Sunday, March 28, 2010

ဟာသ(၃၉)

ကြားလိုက်ရသည်

ဘောလုံးပွဲကြည့် ပရိသတ်တစ်ဦး၏ အားမလိုအားမရ ပြောသံ။
"ရှေ့တန်းတိုက်စစ်မှူးဆိုတဲ့ အကောင် ပြေးပုံကို ကြည့်စမ်း။ ကျုပ် ဒီအတိုင်း
ရပ်နေတာတောင် သူပြေးတာထက် မြန်အုံးမယ်။ တောက်"




ကန်းတယ် မရူးဘူး

အမေရိကန်ပြည်ထောင်စုရှိ ဦးလေးတော်သူ သန်းကြွယ်သူဋ္ဌေး မျက်စိကွယ်သဖြင့်
၎င်းအား ပြုစုစောင့်ရှောက်နိုင်ရန်အတွက် နိုင်ငံကူးလတ်မှတ် ထုတ်ပေးရန်
ဆိုဗီယက် ပြည်ထဲရေးဝန်ကြီး ဋ္ဌာနသို့ တူမဖြစ်သူ လျှောက်လွှာ လာတင်သည်။
၎င်းအား ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးရန် အသင့် ရှိကြောင်း အမေရိကန် သံရုံး၏
ထောက်ခံစာပါ တစ်ပါတည်း တင်ပြသည်။ နိုင်ငံကူးလက်မှတ်ဋ္ဌနစိတ်မှ
ဝန်ထမ်းက သူမအား အကြံပေးသည်။
"ခင်ဗျားဦးလေး ဒီကို လာဘို့ လျှောက်တာဆိုရင်ပိုပြီး လွယ်လိမ့်မယ်ထင်တယ်"
"ကျွန်မ ပြောပြီးပါပကော၊ သူက မျက်စိကန်းသွားတာ၊ ရူးသွားတာ
မဟုတ်ဘူးလို့"




ခွေးရူးကိုက်

အီဗန်ကို ခွေးရူးတစ်ကောင်က ကိုက်လိုက်သဖြင့် ဆေးရုံသို့သွားပြသည်။
ဆေးရုံတွင် ¤င်းအား ဆေးတစ်လုံး ထိုးပေးလိုက်ရသည်။ အိမ်ပြန်ရောက်အခါ
စာရွက်အလွတ်များကို ယူကာ တစ်စုံတစ်ခုကို ရေးသည်။ ဤသည်ကို မိန်းမက
မြင်သဖြင့် ဘာရေးနေတာလဲဟု မေးသည်။
"ဆေးရဲ့ အာနိသင် မပြခဲ့ရင် လိုက်ကိုက်ရမယ့် လူတွေရဲ့ စာရင်းကို
ပြုစုနေတာဟေ့"




စိတ်မပူပါနဲ့

ကျေးရွာ ဆေးခန်းမှ ဆရာဝန်သည် မိမိ၏ မော်တော်ကားကို
ခွင့်ပြုမိုင်နှုန်းထက်ပို၍ မောင်းလာသည်။
"ဖြေးဖြေးမောင်းစမ်းပါတော်၊ ရဲသားမြင်သွားမှဖြင့် ဒဏ်ရိုက်နေအုံးမယ်"
ဟု ဇနီးလုပ်သူက သတိပေးသည်။
"စိတ်မပူစမ်းပါနဲ့ကွာ၊ ဒီကောင့်ကို ဆေးတစ်လုံး ထိုးပေးပြီး တစ်နေ့လုံး အိပ်ရာက
မထနဲ့လို့ ငါမှာထားခဲ့တယ်"




ရုပ်ရှင်ကားညံ့လို့

ရုပ်ရှင်ရုံမှ လူရွယ်တစ်ယောက် ထွက်လာသည်။ လက်မှတ်ရောင်းသူ ထိုင်နေသော
အပေါက်ရှေ့တွင် ရပ်လိုက်ကာ သေနတ်နဲ့ ချိန်ပြီး ခြိမ်းခြောက်သည်။
"ရုပ်ရှင်ကား အင်မတန်ညံတယ်။ ကျုပ်နဲ့ ရုပ်ရှင်ကြည့်ပရိသတ်တွေအားလုံးရဲ့
လက်မှတ်ဖိုးကို ချက်ချင်းပြန်ပေးစမ်း"




လွယ်ရအောင်

"မီးနီပြနေချိန်မှာ လမ်းဖြတ်ကူးလို့ ရလားဟင်"
"ရတယ်၊ ဒါပေမယ့် လက်နှစ်ဖက်ကို မြှောက်ထားရမယ်၊ ဒါမှ ရေခဲတိုက်ကျရင်
အင်္ကျီကို ချွတ်ရတာ လွယ်မယ်"




လူဟာ မျောက်က ဆင်းတက်တယ်

(ရ) နှစ်သမီးက အမေကို မေးလိုက်သည်။
"မေမေ လူဟာ မျောက်က ဆင်းသက်တယ်ဆိုတာ အမှန်ပဲလားဟင်"
"မှန်တယ်"
"သမီးလဲ မျောက်က ဆင်းသက်တာပေါ့"
"ဟုတ်တယ်"
"မေမေကော"
"မေမေရောပဲ"
"ဒီလိုဆိုရင် မေမေ့ဆီမှာ ဓာတ်ပုံ မကျန်ဘူးလားဟင်"




မသေသော ဆေးသမား

မိမိတို့၏ မအောင်မြင်မှုအကြောင်းကို ဆရာဝန်နှစ်ယောက် ပြောပြနေကြသည်။
ပထမဆရာဝန် - 'အူအတက် ပေါက်တယ်ထင်ပြီး ခွဲလိုက်တယ်၊
ကင်ဆာဖြစ်နေတယ်၊ လူနာ သေသွားတယ်'
ဒုတိယဆရာဝန် - ' (၆)လလုံးလုံး အသားဝါ ရောဂါဆိုပြီး ကုတယ်၊ နောက်မှ
လူနာဟာ တရုတ်လူမျိုးဖြစ်နေတာကိုး




ပြောရမှာ ကြောက်တယ်

"ဟေ့ ဂျက် မျက်နှာ မကောင်းပါလား၊ စိတ်မချမ်းသာစရာ တစ်ခုခုဖြစ်လို့လား"
"ဟုတ်တယ်၊ ဒေါ်လာ တစ်သောင်းဆု ပေါက်တယ်၊ ဒါပေမယ့် မိန်းမကို
ပြောပြရမှာ ကြောက်နေတယ်"
"ဘာဖြစ်လို့လဲ"
"နှစ်သောင်းဆုပေါက်တယ်လို့ သူအတင်းစွပ်စွဲမှာ သေချာလို့"




မပြောရင် ကောင်းမယ်

မိမိတို့ လင်မယား ဝယ်ယူခဲ့သော ထီလက်မှတ်နှစ်စောင်စလုံး မော်တော်ကား
တစ်စီးစီ ပေါက်ကြောင်း ပြောပြရန် ဆေးရုံတက်နေသော ယောက်ျားဖြစ်သူထံ
မိန်းမလုပ်သူ ရောက်လာသည်။ ဧရာမ ဝမ်းသားစရာသတင်းကို ပြောပြလိုက်လျှင်
လူနာ စိတ်လှုပ်ရှားပြီး ရောဂါအခြေအနေ ဆိုးသွားမည် စိုးသည်နှင့် ဇနီးသည်က
တာဝန်ကျ ဆရာဝန်ကို အကျိုးအကြောင်းရှင်းပြကာ တိုင်ပင်သည်။ လူနာ့ဇနီး၏
ပြောစကားကို နားထောင်ပြီးနောက် ဆရာဝန်သည် တုန်တုန်ရင်ရင်ဖြင့်
"ရေ - ရေပေးပါ"
ဟု အနီးအနားမှ လူများကို အကူအညီတောင်းသည်။




ကျေးဇူးတင်တယ်

"ထီဒေါ်လာတစ်သန်းပေါက်ရင် မင်းဘာလုပ်မလဲ"
"မင်းကို ငါ တစ်ဝက်ပေးမှာပေါ့ကွာ၊ မင်းကော ဘာလုပ်မလဲ"
"ပေါက်ငွေ တစ်ဝက်ပေးတဲ့အတွက် ကျေးဇူးတင်တယ်လို့ မင်းကို ပြောမှာပေါ့ကွာ"




နောက်ထပ် ပေးပါအုံး

စကော့တလန်သားတစ်ယောက်သည် ပိုကာဝိုင်းတွင် စတာလင်ပေါင် ၁ဝဝ- တိတိ
ရှုံးသည်။ အခြားကစားများကို ဤသို့ အသနားခံသည်။
"ကျွန်တော် အကြီးအကျယ် ဒုက္ခတွေ့တော့မယ်ဗျာ၊ ပေါင် (၁ဝဝ) ရှုံးကြောင်းသာ
ကျွန်တော့ မိန်းမသိရင် ကျွန်တော့ကို စိစိညက်ညက်ကျေအောင် ချေပစ်မှာ
သေချာတယ်၊ ကျွန်တော့ကို သနားသောအားဖြင့် ကျွန်တော် ရှုံးတဲ့ငွေကို
ပြန်ပေးကြပါဗျာ"
စကော့တလန်သား မျက်ရည်များပင် ဝဲလာသည်။ ဤသည်ကို တွေ့ကြရသော
ကစားဖက်များ အားလုံးစုပြီး၊ ၄င်းအား ပေါင် (၁ဝဝ) ကို ပြန်ပေးလိုက်သည်။
"ကျေးဇူးကြီးလှပါတယ်ဗျာ၊ ကျွန်တော် နိုင်ခဲ့တယ်လို့ မိန်းမထင်ရအောင်
နောက်ထပ် (၅ဝ) လောက် မစကြပါအုံးလားဗျာ"

No comments: