Thursday, September 23, 2010

ဟာသ(၅၈)

ပဟေဋ္ဋိဆန်တဲ့အပြုံး

"ဖေဖေ၊ ပဟေဋ္ဋိဆန်တဲ့အပြုံးဆိုတာ ဘယ်လိုဟာကို ခေါ်သလဲဟင်"
"ဒီနေ့ ရုံးဆင်းချိန်အပြီးမှာ အရေးတကြီးကိစ္စတစ်ခုကြောင့် ဖေဖေ
အိမ်ပြန်နောက်ကျမယ်လို့ ပြောလိုက်တဲ့အခါ မင်းမေမေရဲ့ မျက်နှာပေါ်မှာ
ပေါ်လာတဲ့ အပြုံးမျိုးပေါ့ကွာ"



သွေးစည်မှု

"အချင်းချင်း သွေးစည်မှုရှိလေလေ၊ အားကောင်းလေလေ"
ဟု မိမိနှင့်အတူ ကျောင်းပြေးကြရန် ဂျော်နီက အတန်းသားများကို ပြောသည်။



နောက်ဆုံးပေါ် နှိုးစက်

"စိတ်ချရတဲ့ နှိုးစက် နာရီတစ်လုံး လိုချင်ပါတယ်"
"အတော်ပဲ၊ နောက်ဆုံးပေါ် နှိုးစက်နာရီကို မနေ့ကပဲ ကျွန်တော့တို့
ဆိုင်ပေါ်တင်ထားတယ်။ ယူကြည့်ပါ။ ဒီစက်က အင်မတန် ထူးခြားပါတယ်။ ပထမ
ခေါင်းလောင်တီးတယ်။ အဲဒီနောက်မှာ အမြှောက်သံလို မြည်တယ်။
မြည်ပြီးတဲ့အခါ အိပ်နေသူရဲ့ မျက်နှာကို ရေအေးလောင်းချပါတဲ့။ အဲဒါမှ
မနိုးဘူးဆိုရင် သူတက်နေတဲ့ ကျောင်း၊ သို့မဟုတ် အလုပ်ဋ္ဌာနကို တုပ်ကွေးမိနေလို့
မလာနိုင်ကြောင်း အကြောင်းကြားပေးတယ်"
"ယူမယ်၊ ယူမယ် မြန်မြန်လေးထုပ်ပေးပါ"



မောပြီ

တပ်ကြပ်ကြီးသည် တပ်စုကို မိုင် ၂ဝ- ခရီး ပြေးခိုင်းသည်။ ၁ဝ-
မိုင်ကျော်လာသောအခါ မောလှပြီး ဖြစ်ကြောင်း၊ ရှေ့ဆက်မပြေးနိုင်တော့ကြောင်း
တပ်သားအချို့ ငြီးငြူစပြုလာသည်။
"တပ်စု ရပ်၊ တန်းစီ၊ ဆက်မပြေးနိုင်တော့တဲ့ ရဲဘော် ရှေ့ကို ခြေလှမ်း
သုံးလှမ်းတိုး"
တပ်သား မောင်မြမှ လွဲ၍အားလုံး ရှေ့သို့ သုံးလှမ်းတိုးလိုက်ကြသည်။
"ရဲဘော် မောင်မြ၊ တကယ့်စစ်သားဆိုတာ ဒီလိုမှပေါ့ကွာ၊ မင်းတစ်ယောက်ဘဲ
ဆက်ပြေးနိုင်တဲ့လူ၊ ဟေ့၊ သူ့ကို အားလုံး အတုယူကြ"
"ဆက်ပြေးနိုင်တဲ့လူ၊ ဟုတ်လား၊ ရှေ့ကို ခြေလှမ်းသုံးလှမ်းဘို့တောင် အားမရှိ့လိုပါ
တပ်ကြပ်ကြီးရယ်"



အတုနဲ့ အစစ်

"မိတ်ဆွေရဲ့ နိုင်ငံကူးလက်မှတ်ဟာ အတုဖြစ်နေပါတယ်၊ ဓာတ်ပုံထဲမှာ
မိတ်ဆွေဟာ ထိပ်ပြောင် အခု ဆံပင်နဲ့ ဖြစ်နေတယ်"
"နိုင်ငံကူး လက်မှတ်အတုမဟုတ်ပါဘူး။ ကျွန်တော့ ဆံပင်သာ အတု ဖြစ်ပါတယ်"



သတ္တိကောင်းတဲ့ လူမျိုး

မည်သည့် လူမျိုးက သတ္တိ ပိုကောင်းသနည်းဆိုသည်ကို အမေရိကန်၊ ပြစ်သစ်နှင့်
ရုရှားတို့ အငြင်းပွား နေကြသည်။ အမေရိကန်က စပြောသည်။
ဓကျွန်တော့တိုလူမျိုးဟာ သတ္တိ အကောင်းဆုံးပဲ၊ ဥပမာ လူဆယ်ယောက် နှင့်
ကားဆယ်စီးရှိတယ်ဆိုပါစို့။ ကားဆယ်စီးမှာ တစ်စီးမှာ
ဘရိတ်ပျက်နေတယ်ဆိုတာ အားလုံးသိကြတယ်။ ဒါပေမယ့် ဘယ်ကားလဲဆိုတာ
အတိအကျ မသိကြဘူး။ ကားတစ်စီးစီယူပြီး သူတို့ မောင်းကြတယ်။
လမ်းကွေ့တစ်ခုမှာ ကားတစ်စီး ဘရိတ်မအုပ်နိုင်လို့ မှောက်သွားတယ်။
အဲဒီနောက်မှာ ဆေးရုံတက်နေရသူဆီကို ကျန်ကိုးယောက်က
စားစရာပစ္စည်းတွေယူလာပြီး လူနာလာတွေ့ကြတယ်ဓ
ပြစ်သစ်က ရယ်မောပြီး ပြောသည်။
"ဒါကိုများ သတ္တိကောင်းတယ်လို့ ခင်ဗျားတို့ ပြောရဲတယ်။
ကျွန်တော်တို့ဆီမှာကြည့်၊ လူငယ်ဆယ်ယောက်နဲ့ အမျိုးသမီး
ဆယ်ယောက်ရှိတယ်။ အမျိုးသမီးဆယ်ယောက်အနက် တစ်ယောက်မှာ
အေအိုင်ဒီအက်စ် ပိုးရှိတယ်ဆိုတာ အားလုံးသိကြတယ်။ ဒါပေမယ့်
ဘယ်သူလဲဆိုတာ အတိအကျမသိကြဘူး။ လူငယ်ဆယ်ယောက်ဟာ နှစ်သက်တဲ့
အမျိုးသမီးတစ်ယောက်ဆီကို ရွေးပြီး အိပ်ရာထဲ ဝင်ကြတယ်။ အဲဒီနောက်မှတော့
လူငယ်တစ်ယောက်ရောဂါဖြစ်ပြီး ဆေးရုံတင်ရတယ်။ ကျန်ကိုးယောက်က သူ့ရဲ့
အမျိုးသမီးဆီကို အားပေးဘို့ လာကြတယ်"
အမေရိကန်နှင့် ပြစ်သစ်က ရုရှားကို မေးသည်။
"ခင်ဗျားတို့ လူမျိုးရဲ့ သတ္တိရှိနည်းကို ပြောပြပါအုံးဗျ"
"ကျွန်တော်တို့ဆီမှာတော့ ခင်ဗျားတို့မှာလို မရှုတ်ဘူး။ လူဆယ်ယောက်စုမိပြီး
အရက်သောက်ကြတယ်။ ဆယ်ယောက်အနက် တစ်ယောက်ဟာ လက်ထောက်ချတဲ့
လူဖြစ်တယ်ဆိုတာ အားလုံးသိကြတယ်၊ ဒါပေမယ့် ဂရုမစိုက်ဘူး။ ဟာသတွေ
မျိုးစုံပြောကြတယ်"
"အဲဒီနောက် ဘာဖြစ်သလဲဗျ"
အမေရိကန်နှင့် ပြစ်သစ်တို့က စိတ်ဝင်စားလာပြီး မေးသည်။
"ဘာဖြစ်ရမလဲ၊ ကိုးယောက်ထောင်ကျတယ်။ နောက်ဆုံးတစ်ယောက်က သူတို့ဆီ
ထောင်ဝင်စာ လာတွေ့တယ်လေ"



ဓားပြတို့၏ဂလဲ့စား

"ဓားပြဂိုဏ်းတစ်ခုက သူတို့ရဲ့ အဖွဲ့ဝင်တစ်ယောက်ကို ဂလဲ့စားချေကြတယ်လို့
ကြားတယ်"
"ဘယ်လို ဂလဲ့စားချေတာလဲ လင်းစမ်းပါအုံး"
"သူ့ကို ကြိုးနဲ့တုပ်ပြီး မီးရထားသံလမ်းပေါ် တင်ထားသတဲ့"
"ရက်စက်လှချည်လား။ ဒီဓားပြ အပိုင်းပိုင်းပြတ်သေမှာပေါ့"
"အပိုင်းပိုင်းတော့ မဖြစ်ဘူး။ နောက်ရထား လာတာကို စောင့်ရင်း အစာငတ်ပြီး
သေသွားသတဲ့"



အန္တရယ်များတယ်

လမ်းလျှောက်လာသော ဆင်ကို ပုရွက်ဆိတ်က တားသည်။
"ဟေ့ဆင်၊ ဒီနေရာမှာ လမ်းမလျှောက်နဲ့။ အန္တရယ်များတယ်။ ဟိုမှာ ကျုပ်တို့
အမျိုးတွေ ရန်ဖြစ်နေကြတယ်"



မလတ်တဲ့ငါး

"မနေ့က ရှင့်ဆိုင်က ကျွန်မဝယ်ခဲ့တဲ့ငါးဟာ မလတ်ဘူးရှင့်"
"ဟုတ်လား၊ ပင်လယ်က တိုက်ရိုက်လာတဲ့ ငါးပဲရှင့်"
"အဲဒီ ငါးဟာ ခြေလျင် လမ်းလျှောက်လာတာနဲ့ တူတယ်"



နာရီကအချိန်တိုက်တာပါ

အသက်ခြောက်ဆယ်အရွယ် လူကြီးကို အမျိုးသမီးတစ်ဦးက ပြောသည်။
"ဦးငွေမင်း ကျွန်မကို လက်ထပ်ခွင့် တောင်းတုန်းက ရှင့်ရဲ့ ကျန်းမားရေး
ဒေါင်ဒေါင် မြည်အောင် ကောင်းပါတယ်လို့ ကျွန်မကို ပြောခဲ့တယ်။ ဒါပေမယ့်
မနေ့က ဆေးခန်းမှာ ရှင့်ရဲ့ သွေးခုန်နှုန်းကို ဆရာဝန်က စမ်းသပ်နေတာကို ကျွန်မ
တွေ့ခဲ့ရတယ် ဘယ်လိုလဲ"
"သြော် ဒါလား၊ ဆရာဝန်က သူ့လက်ပတ်နာရီ အလုပ်လုပ်တာ မှန်မှ
မှန်ရဲ့လားဆိုတာ ကျွန်တော့ရဲ့ သွေးခုန်းနှုန်းကို အခြေပြုပြီး စစ်ကြည့်နေတာပါ"

No comments: