Tuesday, September 21, 2010

ဟာသ(၅၇)

ကမ္ဘာကျော် လျှောက်လဲချက်

"ကျွန်တော်ရဲ့ အမူသည်ဟာ ဘဏ်တိုက်ကို ဖောက်ထွင်းခဲ့ကြောင်း
ရိုးသားပွင့်လင်းစွာနဲ့ ဝန်ခံခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီတော့ ဒီလို ရိုးသားပွင့်လင်းတဲ့
လူတစ်ယောက်ဟာ ဘယ်လိုနည်းနဲ့မှ ရာဇဝတ်မှု ကျူးလွန်နိုင်မဲ့လူ
မဖြစ်နိုင်ဘူးဆိုတာ ပေါ်လွင်နေပါတယ်"



ကုမ္ပဏီပိုင်ရှင်

'ကျွန်ုပ်သာ ကုမ္ပဏီပိုင်ရှင် ဖြစ်ခဲ့လျှင်' ဟူသော ခေါင်းစဉ်ဖြင့် စာစီစာကုံးရေးရန်
ဆရာမက တပည့်တို့ကို ပြောသည်။ ကျောင်းသားအားလုံးလိုလို
ကြိုးစားရေးကြသည်။ အီဗန်တစ်ယောက်သာ မရေးပဲ ပြတင်းပေါက်
ဘက်ငေးကြည့်နေသည်။
"ဟေ့၊ အီဗန် မင်းဘာလို့ မရေးသလဲ"
"ကျွန်တော် အတွင်းရေးမှူးမကို စောင့်နေတယ်"



မေတ္တာဘွဲ့

လူငယ်သည် မိမိချစ်နေသော အမျိုးသမီးကို လက်ထပ်ခွင့်တောင်းရန် အကြိမ်ကြိမ်
ဆုံးဖြတ်သည်။ အကြိမ်တိုင်း မဝံမရဲ့ ဖြစ်နေကာ နောက်ဆုတ် ပြန်ခဲ့သည်ချည်း
ဖြစ်သည်။ ယခုအခေါက်တွင် တယ်လီဖုန်းဖြင့် လက်ထပ်ခွင့်တောင်းရန်
ဆုံးဖြတ်ချလိုက်သည်။
"ဟဲလို၊ မေရီလား"
"ဟုတ်ပါတယ်"
"မေရီ၊ ကိုယ့်ကို လက်ထပ်မလားဟင်"
"လက်ထပ်မှာပေါ့၊ ဒါနဲ့ အခုစကားပြောနေတာ ဘယ်သူလဲဟင်"




ငွေတောင်းတက်ရတယ်

အမေရိကန်ကန် ဆရာဝန်တစ်ဦးကို ¤င်း၏ မိတ်ဆွေက မေးသည်။
"ဟေ့လူ၊ ခင်ဗျားဆီ လာတဲ့ လူနာတိုင်းကို နေ့လည်စာ ဘာစားသလဲလို့ ခင်ဗျား
အမြဲတန် မေးတက်တယ်။ ဘာဖြစ်လို့လဲ"
"ဒါမှ သူတို့ဆီက ကုသခ ဘယ်လောက်တောင်းရမလဲဆိုတာ ခန့်မှန်းနိုင်မှာပေါ့"



ပြပွဲ

"ဘယ်သွားမလို့လဲ"
"ပြပွဲကို "
"ဘာလဲ၊ မင်းကို ကြည့်မဲ့ လူရှိတယ် ထင်လို့လား"



စကားပြောကောင်းသူ

"တော်မီရေ၊ ကိုယ့်ကို နားထောင်တဲ့ လူတစ်ယောက်မှ မရှိတာတောင် စကားကို
ဆက်ပြောတဲ့လူဟာ ဘယ်လိုလူကို ခေါ်သလဲ"
"ကျောင်းဆရာပါ"



ယောက်ျားတို့ဘဝ

မည်သည့်အကြောင်းများကြောင့် ယောက်ျားများ ညအချိန်မတော် အိပ်ရာက
ထကြသနည်း ဆိုသည်ကို အမေရိက နိုင်ငံတွင် သုတေသနပြုလုပ်ရာ အောက်ပါ
ရလာဒ်ကို ရသည်။
၅- ရာခိုင်နှုန်းသည် အပေါ့အပါးသွားရန် အတွက် အိပ်ရာကထသည်။
၁၅- ရာခိုင်နှုန်းသည် ညဆိုင်းအလုပ်သို့သွားရန် အိပ်ရာကထသည်။
၈ဝ- ရာခိုင်နှုန်းသည် အဝတ်အစားဝတ်ရန်နှင့် အိမ်ပြန်ရန် ဖြစ်သည်



ပဟေဠိ

"ခေါင်းရှိလိုက်၊ မရှိလိုက်၊ ရှိလိုက်၊ မရှိလိုက် ဖြစ်တဲ့ အရာကို ဘာကို ခေါ်သလဲ"
"ခြံစည်းရိုးတစ်ဘက်က ခြေထော့နဲ့ ဖြစ်နေတဲ့ လူ လမ်းလျှောက်လာတာပါ"



ဒီထက်ပို လျှောက်ရအုံးမလား

ဆရာဝန်က လူနာကို ပြောသည်။
"နေ့စဉ် လမ်းနည်းနည်းတော့ လျှောက်ပေးဘို့လိုလိမ်မယ်ဗျ"
"ဟုတ်ကဲ့ ဒေါက်တာ၊ ဘယ်အချိန်မှာ လျှောက်ရမလဲဟင်။
ကျွန်တော်အပိုင်ရပ်ကွက်ကို မနက်ပိုင်း စာတွေ လျှောက်ဝေ အပြီးဆိုရင်
ကောင်းမလားဟင်"



အဲရိုဖလုတ် (ဆိုဗီယက်လေကြောင်း)

စိတ်ရောဂါ ဆေးရုံသို့ သတင်းထောက် တစ်ယောက်သတင်းယူရန်
ရောက်လာသည်။ ဆေးရုံ ခေါင်းမိုးပေါ်မှ နေ၍ မွေ့ရာကို စီးကာ လူနာများ
ခုန်ချနေသည်ကို တွေ့ရသည်။
"ခင်ဗျားတို့ ဘာလုပ်နေကြတာလဲ"
"အဲရိုဖလုတ် လေယာဉ် လုပ်တမ်း ကစားနေကြတယ်လေ"
"ဆေးရုံအုပ်ရော၊ ဘယ်မှာလဲ"
"ပထမ လေယာဉ်ပျံနဲ့၊ ထည့်ပေးလိုက်ပြီ"



မိဘဆိုတာ

မိဘတွေအကြောင်းကို အကိုဖြစ်သူက ညီလေးကို ပြောပြနေသည်။
"ပထမတော့ ငါ့တို့လမ်းလျှောက်တယ်။ စကားပြောတက်အောင် သူတို့
သင်ပေးတယ်။ အဲဒီနောက်မှာတော့ စကားမပြောပဲ တိတ်တိတ်ကလေး ထိုင်နေဘို့
သူတို့ တောင်းဆိုတယ်"



ကြာလှချည်းလား

အလုပ်ရှင်က အလုပ်သမားကို ဆူနေသည်။
"မောင်ရင်၊ ဒီနေ့ ၂-နာရီနောက်ကျပြီးမှ အလုပ်ရုံကို ရောက်လာတယ်။
ဘာသဘောလဲ"
"ဒီကနေ့ ကျွန်တော် ကံဆိုးမိုးမှောင် ကျလို့ပါ ခင်ဗျာ"
"လင်းစမ်းပါအုံး"
"အိမ်ပြတင်းပေါက်က ကျွန်တော် လိမ့်ကျခဲ့ပါတယ်"
"မောင်ရင်၊ ဘယ်အထပ်မှာ နေလို့လဲ"
"ခြောက်ထပ်မှာပါ"
"ခြောက်တပ်မှာ ဟုတ်လား၊ ခြောက်ထပ်ကနေ မြေပေါ်ကို လိမ့်ကျတာ ၂-နာရီ
တိတိကြာတယ်လို့။ မင်းငါ့ကို ယုံစေချင်သလားကွ၊ ဟေ"



တစ်ပြိုင်တည်း

"ဒေါက်တာ၊ ခွဲစိပ်ခံရမယ့်အစား ကျွန်တော် သေပဲ သေလိုက်ချင်တယ်"
"အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့၊ နှစ်ခုစလုံးကို တပြိုင်တည်း လုပ်လို့ရတယ်"



စောစောကတည်းက

"တရားခံ၊ တရားလိုရဲ့ ခေါင်းကို ခင်ဗျား ထိုးကြိတ်ခဲ့တယ်ဆိုတာကို ဝန်ခံသလား"
"ဝန်ခံပါတယ်။ ဒါပေမယ့် သူခြေထောက်ခွင်နေတာကတော့ ကျွန်တော်
မရိုက်ခင်ကတည်းကပါ"




ဒါလေးတောင် မပြောနိုင်ဘူး

"ခင်ဗျား ဒီမြို့မှာ မွေးတယ်လို့လဲ ပြောတယ်၊ ဒါပေမယ့် ဘူတာကို သွားတဲ့
အနီးဆုံး လမ်းကိုတောင် မညွှန်ပြနိုင်ဘူး"
"ဝမ်းနည်းပါတယ်၊ ကျွန်တော် တက္ကစီသမား ဖြစ်နေလို့ပါ"

No comments: