Monday, April 5, 2010

ဟာသ(၄၀)

မိမိကိုယ်မိမိ ထိန်းချုပ်တက်သူ

မွန်တီကာလိုရှိ ကာစီနို ကစားပွဲခမ်းမမှ လူနှစ်ယောက်ထွက်လာသည်။
တစ်ယောက်မှာ အဝတ်အစားမပါ၊ အခြားတစ်ယောက်မှာ အတွင်းခံ
ဘောင်းဘီတိုသာ ပါသည်။ 'ကိုလုံးတီး' က ဤသို့ ပြောသည်။
"ခင်ဗျားကို ကျွန်တော် သဘောကျတယ်၊ ဖဲကစားရာမှာ ကိုယ့်စိတ်ကိုယ်
ထိန်းချုပ်တက်တယ်၊ ဘယ်အချိန်မှာ တော်ရမလဲ ဆိုတာသိတယ်"



ဖဲပစ်မှားလို့

မိမိ၏ တပည့်ဖြစ်သူကို ဖဲဝိုင်းတွင် ဖဲကစားနေသည်ကို တွေ့သည်နှင့်၊ ဆရာမက
တပည့်၏ နားရွက်ကို ဆွဲလိမ်လိုက်သည်။
"မင်းကို ဆရာမ ဘာကြောင့် ဒဏ်ခတ်တယ်ဆိုတာ သိရဲ့လား"
"သိပါတယ်၊ ဖဲပစ်မှားလို့ပါ"



ခွင့်မလွှတ်နိုင်ဘူး

လူကြီးတစ်ဦး ထီလက်မှတ်နှစ်စောင် ဝယ်လိုက်သည်။ လက်မှတ်တစ်စောင်မှ
မော်တော်ကားဆု ပေါက်သည်။ ဤသို့ ပေါက်သော်လည်း ဝမ်းသာသည့် အမူအရာ
မပြသည်နှင့် မိတ်ဆွေများက အံ့သြတကြီး မေးသည်။
"ဟေ့လူ မော်တော်ကား ပေါက်တာတောင်၊ ခင်ဗျားပုံက
ဝမ်းသာတဲ့ပုံမပေါက်ပလား၊ ဘာဖြစ်လို့လဲ"
"ထီပေါက်လို့ ဝမ်းသာတာတော့ ဝမ်းသာပါတယ်၊ ဒါပေမယ့် ဒုတိယတစ်စောင်ကို
ဝယ်မိတဲ့အတွက် ကိုယ့်ကိုကိုယ် ခွင့်မလွှတ်နိုင်အောင် ဖြစ်နေတယ်"



အရောင်းတော်သူ

ကျောင်းရန်ပုံငွေအတွက် ကံစမ်းထီလက်မှတ်များ ရောင်းချရန် ကျောင်းသားများကို
ဆရာမက တာဝန်ပေးသည်။ ကျောင်းသားလေးတစ်ဦးကို လက်မှတ် (၂ဝ)စီ
ပေးသည်။ ကျောင်းသားများ လက်မှတ်ယူကြပြီး ရောင်းချရန်
ရပ်ကွက်အသီးသီးသို့ ထွက်သွားကြသည်။ ကျောင်းသား ငယ်တစ်ယောက်
ချက်ချင်းဆိုသလို ပြန်ရောက်လာကာ လက်မှတ်ကုန်ပြီဟု ဝင့်ကြွားစွာ
ပြောလိုက်သည်။
"ဟဲ့ ဂျော်နီ၊ ပြန်လာတာ စောလှချည်လား"
"ဟုတ်ကဲ့၊ အိမ်တစ်အိမ်က လက်မှတ် (၂ဝ) စလုံးကို ယူလိုက်လို့ပါ"
"ဟုတ်လား၊ မင်းဘယ်လို အပြောကောင်းခဲ့လိုလဲ"
"အပြောကောင်းလို့ မဟုတ်ပါဘူး၊ သူတို့ခွေးက ကျွန်တော့ကို ကိုက်လိုက်လို့ပါ"



တစ်ရက်ခြား

ယောက်ျားနှစ်ယောက် စကားပြောနေကြသည်။
"ပိုကာကစားရင် မရှုံးနိုင်တဲ့ စနစ်တစ်ခုကို ငါတွေ့ထားပြီကွ"
"မဖြစ်နိုင်တာပဲ၊ ဘာစနစ်ပဲ ရှိရှိ၊ ဒီနေ့နိုင်ရင် မနက်ဖြန် ရှုံးမှာပဲ"
"အဲဒါအမှန်ပဲ၊ ဒါကြောင့် ငါတစ်ရက်ခြားပဲ ကစားတော့တယ်"



ကျောက်ခဲလို မမာပါ

ဓစကော့တလန်သားတွေ အားလုံး စာနာထောက်ထားစိတ်မရှိဘူး၊ သူတို့ရဲ့
အသဲနှလုံးကျောက်ခဲလို မာတယ်ဆိုတဲ့ ပြောစကားတွေဟာ မမှန်ဘူး။
စကော့လူမျိုးတွေကို နာမည်ဖျက်တာပဲ ဖြစ်တယ်ဓ
ဟု စကော့တလန်သား လူကြီးတစ်ဦးက ပြောသည်။
"တစ်လောက ကျုပ်တို့ ပိုကာကစားကြစဉ်မှာ ကျုပ်တို့ထဲက တစ်ယောက်
သူ့ရင်ဘက်ကို သူလက်နှစ်ဖက်နဲ့ ကိုင်ပြီး ရုတ်တရက် လဲကျသွားတယ်။ ပြန်ကို
မထတော့ဘူး၊ အဲဒီတော့ ဝမ်းနည်းတဲ့ အထိမ်းအမှတ်နဲ့ ကျုပ်တို့အားလုံး
မတ်တပ်ရပ်ပြီး ပိုကာပွဲကို ဆုံးအောင် ကစားလိုက်ကြတယ်"
ဟု ဆက်ပြောသည်။



ရေချိန်

ရုရှားတစ်ယောက် နိုင်ငံခြားသားတစ်ဦးနှင့် အရက်အတူသောက်သည်။ ဘယ်သူ
ဘယ်လောက် သောက်နိုင်သလဲ ဆိုသည်ကို ပြောဖြစ်မိကြသည်။
နိုင်ငံခြားသား - 'ကျုပ်ကတော့ သောက်ရင်း သောက်ရင်းနဲ့ မျက်လုံးတစ်ဖက်ကို
ပိတ်ပြီး ၊ လက်နဲ့ တန်းထုတ်လိုက်တယ်၊ လက်မကို မမြင်တော့ဘူးဆိုရင်
ရေချိန်ကိုက်ပြီး ကျုပ်ဆက်မသောက်တော့ဘူး'
ရုရှား - 'ကျုပ်ကတော့ မျက်လုံးနှစ်ဖက်စလုံး ဖွင့်ထားတယ်။ လက်နှစ်ဖက်ကိုလဲ
ဖြန့်လိုက်တယ်။ ကျုပ်ရဲ့လက်သီးဆုပ်ကို ကျုပ် မမြင်ရတော့ဘူးဆိုရင် ၊
ဆက်မသောက်တော့ဘူးလေ၊ ရေချိန်ကိုက်ပြီလေ'



တစ်ဝက်ခ

ချူချာတစ်ယောက် တက္ကစီ စီးလာသည်။ လိုရာခရီးသို့ ရောက်သောအခါ ချူချာက
ရူဘယ်တစ်ရာ ထုတ်ပေးသည်။
"ဘာလို့ ၁ဝဝ- ထဲပေးရတာလဲ။ ရူဘယ် ၂ဝဝ- ကျတယ်ဗျ"
ဟုတက္ကစီဒရိုင်ဘာက မကျေမနပ်ပြောသည်။
"ခင်ဗျားလဲ စီးတာပဲ ဥစ္စာ"
ဟု ချူချာက ပြန်ဖြေသည်။



ကျားကို အထင်မသေးနဲ့

မုဆိုးနှစ်ယောက် စကားပြောနေကြာသည်။
"မကြာသေးခင်က ကျုပ် အာဖရိကတိုက်ကို ရောက်ခဲ့တယ်။ အကောင်းဆုံး
ကျားပစ်နည်းတစ်ခုကို ရခဲ့တယ်။ ဒီကောင်ကို ညအမှောင်မှာ လိုက်ရတာကိုး။
အမှောင်ထဲမှာ ကျားရဲ့မျက်လုံးနှစ်ဖက်ကိုပဲ မြင်ရတယ်။ အဲဒီမျက်လုံးနှစ်ဖက်ရဲ့
ကြားကို ချိန်ပြီး ပစ်လိုက်ရုံပဲ"
"အဲဒီတော့ ခင်ဗျား ကျား ဘယ်နှစ်ကောင် ရခဲ့လဲ"
"တစ်ကောင်မှ မရဘူး၊ ဒီကောင်တွေက အလည်သားကလား၊ ညပိုင်းမှာ သူတို့က
စုံတွဲလမ်းထွက်ကြတာကိုး၊ ပြီးတော့၊ လျှောက်ရမှာ မျက်လုံးတစ်ဖက်ကို
ပိတ်ထားကြတယ်ဗျ"



တရားခံ

ထောင်ကျတစ်ယောက်က အခြား ထောင်ကျကို မေးသည်။
"ကိုယ့်လူ၊ ဘာဖြစ်လို့ ထောင်ကျတာလဲကွ"
"ဆေးလိပ်သောက်လို့"
"ဘယ်လို၊ ဘယ်လို၊ လင်းစမ်းပါအုံးကွ"
"ဒီလိုလေ၊ ဆေးလိပ်ကို တအားရှိုက်လိုက်ရာမှာ မနေနိုင်ပဲ တဟွတ်ဟွတ်နဲ့
ချောင်းဆိုးမိတယ်၊ အဲဒီ အသံကြောင့် အစောင့် နိုးသွားတယ်လေ"

No comments: