Sunday, April 18, 2010

ဟာသ(၄၁)

ဂီတစာဆို

နာမည်ကြီးဂီတစာဆိုကို သတင်းထောက်က မေးသည်။
“ဆရာ၊ ဆရာ ဘယ်တုန်းက သီချင်းစရေးပါသလဲ ခင်ဗျာ။”
“ကျွန်တော.ဇနီး ခြောက်ယောက်မြောက် ကလေးမွေးတဲ့အခါမှာ
ကျွန်တော့ရဲ့ဖန်တီးနိုင်မှုစွမ်းအားကို တခြားနေရာမှာ အသုံးချရတော့မယ်လို့
နားလည်လိုက်ကတည်းကပဲဗျာ။”



လျှော့မပြောနဲ့

လူနာအမျိုးသမီးကြီးကို စမ်းသပ် စစ်ဆေးပြီးနောက် ဆရာဝန်ကပြောသည်။
“အင်း.... ခေါင်းက နောက်နေတယ်၊ အစာအိမ်လည်း သိပ်မကောင်းဘူး၊ ဒီကြားထဲ
ခင်ဗျားရဲ့ သွေးတိုးနှုန်းက အတော်လေး မြင့်နေပြန်တယ်၊ ဒါနဲ့ ခင်ဗျား
အသက်ဘယ်လောက်ရှိပြီလဲ”
အမျိုးသမီးကြီးက မပွင့်တပွင့် ဖြေသည်။
“၂၈-နှစ် ပါ”
“သြော် မှတ်ဥာဏ်လည်း မကောင်းဘူးကိုး”



နှမြောစရာကြီး

ဆီးစစ်ရန် လိုသဖြင့် ဆေးရုံဓာတ်ခွဲခန်းသို့ ဦးကပ်စေး ဆီးယူလာသည်။
ဓာတ်ခွဲခန်းဝန်ထမ်း အမျိုးသမီးက ပြောသည်။
“ဂါလံပုံးအပြည့် ဘာဖြစ်လို့ယူလာရတာလဲ”
“ကပ်စေးနှဲတယ် အပြောခံရမှာစိုးလို့ပါ”
နောက်တစ်နေ့
“ရှင် ဘာဖြစ်လို့ ဆီးပုံးကို ပြန်ယူရတာလဲ”
“သြော် ဆီးထဲမှာ သကြားဓာတ်တွေ့တယ်လို့ ခင်ဗျားပဲပြောတယ်မဟုတ်လား၊
ဒီလောက်များတဲ့သကြား လွှင့်ပစ်ရမှာ နှမြောစရာကြီး”



ကူညီချင်ပါတယ်

ယောက်ျားကြီးတစ်ယောက် အများသုံးအိမ်သာထဲ
ထိုင်နေသည်။ကိစ္စပြီးသွားသောအခါ အိပ်ထောင်ထဲ စက္ကူရှာသည်။ ဘယ်မှာမှ
မတွေ့ချေ။ သို့နှင့် ဘေးခန်းကိုတံခန်းခေါက်ပြီး မေးသည်။
“ခင်ဗျားဆီမှာ စက္ကူအပို မပါဘူးလားခင်ဗျာ”
“မပါဘူး၊ အဲ လိုချင်ရင်တော့ ခဲတံပေးနိုင်တယ်၊ ယူမလားဟင်”



လေ့ကျင့်မှု

“ဒီနေ့ ခင်ဗျားရဲ့ ချောင်းဆိုးသံကို မနေ့ကထက် ပိုကြိုက်တယ်”
“မကြိုက်ခံနိုင်ရိုးလား ဒေါက်တာရယ်၊ ကျွန်တော်တစ်ညလုံး
လေ့ကျင့်ထားတာကလား”


ပိန်နည်း

အလွန်ဝသော အမျိုးသမီးလူနာက ဆရာဝန်ကို ပြောသည်။
“ဒေါက်တာ၊ ပိန်ဖို့အတွက် ဘာလေ့ကျင့်ခန်းလုပ်ရင် ကောင်းမလဲဟင်”
“ခေါင်းကို ဘယ်စောင်းလိုက်၊ ညာစောင်းလိုက် လုပ်ပေးပါ”
“တစ်နေ့ ဘယ်နှစ်ကြိမ်လုပ်ရမလဲ”
“ခင်ဗျားကို အစာစားဖို့ ဖိတ်ခေါ်တဲ့အခါတိုင်း”


ခွဲစိတ်ပါရဂူ

“ဆရာကြီးခင်ဗျာ၊ ခွဲစိတ်ဖို့အတွက် အစစ အဆင်သင့်ဖြစ်ပါပြီး၊ ဒါပေမယ့် လူနာ
ရောက်မလားသေးဘူး”
“ကီစ္စမရှိဘူး၊ သူမပါဘဲနဲ့ အရင်စနှင့်တာပေါ့။”



တကယ် မကြားရဘူး..

ကျောင်းဆရာက စာသင်သားတို့ကို မေးသည်။
“ရှစ်ကို ရှစ်နဲ့ မြောက်ရင် ဘယ်လောက်ရမလဲ ၊ ပီတာ... မင်းဖြေစမ်း”
“ကျွန်တော်မကြားရဘူး ဆရာ”
ဆရာသည် ပီတာ အနားကပ်လာကာ မေးခွန်းကို ထပ်မေးသည် ။
“မကြားရပါဘူး ဆရာ”
“မင်းငါ့ကို မလိမ်နဲ့ ၊ ကြားယ မကြား သိရအောင် မင်းနဲ့ ငါနဲ့ နေရာချင်း
လဲကြမယ်”
ပီတာသည် ဆရာထိုင်သည့် စားပွဲသို့ လျှောက်သွားကာ မေးသည်။
“ဆရာခင်ဗျား ၊ ကျွန်တော့်အမေဆီ အချိန်မတော် လာနေတာကို ဘယ်တော့
ရပ်တန်းက ရပ်မလဲ”
“ဟုတ်တယ်ဟေ့ ၊ တကယ်ပဲ ဘာမှ မကြားရပါလား”


ရှာလိုက်ရတာ

လူတစ်ယောက်လမ်းလျှောက်လာသည်။ ရေအိုင်တစ်ခုတွင်
အရက်သမားတစ်ယောက် ဟိုစမ်းသည်စမ်း လုပ်နေသည် ကို တွေ့သည်နှင့်
မေးသည်။
“ဟေ့လူ ၊ ခင်ဗျား ဘာလုပ်နေတာလဲ”
”ရှာနေတာဗျ”
“အတူတူရှာကြရအောင်”
“အတူတူရှာ ကြသည် ။ ခဏကြာသော် ဇိုးသမားက ဝမ်းသာအားရပြောသည် ။”
“တွေ့ပြီ”
“ဘာတွေ့တာလဲ”
“မြစ်ကမ်းကိုရှာတွေ့ပြီ”


ဒါတော့ခွင့်ပြုတယ်

အပျိုချောတစ်ဦး မြစ်ထဲ ရေဆင်းကူးရန်ပြင်နေသည်ကို ငါးမျှားသူက
တစ်နေရာမှနေ၍ စောင့်ကြည့်နေသည် ။ အဝတ်အစားချွတ်ပြီး
ရေထဲဆင်းတော့မည့် ဆဲဆဲတွင် ငါးမျှားသူက အမျိုးသမီးကို အော်ပြောသည် ။
” ဒီမှာရေမကူးရဘူးဗျ”
”ဟုတ်လား ၊ ဒါဖြင့်ရင် ကျွန်မအဝတ်အစား မချွတ်ခင် ဘာဖြစ်လို့
သတိမပေးတာလဲ”
”အဝတ်အစား ချွတ်တာကိုတားမြစ်ထားတာမှမဟုတ်ဘဲ”



ဘုံပစ္စည်း

ညားခါစလင်မယားနှစ်ယောက် စကားများနေကြသည်။
”အတ္တဆန်တဲ့ရှင့်ရဲ့အမူအကျင့်တွေကို စွန့်ပစ်ပါ ၊တစ်ခါလာလည်း ငါ့အိမ် ၊
ငါ့မိန်းမ ၊ ငါ့လစာ နဲ့ ငါ, ငါ, ငါချည်းပဲမွှန်နေတယ် ၊ကျွန်မ
အိမ်ကိုစရောက်ပြီး ရှင့်မိန်းမ ဖြစ်လာကတည်းက "ငါပိုင်" ဆိုတာ မရှိတော့ဘူး ၊
"တို့ပိုင်" ပဲရှိတော့တယ် ၊ နားလည်လား၊ ၊ ဒါနဲ့ ကျွန်မရဲ့ ဗီရိုမှာ ရှင်
ဘာရှာနေတာလဲ...”
”တို့ရဲ့ မုတ်ဆိတ်ရိတ်ဓါး”



မြင်းကုလားအုတ်

ယုန် နှင့် ဝက်ဝံတို့ ထောင်ထဲတွင် ထိုင်နေကြသည် ။ မကြာမီ ၄င်းတို့ဧ။်
အခန်းပွင့်လာပြီး အခန်းတွင်းသို့ ကလားအုပ်တစ်ကောင်ကို ဆွဲသွင်းလာသည် ။
ကုလားအုပ် ကို ကြည့်ပြီး
ယုန်က ဝက်ဝံကို ပြောသည်။
“ မင်းပြောတော့ ဒီမှာရိုက်နှက် ညှဉ်းပမ်းတာတွေ မရှိဘူးဆို ၊အခုကြည့်စမ်း၊
မြင်းကို သူတို့ ရုပ်ပျက်ဆင်းပျက် ဖြစ်အောင် လုပ်လိုက်ကြပြီ”

No comments: