Saturday, October 25, 2008
ဟာသ (၅)
ချူချာနှင့် ဂျူတီရီပို့
စခန်းတစ်ခုလုံး ရှေ့တန်းထွက်ရသည်။ အစောင့်ဆို၍ ဖျားနေသည့် တပ်ရေးဗိုလ်ကြီးနှင့် တပ်ကြပ် ချူချာပဲ ကျန်ခဲ့သည်။
“ သတိဝီရိယနဲ့နေ၊ ကင်းကို ဂရုတစိုက်စောင့်၊ မနက်လင်းတာနဲ့ အခြေအနေအားလုံး ငါ့ဆီ ၀ိုင်ယာလက်နဲ့ သတင်းပို့ ”
“ ဟုတ် ”
တပ်ရင်းမှူး ရှေ့တန်းထွက်သွားသည်။
ချူချာ တစ်ညလုံး ကင်းစောင့်ပြီး မနက် ဝေလီဝေလင်းမှာ တပ်ရင်းမှူးဆီ သတင်းပို့သည်။ တပ်ရင်းမှူးက စမေးသည်။
“ ထူးခြားမှု ရှိ- မရှိ ”
“ ရှိ။ ခွေးတစ်ကောင်သေ ”
“ ဘာကြောင့်… ”
“ မြင်းသားစား…….. စားပိုးနင့် ”
“ ဘယ်ကမြင်း…… ”
“ ၀န်တင်မြင်း ”
“ ဘာကြောင့်သေ….. ”
“ ရေလှည်းဆွဲ၊ မြောင်းထဲကျ၊ ခြေကျိုး၊ ရေစည်ပိ ”
“ ရေ၊ ဘာလုပ်ဖို့ ”
“ အိပ်ဆောင် - ၃ မီးလောင်၊ မီးငြိမ်းဖို့ ရေသယ် ”
တပ်ရင်းမှူး အကြီးအကျယ် ဒေါသ ထွက်သွားသည်။
“ ချူချာ၊ မင်းတပ်ရေးဗိုလ်ကြီးကို အကြောင်းမကြားဘူးလား ”
“ ကြားလို့ မဖြစ်လို့ပါ၊ တပ်ရင်းမှူး ”
“ ဘာကြောင့်….”
“ တပ်ရေးဗိုလ်ကြီး မီးထဲ ပါသွားလို့ပါ ”
ချူချာနှင့် စကားဝှက်
တပ်သား ချူချာ ယနေ့ည အထူးလုံခြုံရေး ကင်းတာဝန်ကျသည်။
“ ကင်းနားကို ဘယ်ကောင်ပဲ ကပ်လာလာ၊ စကားဝှက်ကိုမေး၊ မဖြေနိုင်ရင် ဘာမှ မေးမနေနဲ့ ပစ်သာချလိုက်၊ ဘာမှ ဂရုစိုက်စရာ မလိုဘူး၊ တပ်ရင်းမှုး ဖြစ်နေ ဖြစ်နေကွာ၊ စကားဝှက် မေးမရရင် ပစ်သာချ၊ ဒါအမိန့်ပဲ ”
“ ဟုတ် ”
ချူချာ ကင်းရုံထဲဝင်ပြီး ဟန်ကျပန်ကျ ကင်းစောင့်သည်။
ခဏနေတော့ တပ်စည်းနားမှာ လူရိပ်တွေ့သည်။
“ ရပ်… ဘယ်သူလဲ ”
“ ဟေ့….. ချူချာ ငါပါကွ ”
“ ဘယ်ကငါလဲ ”
“ မင်းနဲ့ တစ်ခန်းတည်းနေတဲ့ အီဗန်နော့ဗ်လေကွာ၊ မင်းကလဲ ”
“ ဘာ အီဗန်နော့ဗ်လဲ မလိုဘူး၊ စကားဝှက်ပြော ”
“ လင်းယုန် ”
“ မဟုတ်ဘူး၊ ၀ံပုလွေ၊ စကားဝှက်ဘာလဲ ပြန်ပြော ”
“ ၀ံပုလွေ ”
“ အေး… ဟုတ်ပြီ၊ သွားတော့ ”
Subscribe to:
Post Comments (Atom)
No comments:
Post a Comment