Thursday, April 29, 2010

ဟာသ(၄၂)

စိတ်ကောင်းရှိသူ...

နေရာတကာ စွာကျယ်စွာကျယ် ဝင်လုပ်နေသည့် ယောက္ခမကို ကိုဘမောင်
သည်းမခံနိုင်တော့သည်နှင့် တစ်နေ့တွင် ယောက္ခမ၏ ခြေထောက်နှစ်ဘက်ကို
ဆွဲကိုင်ကာ ကိုးထပ်တိုက်ခန်း ပြတင်းပေါက်၏ အပြင်ဘက်သို့ ထုတ်လိုက်သည် ။
ခေါင်းအောက်စိုက် ဖြစ်နေသော ယောက္ခမနှင့် ကိုဘမောင် အကြား စကားပြောခန်း
မှာ ဤသို့ဖြစ်သည် ။
“ တစ်အိမ်ကျော်က ကိုမြ သူ့ယောက္ခမကို ဘာလုပ် လိုက်တယ်ဆိုတာ
သိလား..၊”
ယောက္ခဖြစ်သူ တုန်တုန်ရင်ရင်ဖြင့် ပြန်ဖြေသည် ။
“ ဟင့်အင်း”
“ယောက္ခမကို ကိုမြ ပေါက်ဆိန်နဲ့ခုတ်သတ်လိုက်တယ်ဗျ..၊ အောက်ထပ်က
ကိုရွေဂဲ ကျတော့ သူ့ယောက္ခမကို ဘယ်လို လုပ်လိုက်သလဲ သိလား..၊”
“ ဟင့်အင်း”
“ သူ့ယောက္ခမ ကို ရေနစ် သတ်ပစ်လိုက်တယ် ။ အဲ....ကျွန်တော်ကတော့
စိတ်ကောင်းရှိတဲ့လူ ။ ဒါကြောင့် အန်တီကို ကျွန်တော် လွှတ်ပေးလိုက်မယ် ။
ကိုင်း...သွားပေတော့..”




ဒါမှမဟုတ်...................

အမျိုးသမီးတစ်ဦး ဆရာဝန်မထံ ရောက်လာပြီး ပြောသည် ။
“ ဒေါက်တာ ၊ကျွန်မ ယောက်ျားဟာ သူ့ရဲ့ ယောက်ျားတာဝန်ကို ကျွန်မ
ကျေနပ်အောင် မဖြည့်ဆည်းနိုင်ဘူးရှင့်”
ဆရာဝန်မက အမျိုးသမီးကို ကြည့်ရှုစစ်ဆေးသည် ။
“ရှင့်ဆီမှာ ကျွန်မ ဘာချို့ယွင်းချက်မှ မတွေ့ဘူး ။ ယောက်ျားကို ခေါ်လာခဲ့ပါ”
ယောက်ျား ရောက်လာသည် ။ ၄င်းကို ဆရာဝန်မ စစ်ဆေးသည်။ ထို့နောက်
မေးနေကျ ပုံစံမျိုးဖြင့် မေးသည် ။
“တစ်နေ့တစ်နေ့ အချိန်ဘယ်လို ကုန်တယ်ဆိုတာ ပြောပြစမ်းပါ”
“မနက် ရုံးကို သွားတယ် ။ လမ်းမှာ အသိအမျိုးသမီး တစ်ယောက်က သူ့ကားကို
ရပ်ပြီး ၊ ရှင် ရုံးသွားမှာလား ၊ ဒါမှမဟုတ်.. ဆိုပြီး အဓိပ္ပါယ်ပါပါ မေးတယ် ။
ကျွန်တော် "ဒါမှမဟုတ်" ကိုရွေးလိုက်တယ် ။ ရုံးရောက်တော့ အတွင်းရေးမူးမက
ကြိုနေပြီး အကိုကြီး ...အလုပ်လုပ်မှာလား ၊..... ဒါမှမဟုတ်.... ဆိုပြီးပြောပြန်ရော
။ ကျွန်တော် "ဒါမှမဟုတ်" ကိုရွေးလိုက်တယ် ။ ညနေကျတော့ ကျွန်တော် အိမ်ကို
ပြန်လာတယ်။ ကိုယ့်အိပ်ခန်းကို မဝင်ခင်မှာ ဘေးခန်းက အမျိုးသမီး ထွက်လာပြီး
ဘယ့်နှယ်လဲ... အိမ်ကို တမ်းဝင်မှာလား ၊... ဒါမှမဟုတ်... လို့မေးတယ် ။
"ဒါမှမဟုတ်" ကိုပဲ ကျွန်တော်ရွေးလိုက်တယ် ။ ......ကိုယ့်အိပ်ခန်းထဲ ရောက်တော့
မိန်းမက ရှင်အိပ်မှာလား ၊.....ဒါမှမဟုတ် ဆိုပြီး ကျွန်တော့်အဖြေကို စောင့်တယ်။ ဒီတစ်ခါမှာတော့ ကျွန်တော် ထိုးအိပ်လိုက်တော့တယ် ။”
အမျိုးသမီး ဆရာဝန်က ချက်ချင်း မေးခွန်းထုတ်သည် ။
“ ကိုင်း ၊ ရှင် ကုမှာလား..၊.. ဒါမှမဟုတ်.......”



