Saturday, May 30, 2009

ဟာသ(၁၄)

ခြေထောက်များရင် မကောင်းဘူး
တိရစ္ဆာန်တစ်စု ဝိုင်းဖွဲ့ စားသောက်နေကြသည်။ အာသွက် လျှာသွက် ဖြစ်နေကြသဖြင့်
စကားဝိုင်းသည် စိုပြည်လှသည်။ အရက်ကုန်သွားသဖြင့် အရက်ထပ်ဝယ်ရန်
ဆုံးဖြတ်လိုက်ကြသည်။ သို့နှင့် လိပ်ကို အရက်ဝယ်ရန် လွှတ်လိုက်ကြသည်။
တစ်နာရီ၊ နှစ်နာရီ ကြာသွားသည်။ လိပ် ပေါ်မလာချေ။ တိရစ္ဆာန်များထဲမှ လိပ်ကို
ကျိန်ဆဲသံများ ပေါ် ထွက်လာသည်။ မနီးမဝေး ချုံထဲမှ လိပ်ထွက်လာပြီး စိတ်ဆိုးစွာ
ပြောသည်။
“ကျွန်တော့်ကွယ်ရာမှာ အခုလို အတင်းပြောရင် ကျွန်တော် မသွားတော့ဘူးဗျာ"
မတက်နိုင်။ လိပ်အစား ကင်းခြေများကို အဝယ်လွှတ်လိုက်ကြသည်။ ငါးနာရီကြာမှ
ကင်းခြေများ ပြန်ရောက်လာသည်။ အားလုံးက ၄င်းကို ဝိုင်းအော်ကြသည်။
“ဟေ့ကောင်။ မင်းသွားတာ ကြာလှချည့်လားကွဟေ”
"အရက်ဆိုင် ဝင်ပေါက်မှာ ဘယ်ကောင်လဲ မသိဘူး။ ဆိုင်းဘုတ်တစ်ခု ချိတ်ထားလို့"
"ဘာဆိုင်းဘုတ်လဲ"
“ဆိုင်ထဲမဝင်ခင် ခြေထောက်ကို စင်အောင် သုတ်ပါတဲ့”




တော်တော်တုံးတဲ့ဝံပုလွေ
ကိုချူချာ မြို့တက်ပြီး အမဲသား ဝယ်သည်။ အမဲသားချက်နည်း ပြုတ်နည်းကိုပါ
ရေးမှတ်လာခဲ့သည်။ ရွာသို့ ခြေလျင်ပြန်လာခဲ့ရာ လမ်းခရီးတွင် အမှောက်ပျိုးလာသဖြင့်
တောထဲတွင် ညအိပ်ရန် ဆုံးဖြတ်လိုက်ကြသည်။
၎င်းအိပ်နေချိန်တွင် အမဲသားထုပ်ကို ဝံပုလွေ ဆွဲသွားသည်။ အိပ်ရာမှ နိုး၍ အမဲသားကို
ဝံပုလွေ ဆွဲသွားကြောင်း သိသောအခါ ကိုချူချာ ဟက်ဟက်ပက်ပက် ရယ်သည်။
"ဟား ဟား ဟား။ တော်တော်တုံးတဲ့ ဝံပုလွေမ။ အမဲသားကို ခိုးသွားသတဲ့။ ချက်နည်းက
ငါ့ဆီမှာ ကျန်နေတာပဲ။ ဒင်း ဘာလုပ်လို့ ရမှာလဲ။ ဟဲ ဟဲ ။"




မျောက်မျက်မှန်
မျောက်မသည် မျက်မှန်တစ်လက် ဝယ်ပြီး နဖူးပေါ် ချိတ်ထားလိုက်သည်။ အသိများက
၎င်းကိုဝိုင်းပြောကြသည်။
"မျက်မှန်ကို ဘာဖြစ်လို့ နဖူးပေါ် ချိတ်ရတာလဲ။ မျက်မှန်ဆိုတာ ပိုမြင်ရအောင် မျက်စိမှာ
တပ်ရတာမဟုတ်လား။"
"ငါက မျက်စိ ပိုမြင်ဖို့ မဟုတ်ဘူး။ စိတ်ကူးစိတ်သန်း ပိုကောင်းချင်လို့။ ဒါကြောင့် နဖူးပေါ်
တပ်ထားတာဟေ့။"




