နှုတ်မှ လည်း ရေရွတ်သည်။
"အင်း၊ ထူးတော့ ထူးဆန်းတယ်။ ကုန်ပစ္စည်းတွေလည်း မရှိတော့ဘူး။ ငွေတစ်သိန်းလည်း
မရှိဘူး။ ဒီကြာထဲ တစ်သိန်းအကြွေးတင်နေသေးတယ်။ အင်း၊ တစ်ဘက်က ပြန်စဉ်းစား
ကြည့်ပြန်တော့လည်း ဘာမှ အမှားမရှိဘူး။ အားလုံး မှန်နေတာပ"



ခဏထိုင်တာပါ

'ဟားမစ်တိခ်ျ' ပြတိုက်သို့ နယူးရပ်ရှင် ရောက်လာပြီး အနုပညာ လက်ရာများကို
လေ့လာနေသည်။ ရုတ်တရက် ဆယ်လူလာ ဖုန်းမြည်လာသဖြင့် အနားတွင် ရှိသည့်
ကုလားထိုင်ပေါ် ထိုင်ချလိုက်သည်ကာ တစ်ဘက်က လူနှင့် စကားပြောသည်။
ဤသည်ကို မြင်သော ပြတိုက်ဝန်ထမ်း ပြေးလာပြီး စိတ်ဆိုးမာန်ဆိုးပြောသည်။
"ရှင် ဘယ်လို လုပ်တာလဲ။ ဒါကတ်သရင်း ဘုရင်မကြီးရဲ့ ကုလားထိုင်ရှင့်"
"အဒေါ်ကြီး၊ စိုးရိမ်မနေစမ်းပါနဲ့။ ဘုရင်မလာရင် ကျုပ် ဖယ်ပေးမှာပေါ့ဗျ"



ကင်မရွန်းနိုင်ငံ

ကင်မရွန်းနိုင်ငံ ဘယ်မှာလဲဆိုတာကို မသိသဖြင့် 'နယူးရပ်ရှင်'၏ သားသည် ပထဝီဝင်
ဘာသာရပ်တွင် 'ဂရိတ်တူး' ပဲရသည်။ အဖေက သားကို နှစ်သိမ့်သည်။
"စိတ်မပူစမ်းပါနဲ့။ ငါ့ကုမ္ပဏီကို ပစ္စည်းတင်ပို့နေတဲ့ ငနဲကင်မရွန်းကကွ။ မနက်ဖန်ကျ သူ့ကို
ငါမေးပြီး မင်းကို ပြောပြမယ် ဟုတ်လား"
နောက်နေ့ အိမ်ပြန်ရောက်သောအခါ 'နယူးရပ်ရှင်' က သားကို ပြောသည်။
"ဒီနေ့ ကင်မရွန်းကောင် ပေါ်မလာဘူး။ မြေပုံယူခဲ့။ မင်းနဲ့ငါ အတူရှာကြတာပေါ့"
မြေပုံချပြီး သားအဖနှစ်ယောက် ကင်မရွန်းကို ရှာကြသည်။
အချိန်အတော်ကြာသွားသည်။ မတွေ့ချေ။
အဖေဖြစ်သူ သည်းသည်းမဲမဲ ဆက်ရှာသည်။
သားဖြစ်သူ သတိထားမိလာသည်။ မော်စကိုတိုင်းထဲတွင် မော်စကိုမြို့နှင့် မနီးမဝေး
ဆင်ခြေဖုံးမြို့များကို အဖေ 'နယူးရပ်ရှင်' မှန်ဘီလူးဖြင့် တစ်ခုချင်း အာရုံစိုက်ကြည့်နေခြင်း
ဖြစ်သည်။
"အဖေ ကင်မရွန်းကို ရှာနေတာ ဟုတ်ပါတယ်နော်"
"အေးလေကွာ၊ ကင်မရွန်းဆိုတာ ဒီအနီးအနားမှာပဲ ရှိရမယ်လို့ ငါထင်တယ်။ ဒီငနဲ ငါတို့
ဆီလာတာ မော်တော်ဆိုင်ကယ် စီးပြီးလာတာကွ။ သိလား။"



အရောင်းအဝယ်

'နယူးရပ်ရှင်' နှစ်ယောက် ဆုံကြသည်။ တစ်ယောက်က ပြောသည်။
"ကုန်တင်ကားတစ်စီးတိုက် နိုင်ငံခြား စီးကရက်ရမယ်။ ယူမလား"
"ယူတာပေါ့။ ဈေးဘယ်လောက်လဲ"
" ဒေါ်လာနှစ်သောင်း"
ဈေးတည့်သွားကြသည်။ တစ်ယောက်ကို တစ်ယောက် လက်ဆွဲ နှုတ်ဆက်ပြီး
ထွက်သွားကြသည်။ တစ်ယောက်က ပိုက်ဆံ နှစ်သောင်း ခိုးလို့ရမည့် နေရာကို
အရှာထွက်သည်။ နောက်တစ်ယောက်က စီးကရက် အပြည့်တင်ထားသော ကုန်တင်ကားကို
အလစ်သုတ်ဖို့ ထွက်သွားခြင်း ဖြစ်သည်။




မှန်မှန်ပြော

'နယူးရပ်ရှင်' ၏ သားကို အတန်းပိုင်ဆရာမက ပြောသည်။
"မင်းရဲ့ စာစီစာကုံးမှာ အမှားတစ်လုံးမှ မပါဘူး။ မှန်မှန်ပြောစမ်း။ မင်းအဖေကို
စာစီစာကုံးရေးဖို့ တစ်ယောက်ယောက်က ကူလိုက်သလား ဟင်"




မေးနေကြပြီ

ထောင်ကျနေသော 'နယူးရပ်ရှင်' ထံ မိန်းမဖြစ်သူ ထောင်ဝင်စာ လာတွေ့သည်။
"ကိုလျာ၊ ကလေးတွေ မေးခွန်း ထုတ်နေကြပြီရှင့်"
"သူတို့အဖေ ဘယ်မှာလဲလို့ မေးနေကြတာလား"
"မဟုတ်ဘူး။ ရှင် လုယက် ခိုးဝှက်လို့ရတဲ့ ပိုက်ဆံတွေ၊ ရတနာတွေ ဘယ်မှာ
ဝှက်ထားသလဲတဲ့"




အစေခံ

အမျိုးမျိုး နှိပ်စက်ခြင်း ခံရသဖြင့် နောက်ဆုံးတွင် သည်းမခံ နိုင်တော့ဘဲ အစေခံမက
'နယူးရပ်ရှင်' ၏ ဇနီးကို ပြောသည်။
"ကျွန်မကို အန်တီ ဘာဖြစ်လို့ ဒီလောက်တောင် နှိပ်စက်ရတာလဲ။ ကိုယ်ချင်းစာဖို့
ကောင်းပါတယ်။ အန်တီ ငယ်ငယ်တုန်းကလည်း အစေခံ လုပ်ခဲ့ဖူးတယ် မဟုတ်လား"
အိမ်ရှင်မက ဂုဏ်ယူစွာ ပြန်ပြောသည်။
"အေး၊ ဒါပေမယ့် လူကြီးလူကောင်းတွေ နေတဲ့အိမ်မှာ ဟေ့"




အားလုံးကို အထင်သေးတယ်

'နယူးရပ်ရှင်' ၏ဇနီး ပိုက်ဆံထုတ် ပိုက်ပြီး မော်စကိုသို့ တက်လာသည်။ အကောင်းစား
ဟော်တယ်တွင် အခန်းတစ်ခုယူပြီး မြို့လယ်ခေါင်တွင် ဖွင့်ထားသည့် လောင်ကစားရုံ
(ကာစီနို) သို့သွားသည်။ ရူးလက် (ျွသကူနအအန) ကစားရန် ဆုံးဖြတ်လိုက်သည်။
ပါလာသမျှ ပိုက်ဆံအားလုံးကို ကူပွန်ကြွေပြားများ ဝယ်လိုက်သည်။ ထိုနောက် ၂၂-
ဂဏန်းတွင် ပုံအောပြီး ထိုးလိုက်သည်။ ဒိုင်လုပ်သူက မေးသည်။
"အမကြီး၊ ရူးလက်ကစားတာ ဒါ ပထမဆုံးအကြိမ်ထင်တယ်"
"ဟုတ်ပါတယ်"
"အဲဒါဆို ကျွန်တော် စေတနာနဲ့ အကြံပေးပါရစေ၊ ကူပွန်တွေ အားလုံးကို ၂၂-တစ်ခုတည်းမှာ
ပုံအောပြီး မထိုးစေချင်ဘူး။ မဂဏန်း။ စုံဂဏန်း၊ အနီရောင်နဲ့ အမည်းရောင်တွေ မျှပြီး
ထိုးပါ။ ဒါမှ ပေါက်ဖို့ အခွင့်အလမ်း ပိုများပါလိမ့်မယ်"
"ဟင့်အင်း။ ကျွန်မ ၂၂-မှာပဲ ထိုးချင်တယ်ရှင့်"
ဒိုင်လုပ်သူ ခုံဝိုင်းကို လှည့်လိုက်သည်။ ထို့နောက် ဂေါ်လီလုံးကို ခုံဝိုင်းထဲ ပစ်လိုက်သည်။
အလည်ရပ်၍ ကြည့်လိုက်သောအခါ ဂေါ်လီလုံးသည် ဂဏန်း ၂၂-တွင် ရောက်နေသည်ကို
တွေ့ရသည်။
အမျိုးသမီးသည် လျော်ငွေအားလုံးကို မိမိဘက် ဆွဲယူလိုက်ပြီး ဂဏန်း ၂၂- တွင်ပင်
အောလိုက်ပြန်သည်။ ဒိုင်လုပ်သူက ပြောသည်။
"အမကြီး၊ စောစောက အမကြီး အင်မတန် ကံကောင်းလို့ ပေါက်တာပါ။ ဒီတစ်ခါ ပေါက်ဖို့
မလွယ်ပါဘူး။ ဂေါ်လီလုံးဟာ ဘယ်တော့မှ ဂဏန်းတစ်ခုထဲပေါ်မှာ နှစ်ခါကျလေ့ မရှိပါဘူး"
"ကိစ္စမရှိဘူး။ ကျွန်မ ၂၂-ကိုပဲ ထိုးချင်တယ်"
ခုံဝိုင်းကို ထပ်လှည့်သည်။ ဂေါ်လီလုံး ၂၂ မှာ ထပ်ကျပြန်သည်။ဤအတိုင်း အမျိုးသမီးသည်
တစ်ညနေလုံး ၂၂-မှာပဲ ဆက်ထိုးသည်။ အကြိမ်တိုင်းလည်း ၂၂-မှာချည်းပဲ ကျသည်။
ကာစီနိုပိုင်ရှင်နှင့် ဧည့်သည်များ ဝိုင်းအုံလာကြသည်။ တစ်နေ့တည်းမှာ တစ်နှစ်စာ အရှုံးပေါ်
သွားသော ကာစီနိုပိုင်ရှင်က မေးသည်။
"ဘယ်လို အခြေခံမှုတွေကို အသုံးပြုပြီး ထိုးသလဲဆိုတာ သိပါရစေလားကွယ်"
"ဘာမူမှ မရှိပါဘူး။ ကျွန်မက အတိတ်နိမိတ်တွေကို ယုံတယ်။ မော်စကိုကို ကျွန်မ ၇-
ရက်နေ့မှာ ရောက်တယ်။ ကျွန်မရတဲ့ ဟော်တယ်အခန်းက နံပါတ် (၇) ။ ကာစီနိုကို လာဖို့
တက္ကစီငှားတာ ၇-ကားမြောက်မှ ရပ်ပေးတယ်"
ပရိတ်သတ်အားလုံး ပြိုင်တူ မေးလိုက်ကြသည်။
"အဲဒီတော့ ..."
အမျိုးသမီးသည် အားလုံးကို အထင်သေးသည့် မျက်လုံးဖြင့် ကြည့်လိုက်ပြီး ပြောသည်။
"ခုနှစ်သုံးလီ ၂၂- မဟုတ်ဘူးလားရှင့်။ ကဲ"

2 comments:

Anonymous said...

ခုနှစ်သုံးလီ ၂၂- မဟုတ်ဘူးလား :))


momiji

saadyajagodzinski said...

Harrah's Casino New Orleans - MapYRO
Casino: 광명 출장안마 Harrah's New Orleans, Louisiana. 안동 출장안마 2 miles to Harrah's Blvd. 김해 출장마사지 Save big with MapYRO's interactive 포항 출장마사지 seating chart. 남양주 출장마사지