အကြံ...

“မင်းပြောတဲ့ ဟာသကို ငါ့မိန်းမကို ပြန်ပြောပြတယ် ။ စိတ်ဆိုးပြီး ငါ့ကို
စကားမပြောတာ ဆယ်ရက်ရှိသွားပြီ ။ ဘာလုပ်ရမလဲ ၊”
“ ယောက္ခမကို တပ်ပြောလိုက်”



မျက်စိဆရာဝန်.......

အခန်းထဲဝင်လာသော အမျိုးသမီးကို ဆရာဝန်က ပြောသည်။
“အဝတ်အစား ချွတ်လိုက်ပါ”
“ဒေါက်တာ ၊ ကျွန်မ နားကိုက်တာ လာပြတာပါ”
“အဲဒါဆို နား၊ နှာခေါင်းနဲ့ လည်ချောင်း ဆရာဝန်ဆီ သွားပါ”
“ ရှင်က ဘယ်သူလဲ ၊”
“မျက်စိဆရာဝန်”



ငြင်းပါ...

“ ဒေါက်တာ ၊ ကိုယ်ဝန်မရှိအောင် ဘာလုပ်ရမလဲ ဟင်”
“ ဟင့်အင်း လို့ ပြော”



တစ်ယောက်မှမရှိပါ...

ကိုချူချာသည် လူဆိုးများလက်မှ လွတ်အောင်ပြေးရင်း
ရေတွင်းထဲဆင်းပုန်းသည်။ လူဆိုးခေါင်းဆောင်က ရေတွင်းထဲငုံ့ကြည့်ပြီး
အော်သည်။
”တစ်ယောက်ယောက် ရှိသလားဟေ့”
”ကိုချူချာက ပဲ့တင်သံပုံစံ ပြန်အော်သည်။”
”တစ်ယောက်ယောက် ရှိသလားဟေ့၊ တစ်ယောက်ယောက် ရှိသလားဟေ့”
“တစ်ယောက်မှ မရှိဘူး ထင်တယ်”
“တစ်ယောက်မှ မရှိဘူး ထင်တယ်..၊ တစ်ယောက်မှ မရှိဘူး ထင်တယ်..”
” ဗုံးတစ်လုံး ပစ်ချလိုက်ရင် ကောင်းမလား၊”
“မပစ်နဲ့၊ မပစ်နဲ့၊ တစ်ယောက်မှ မရှိတာဘဲ”



ဖုန်းမှားသွားလို့

အဖေ။ ဟဲလို ...... သမီးလား
သမီး။ ဟုတ်ကဲ့
အဖေ။ သမီးမေမေကော
သမီး။ ဦးလေးနဲ့ အိမ်ပေါ်တက်သွားတယ်။
အဖေ။ အဲဒါဆိုသွားကြည့်စမ်း။
အတန်ငယ်ကြာသော်..............
သမီး။ အဖေ မေမေနဲ့ ဦးလေးတို့ နမ်းနေကြတယ်။
အဖေ။ ဟေ........ဒါဆို မေမေ့ကို အော်ပြေလိုက်စမ်း၊ ဖေဖေ အိမ်ရှေ့ရောက်နေပြီလို့။
သမီး။ ဟုတ်ကဲ့။
မေမေရေ၊ ဖေဖေ ပြန်လာတယ်။ အောက်ဆင်းခဲ့ပါဦး။
ဝုန်း
အဖေ။ ဘာသံကြီးလဲ
သမီး။ ဦးလေး ဘာဖြစ်လည်း မသိပါဘူးဖေဖေ။ အိမ်ပေါ်က ခုန်ချတာ
ရေကူးကန်ထဲ ကြသွားတယ်
ဒါပေမယ့် ဖေဖေပဲ မနက်က ရေတွေအကုန် ထုတ်ခဲ့တာလေ။ သူကံဆိုးတာပဲ
အဖေ။ ဟင်.........ရေကူးကန်ဟုတ်လား
ဖုန်းနံပါတ် ၃၂၃၄၂၃ မဟုတ်ဘူးလား
သမီး။ မဟုတ်ဘူး
အဖေ။ အဲဒါဆို ဖုန်းမှားသွားလို့နော်



'' ပုစွန်ဆိတ်လေးဘယ်လိုငယ်''

သားဖွားနှင့် မီးယပ်ရောဂါကု ဆရာဝန်ထံ ၁၆ နှစ်အရွယ် အမျိုးသမီးငယ်
ရောက်လာပြီး ဆေးစစ်ခံသည်၊ ခဏကြာသော် အမျိုးသမီးငယ်တွင် ကိုယ်ဝန်
ရှိနေပြီဟု ဆရာဝန်က ပြောသည်၊ ကောင်မလေးက ဝမ်းနည်းပက်လက် ငိုပြီး
..''အဟင့်၊အဟင့်.. ဒီလိုဖြစ်မယ်မှန်း သိရင် အဲဒီနေ့က အိမ်မှာ မနေခဲ့ပါဘူး၊ ဖေဖေ၊ မေမေ
တို့နဲ့အတူရုပ်ရှင် လိုက်သွားပါရဲ့''
...''လိုက်သွားဖို့ ကောင်းတာပေါ့၊ ဒါနဲ့ ဘာဖြစ်လို့လိုက်မသွားတာလဲ''
...''ဖေဖေပေါ့၊ သူတို့သွားကြည့်တဲ့ ရုပ်ရှင်က ၁၈ နှစ်အောက် မကြည့်ရတဲ့ ရုပ်ရှင်တဲ့''



မှန်လိုက်တဲ့ဗေဒင်

အီဗန်တစ်ယောက် ဟိုင်းဝေးလမ်းမကြီး တစ်လျှောက် ကားမောင်း၍ အိမ်ပြန်လာစဉ်
ဂျစ်ပစီမ တစ်ယောက်ကို လမ်းကြုံ ခေါ်တင်လာခဲ့သည်။
ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် အောက်ပါ အချက်သုံးချက်ကို ဗေဒင်ဟောပေးပြီး
မလွဲစေရဟုလည်း အာမခံလိုက်သည်။
၁။ထီပေါက်မယ်။
၂။ကားတစ်စီးလက်ဆောင်ရမယ်။
၃။သင့်ဇနီး အိမ်ဘေးက လူပျိုကြီး နီကိုလိုင် နဲ့ဖောက် ပြန်နေတယ်။
အီဗန်လည်း မယုံတစ်ဝက် ယုံတစ်ဝက်နဲ့ အိမ်ကိုပြန်လာပြီး အိမ်ရောက်သော်.......
ဇနီး။ ။အီဗန်ရေ ရှင့်ကို ဝမ်းသာစရာ ပြောရဦးမယ်။ ရှင်ထီပေါက်တယ်။
အီဗန်။ ။ဟုတ်လား။
ဇနီး။ ။ကားတစ်စီးလည်း လက်ဆောင် ရထားသေးတယ်။
အီဗန် အလွန် စိတ်ညစ်သွားသည်။ ဒီအတိုင်းဆိုရင်တော့ နံပါတ်သုံး အချက်လည်း
မှန်မှာပဲလို့ တွေးမိပြီး မျက်နာ မသာမယာ ဖြစ်သွားသည်။
ဇနီး။ ။ရှင်ဘာတွေြုဖစ်နေတာလည်း။ ဒီလောက်ပျော်စရာ ကောင်းတာကို။
အီဗန်။ ။အရမ်းမှန်တဲ့ ဗေဒင်ဆရာနဲ့ တွေ့ခဲ့လို့။
ဇနီး။ ။ကျွန်မကတော့ ဗေဒင်ဆို မယုံပေါင်။
အီဗန်။ ။ငါ့ကိုထီပေါက်မယ် ပြောတာ ခုတကယ်ပေါက်နေပြီ။
ဇနီး။ ။ဒီတစ်ချက်တည်းနဲ့ ဘယ်ပြောလို့ရမလဲ။
အီဗန်။ ။ကားလက်ဆောင်ရမယ်လဲ ပြောတယ်ကွ။
ဇနီး။ ။ကျွန်မကတော့ သိပ်မယုံသေးဘူး။ တိုက်ဆိုင်တာလည်း ဖြစ်နိုင်တာပဲလေ။
အီဗန်။ ။နောက်ဆုံး အချက် ပြောသေးတယ်။
ဇနီး။ ။ဘာလဲ။
အီဗန်။ ။အီမ်ဘေးကလူပျိုကြီး နီကိုလိုင်ရဲ့ ဟာက သေးသေးလေးတဲ့။
ဇနီး။ ။ဟားဟား ကျွန်မ မပြောလား။ ဗေဒင်ဆရာဆိုတာ
မယုံရပါဘူးလို့။ ဒီတစ်ချက်တော့ ဗေဒင်ဆရာ မှားသွားပြီရှင့်။
အီဗန်။ ။ :( :( :(

No comments: