Sunday, May 9, 2010

ဟာသ(၄၃)

မဟာ့မဟာ ပြသနာ

'' ပီတာ မင်းအဖေက ဘယ်သူလဲ '' ဆရာမက ပီတာလေးကို မေးသည်။
'' ဟာ ဆရာမကလဲ လုပ်ပြီ.. ဒီကိစ္စနဲ့ပဲ အိမ်မှာ အဖေနဲ့ အမေ
အမြဲရန်ဖြစ်နေကျဗျ...... ''



''ပုစွန်ထုပ်''

လူသားစား အရိုင်းတယောက် ၄င်း၏ သားငယ်နှင့်အတူ လမ်းလျှောက်
နေသည်၊ ဤအချိန်တွင် ၄င်းတို့အပေါ်မှ လေယာဉ်တစင်း ဖြတ်ပျံသွားသည်၊ သားငယ်က........
''ဒက်ဒီ...အဲဒါဘာလဲ''
''လေယာဉ်ပျံ၊ သူဟာ ပုစွန်ထုပ်လိုပဲ၊ အထဲမှာပါတာကိုစားလို့
ရတယ်'



'' ငပျင်း ''

သူက ပိုပျင်းသည်၊ ငါက ပိုပျင်းသည်နှင့် လူနှစ်ယောက် အငြင်းပွားနေကြသည်၊
တယောက်က...
''မနေ့ကဒေါ်လာ ၁ဝဝ လမ်းမှာကျနေတာ ငါတွေ့လိုက်တယ်၊ ဒါပေမယ့်..
မကောက်လိုက်ဘူး၊ ..ပျင်းလို့..''
ကျန်တယောက်က အားကျ မခံ...
''ညက ငါရုပ်ရှင် သွားကြည့်တယ်၊ ရုံထဲမှာ ၂ နာရီ တိတိ ငါအော်နေခဲ့တယ်''
''ပျင်းတာနဲ့ အော်တာနဲ့ ဘာဆိုင်လို့လဲ''
“သိပ်ဆိုင်တာပေါ့၊ ခေါက်ကုလားထိုင်ကို ဆွဲပြီး အထိုင်လိုက်မှာ..
ငါ့ရွှေဥ ထိုင်ခုံနဲ့ ညပ်သွားတယ်၊ ထ.ရမှာ ပျင်းတော့ အော်ပဲနေ
ရတော့တာပေါ့''



သဘောမတူနဲ့

မွေးပြီး..တနှစ်လောက်ကြာမှ မိမိတို့သားသမီးများ လမ်းစလျှောက်နိုင်ကြပြီး
နွား၊ မြင်း၊ သိုး စသည်တို့၏ ကလေးများမှာမူ မနက်မွေးလျှင် ညနေပိုင်းတွင်
လမ်းစလျှောက်နိုင်ကြသည်ကို မြင်ကြရသော မိန်းမများက တရားမျှတမှု မရှိဟု ယူဆကာ သိကြားမင်းထံ အရေးဆိုရန်
ကိုယ်စားအဖွဲ့တဖွဲ့ကို စေလွှတ် လိုက်ကြသည်၊ တောင်းဆိုချက်မှာ မိမိတို့ကို
နွား၊မြင်း၊သိုး တို့နည်းတူ တတန်းတည်း ထားရေးဇြစ်သည်။
အဖွဲ့ခေါင်းဆောင် မစိန်ပု အမည်ရှိ အသွက်ဆုံး အမျိုးသမီးကို သိကြားမင်း လက်ခံ နားထောင်သည်၊ ကျန်ကိုယ်စားလှယ် အဖွဲ့ဝင်များက အခန်းပြင်မှ
နားစွင့်နေကြသည်၊ မစိန်ပု ၏ ရှင်းပြချက်ကို ကြားရသောအခါ သိကြားမင်းက ဤသို့ပြောလေသည်......''ကိုင်း..မင်းတို့ဖြစ်ချင်တဲ့ အတိုင်း ဖြစ်စေရမယ်၊ ဒါပေမယ့် စည်းကမ်းချက် တခုထားမယ်၊ မိန်းမတွေဟာ တိရစ္ဆာန်များ နည်းတူ
တနှစ်မှာ တခါပဲ မေထုန်မှီဝဲကြရမယ်''
ဤတွင်အခန်းပြင်မှ အမျိုးသမီးများ သဲံပြိုင်အော်လိုက်ကြသည်....
''မစိန်ပုရေ့..သဘောမတူနဲ့ဟေ့''




ကောင်းလိုက်တဲ့နာရီ

တခါကဖြစ်ပါသည်။
ရွာမှ ဦးကြီးတစ်ဦး မြို့ပေါ်သို့တက်ပြီး လက်ပါတ်နာရီ ဝယ်ပါတယ်။
နာရီဆိုင်သို့ရောက်သော အခါ ဆိုင်ရှင်ကို အမျိုးအစားကောင်းသော နာရီကိုသာ ရောင်းပေးရန်နှင့် ကြိုက်ဈေးပေးဝယ်မည့် အကြောင်း သေချာ ပြောပြရှာသည်။
ထို့နောက် ဆိုင်ရှင်က ရွေးပေးသော နာရီကို ဝယ်ပြီး ဦးကြီး ရွာပြန်ခဲ့လေသည်။
နှစ်ရက်ခန့် ကြာသောအခါ ဦးကြီးသည် စိတ်ဆိုးမာန်ဆိုးနှင့် နာရီဆိုင်ကို
ပြန်ရောက်လာခဲ့သည်။ အကြောင်းမှာ သူဝယ်ထားသော နာရီမှာ တနေ့ကို
နှစ်နာရီလောက် မြန်နေသောကြောင့် ဖြစ်ရာ ဆိုင်ရှင်ကို အသစ်ပြန်လဲခိုင်းပါသည်။
သို့သော် ဆိုင်ရှင်၏ ဆင်ခြေစကားကြောင့် ပြန်မလဲဖြစ်တော့ပဲ
မြန်နေသော နာရီကိုသာ ပြုံးပြုံးကြီး ပါတ်ရင်း ရွာသို့ပြန်ခဲ့တော့သည်။
ဆိုင်ရှင်၏ ဆင်ခြေမှာ ( ဟာ ၊ အဘ ပဲ စက်ကောင်းတာပေးဆို ၊ ဒီနာရီက စက်က
ဂျာမနီလုပ်ဗျ ၊ သူများ နာရီတွေထက် စက်အား အများကြီး ပိုကောင်းတယ် ၊
ဒါကြောင့် သူများထက် ပိုမြန်မြန်သွားနိုင်တာဗျ ၊
စက်အား မကောင်းတဲ့ တရုတ်နာရီဆို နောက်ကျမှာပေါ့)လို့ ပြန်ပြောတော့ ၊
ဦးကြီး က (အော် ဟုတ်ပေသားပဲ ၊ ရွာကကောင်တွေ နားမလည်ပဲ
ငါ့နာရီစက်က ပိုအားကောင်းတာကို ၊ ဒီကောင်တွေ သက်သက်မဲ့
မနာလိုဖြစ်နေတာ)လို့ ပြန်တွေးလိုက်သတဲ့။



၁၈နှစ်ပြည့်မှ

အမေရိကန် ပြည်နယ်တခုတွင် လိင်တူသူချင်း လက်ထပ်ခွင့်ပြုသည့် ဥပဒေကို
ပြဋ္ဌာန်းလိုက်သည်။ ဤအခွင့်အရေးကို စောင့်နေသော လိင်တူ
စုံတွဲတတွဲ လက်ထပ် ရုံးသို့ရောက်လာကာ တရားဝင် လက်ထပ်ပြီးစီး
သွားကြသည်။ ဤအချိန် တွင်ကောင်းဘွိုင်တယောက် မိမိ၏ မြင်းနဲ့အတူ
ရောက်လာပြီး ၄င်းက အရေးဆိုသည်..''လိင်တူတွေကို ခင်ဗျားတို့လက်ထပ်
ပေးနေတာအခု ကျနော်တွေ့ရတယ်၊ တယောက်ကိုတယောက် ချစ်ခင်မြတ်နိုးရင် လက်ထပ်ခွင့်ပေးရမယ်လို့ ဥပဒေက ဆိုထားတယ်၊
ကျနော်ဟာ ကျနော့မြင်းကို အင်မတန် ချစ်တယ်၊ သူကလည်း ကျနော့်ကို သိပ်ချစ်ပါတယ်၊ ဒါကြောင့်
ကျနော်တို့နှစ်ယောက်ကို လက်ထပ်ပေးပါ''
ရုံးမှ တာဝန်ရှိသူများ အကြပ်ရိုက်သွားကြသည်၊ အစဉ်အလာ ဖြစ်သွားမည်
စိုး၍ အမျိုးမျိုး စဉ်းစားကြသည်၊ နောက်ဆုံးတွင်.. အကောင်းဆုံး အဖြေတခုကို
ရှာဖွေတွေ့ရှိ လိုက်ကြသည်.........
''သတို့သမီးသည် အသက် ၁၃ နှစ်ပင် မပြည့်သေးသဖြင့် လက်ထပ်ခွင့်
မပြုနိုင်ပါ