လက်မှတ်ရောင်းပါ
မော်စကိုမြို့ ဓကူးစကီးဓ ဘူတာကြီးတွင် ဖြစ်သည်။
ရထားထွက်တော့မည် ဖြစ်ကြောင်း အချက်ပေးသံ ပေါ်ထွက်လာသည်။
လက်မှတ်အရောင်းကောင်တာသို့ ကိုချူချာ ကသောကမြောပြေးလာပြီး ပြောသည်။
"ကျွန်တော့်ကို လက်မှတ်တစ်စောင် အမြန်ဆုံး ရောင်းစမ်းပါ"
"ဘယ်ကို သွားမလို့ပါလဲ"
"ဘယ်သွားသွား ခင်ဗျားနဲ့ မဆိုင်ပါဘူး။ လက်မှတ်သာ ရောင်းစမ်းပါ။ နို့မဟုတ်ရင်
ကျွန်တော် ရထားနောက်ကျသွားလိမ့်မယ်ဗျ"




မယ်ဒလင်ဆရာ
ညအချိန်ဖြစ်သည်။
အရှိန်နှင့် မောင်းလာသော "မော်စကိုဗစ်ခ်ျ" ကားကို ယာဉ်ထိန်းရဲ တားလိုက်သည်။
ကားထဲကြည့်လိုက်သောအခါ ဒရိုင်ဘာ အပါအဝင် စုစုပေါင်း လူ ၁၆-ယောက်
လိုက်ပါလာသည်ကို တွေ့ရသည်။ ပြီးတော့ အားလုံး ဓထွေဓ နေကြသည်။
လေးယောက်စီးကားထဲ ၁၆-ယောက်တိတိ ပြွတ်သိပ်ပြီး လိုက်လာသည်ကို ကြည်ပြီး
ယာဉ်ထိန်းရဲ အကြီးအကျယ် အံ့သြသွားသည်။ ကိုယ့်မျက်စိ
ကိုယ်မယုံနိုင်အောင်ဖြစ်သွားသည်။ ဒဏ်ရိုက်ရန် ဖြစ်သော်လည်း မရိုက်ဘဲ မနက်ဖြန်
ဆယ်နာရီတိတိတွင် ဤ လူအတိုင်း ကားနှင့် ပြန်လာကြရန် မှာလိုက်သည်။
နောက်နေ့မနက်တွင် သူငယ်ချင်းများကားထဲ ဝင်ကြသည်။ ၁၅-ယောက်
ကားထဲရောက်သွားကြသည်။ တစ်ယောက်သာ ဘယ်လိုဘဲ ကြိုးစား ကြိုးစား ဝင်မရဘဲ
ဖြစ်နေသည်။ ဒရိုင်ဘာက ပြောသည်။
"ဟေ့ကောင်။ မနေ့က မင်းတို့နဲ့ မပါဘူးထင်တယ်"
မဝင်နိုင်သူ မကျေမနပ် ပြန်ပြောသည်။
"မပါဘူး။ ဟုတ်လား။ ကားထဲမှာ မင်းတို့ကို မယ်ဒလင် တီးပြီး ဖျော်ဖြေတာ ဘယ်သူလဲကွ
ဟေ"




TITANIC
အတ္တလန်တိတ်သမုဒ္ဒရာတွင် အလွန်ကြီးမားသော ဇိမ်ခံသဘောင်္ကြီး ခုတ်မောင်းနေသည်။
သဘောင်္ပေါ် လိုက်ပါလာကြသည့် ခရီးသည်များမှာ အထက်တန်းစား သူဋ္ဌေး သူဓဘိုးတိုင်ဓ
နှင့်၊ မိန်းမတွေက ပွဲနေ ပွဲထိုင်သွားသည့် အကောင်းစား ဂါဝန်တွေနှင့်။
သူတို့အားလုံး သဘောင်္ဧ။် ဧည့်ခန်းကြီးထဲတွင် ရောက်ရှိနေကြသည်။ ဝီစကီ၊ မာတီနီ။
ရှမ်ပိန်ခွက်တွေ ကိုယ်စီ ကိုင်ထားကြသည်။ သဘောင်္ကပ္ပတိန်အခန်းထဲ ဝင်လာပြီး
အားလုံးကြားအောင် အော်ပြောသည်။
'သတင်းနှစ်ခု ကြေညာစရာ ရှိပါတယ်။ တစ်ခုက ကောင်းတဲ့သတင်း။ နောက်တစ်ခုက
မကောင်းသတင်းပါ။ ဘယ်သတင်းက စပြောရမလဲ ခင်ဗျာ'
ပရိသတ်အားလုံးသံပြိုင် တောင်းဆိုလိုက်ကြသည်။
'သတင်းကောင်းကို အရင်ပြောပါ'
'ဟုတ်ကဲ့၊ ကျွန်တော်တို့ 'အော်စကာ' ဆယ့်တစ်ဆု ရပါတယ်။




လက်မှတ်စစ်
(ရုရှားနိုင်ငံရှိ ညအိပ်ရထားများ၌ တွဲတိုင်းတွင် တွဲစောင့် ရှိသည်။ အများအားဖြင့်
တွဲစောင့်သည် အမျိုးသမီး ဖြစ်လေ့ရှိသည်။)
ယောက်ျားဖြစ်သူ နယ်ခရီးထက်ရာမှ ပြန်လာသည်။ တစ်ကိုယ်လုံးပေရေနေသည်။
ဝတ်ထားသော ကုတ်အင်္ကျီ စုတ်ပြဲနေသည်။ မျက်နှာမှာလည်း ဒဏ်ရာဒဏ်ချက်တွေ
အပြည့်နှင့် ဖြစ်နေသည်။ ခါးထောက်ပြီး စိုက်ကြည့်နေသော မိန်းမကို ¤င်းက ရှင်းပြသည်။
'တွဲပေါ်ကို လက်မှတ်စစ် တက်လာတယ်။ ငါ့ဆီမှာ လက်မှတ် မပါဘူး။ ဒါနဲ့ပဲ တွဲပေါ်က
ခုန်ဆင်းလိုက်ရတယ်။'
' ဒဏ်ငွေဆောင်လိုက်ပါတော့လား။ ဘာဖြစ်လို့ ရထားပေါ်က ခုန်ဆင်းရတာလဲ။
မသေကောင်း မပျောက်ကောင်း '
' ဘယ်ဖြစ်မလဲ။ လက်မှတ်စစ်က တွဲစောင့် အမျိုးသမီးရဲ့ ယောက်ျားကွ'




မျှော်လင့်ချက်
စာရေးဆရာပေါက်စက အယ်ဒီတာကို မေးသည်။
" ကျွန်တော့် ဝတ္တုကို လူကြီးမင်းတို့ရဲ့ မဂ္ဂဇင်းမှာဖော်ပြပေးမယ့် အလားအလာ
နည်းနည်းဖြစ်ဖြစ် ရှိတယ်ဆို ကျေနပ်ပါပြီ။ ကျွန်တော် မျှော်လင့်နိုင်တယ်မဟုတ်လား ခင်ဗျာ "
" ဟာ၊ မျှော်လင့်နိုင်ပါတယ်။ ကျုပ် တစ်နေ့ကျ သေမှာပဲ ဥစ္စာ "

1 comment:

Anonymous said...

where'd u get alll these jokes?