ဖတ်ပါစေ

မိန်းမက ယောက်ျားဖြစ်သူ ပါမောက္ခကို ပြောသည်။
'' ရှင့်စာကြည့်ခန်းထဲမှာ သူခိုးရောက်နေတယ် ''
'' ဘာလဲ၊ သူစာဖတ်နေသလား ''



ဘယ်သူ့ကိုလိုချင်တာလဲ

အလုပ်လာလျှောက်သောလူကို ဝန်ထမ်းရေးရာဌာန အကြီးအကဲက ပြောသည်။
'' ခင်ဗျားရဲ့ အသက်အရွယ်နဲ့ ဆိုရင်
ဒီထက်ပိုပြီး တက်တက်ကြွကြွ လှုပ်လှုပ်ရှားရှား ရှိသင့်တယ်လို့ ကျွန်တော် ထင်တယ် ''
'' လူကြီးမင်းတို့ရုံးက ဘာကို လိုချင်တာလဲ၊ ငွေကိုင်စာရေးကြီးလား၊ မျောက်လား ''



အလီဘိုင်

'' ဧပြီလ ၃ ရက်ကနေ ၄ ရက်ကို အကူးညပိုင်းမှာ ခင်ဗျားဘယ်မှာ ရှိနေခဲ့တယ်ဆိုတာ ပြောပြနိုင်သလား ''
'' သိပ်ပြောပြနိုင်တာပေါ့၊ အဲဒီနေ့က အခုရဲစခန်းမှာ ထိုင်ပြီး မတ်လ ၂၃ ရက်က
မတ်လ ၂၄ ကိုအကူးညမှာ
ကျွန်တော် ဘယ်မှာ ရှိခဲ့တယ်ဆိုတာကို ရှင်းပြနေခဲ့တယ်လေ ''



ချီတက်တဲ့ယင်ကောင်

'' တပ်သားချူချာ၊ ငါက'သတိ'လို့ အမိန့်ပေးနေတဲ့ အချိန်မှာ
ဘာဖြစ်လို့ နှာခေါင်းကို လက်နဲ့ ပွတ်နေရတာလဲ ''
'' နှာခေါင်းပေါ် ယင်ကောင် လာနားလို့ပါ ''
'' ဒါပေမယ့် ငါ 'သတိ'လို့ အမိန့်ပေးထားတာပဲ ''
'' ဟုတ်ပါတယ်၊ ဒါပေမယ့် ယင်ကောင်က ဆက်ပြီး ချီတက်နေလို့ပါ ''



ရော်ဘင်ဟု

'' ရော်ဘင်ဟုဟာဘာဖြစ်လို့လူချမ်းသာတွေဆီကပဲ လုယက်ရတာလဲ ''
'' ဆင်းရဲသားတွေဆီကဘာမှမရနိုင်ဘူးဆိုတာကိုသူသိလို့ပေါ့ ''



ယုံစမ်းပါ

ယောကျာ်းဖြစ်သူ ည ၁၂ - နာရီတွင် အိမ်ပြန်ရောက်လာသည်၊ မိန်းမက
အိပ်ခန်းထဲမှ နေ၍ လှမ်းမေးသည်။
'ဘယ်နှစ်နာရီ ရှိပြီလဲ'
'၁ဝ - နာရီ'
တိုက်တိုက်ဆိုင်ဆိုင် တိုင်ကပ်နာရီမှ 'ဒင်' ဟုတစ်ချက်တီးသည်။
'ရှင် ကျွန်မကို လှိမ့်ပြန်ပြီးလား၊ နာရီ တစ်ချက်တီးသံ ကျွန်မ ကြားရတာပဲ'
'ဟေ့၊ သုညကိုပါ မင်းက တီးစေချင်လို့လားကွဟေ'

No comments: