Thursday, July 15, 2010

ဟာသ(၄၈)

ကွာရှင်းချင်တာ ကြာပြီ

အဖိုးကြီးနှင့် အဖွားကြီး လင်မယားနှစ်ယောက် နှစ်ဦးသဘောတူကွာရှင်းလိုကြောင်း
တရားရုံးသို့ လျှောက်လွှာတင်သည်။ အဖိုးကြီးမှာ အသက် ၁၁၅ နှစ်၊ အဖွားကြီးမှာ
အသက် ၁ဝဝ ရှိကြ့ပီး ဖြစ်သည်။ တရားသူကြီး အဖိုးကြီးကို မေးသည်။
"အဖိုး၊ ဘာဖြစ်လို့ ကွာရှင်းချင်ရတာလဲ"
"ဒီ ဆံဖြူ သွားကျိုးမဟာ ကျုပ်ကို တစ်သက်လုံး သစ္စာဖောက်ခဲ့တယ်၊ ကျုပ်ကို
မချစ်ခဲ့ဘူး။ အိပ်ရာထဲကို ကော်ဖီ ယူမလာဘူး"
"အဖွားကရော၊ ဘာဖြစ်လို့ ကွာရှင်းချင်ရတာလဲ"
"ဒီသေနာကြီးဟာ ကျုပ်ကို ၁၅-နှစ် သမီးအရွယ်မှာ အဓမ္မ ကျင့်ခဲ့တယ်။
တစ်သက်လုံး ထမီမြင်ရင် ငန်းငန်းတက် ဖြစ်တယ်။ သစ္စာမဲ့တယ်။ "
တရားသူကြီးက နှစ်ယောက်စလုံးကို မေးသည်။
"ဒါဖြင့်ရင် ဘာဖြစ်လို့ စောစောက မလာသလဲ"
"သားသမီးတွေ သေကုန်တဲ့အထိ စောင့်နေရသေးတယ်"



မနက်ဖြန်အထိ စောင့်ပါ

တက္ကဆပ်ပြည်နယ် လက်နက်များ ရောင်းသည့် ဆိုင်အတွင်းသို့ လူတစ်ယောက်
ဝင်လာကာ မိမိအား ခြောက်လုံးပြူးတစ်လက်ရောင်းရန် ပြောသည်။
"ဘာရည်ရွယ်ချက်နဲ့များ မိတ်ဆွေ ခြောက်လုံးပြူးကို ဝယ်လိုတာလဲခင်ဗျာ"
"ကျုပ်ရဲ့ အိမ်နီးချင်းကို ပစ်သတ်ချင်လို့"
"မိတ်ဆွေ စိတ်မဆိုးဘူးဆိုရင် အကြံတစ်ခုပေးပါရစေ။ ဒီကိစ္စကို မနက်ဖန်အထိ
စောင့်စေချင်တယ်။ ကနေ့ မိတ်ဆွေကို ကြည့်ရတာ စိတ်လှုပ်ရှားနေပုံရတယ်။
ဒါကြောင့် ကနေ့ပစ်ရင် လွဲသွားနိုင်ပါတယ်"



ဒါကြောင့်ကိုး

ရပ်ဝေးမှ လာသော ဧည့်သည်က ဒေသခံကို တစ်ယောက်ကို မေးသည်။
"ဒီအရပ်မှာ ရာသီဥတု ကောင်းသလားဗျာ"
"သိပ်ကောင်းတာပေါ့၊ ကျွန်တော့ကိုပဲ ကြည့်၊ ကျွန်တော့ကို ပထမဦးဆုံး
ဒီကိုခေါ်လာတုန်းက ကျွန်တော်ဟာ စကားတစ်ခွန်းမှ မပြောနိုင်ဘူး။
သွားလည်းတစ်ချောင်းမှ မရှိဘူး။ တွားသွားဘို့တောင် အားမရှိဖြစ်ခဲ့တယ်။
အခုတော့ မိတ်ဆွေတွေ့တဲ့ အတိုင်းပဲ။ ကျွန်တော်ဟာ ဗလကောင်းတဲ့ လူ
ဖြစ်နေပြီလေ"
"အံ့သြစရာပါပဲ။ ဒါနဲ့ ခင်ဗျား ဒီအရပ်ကို ရောက်တာ ကြာပြီလား"
"ကျွန်တော် ဒီအရပ်မှာ မွေးတာလေ"



စီးပွားရေး

"တကယ့်ကို အားကျစရာပါလား။ လွန်ခဲ့တဲ့ ၆-လကမှ ခင်ဗျား စီးပွားရေး
စလုပ်ခဲ့တယ်။ အခု ဒေါ်လာ ၁-သန်းရှိနေပြီး၊ ဘယ်လိုလုပ်
အောင်မြင်နေရသလဲဗျ"
"ရှင်းရှင်းလေပဲ။ ကျွန်တော် မတည်ငွေက ဒေါ်လာ ၂- သန်းလေ"



ဝမ်းသာလွန်းလို့

ယောက်ျားနှင့် စကားများပြီး မိန်းမအိမ်ပေါ်မှ ဆင်းကာ အမေ့ထံ ပြန်လာသည်။
"မေမေ၊ ကျွန်မအိမ်ပေါ်က အဆင်းမှာ အိမ်ထဲက သေနတ်သံလိုလို
ကြားလိုက်ရတယ်။ သူ ကိုယ့်ကိုယ်ကို သတ်သေတာများ ဖြစ်နေမလားဟင်"
"မေမေ အထင်တော့ သူ ရှိန်ပိန်ပုလင်း ဖွင့်တာ ဖြစ်လိမ်မယ့်"



နည်းနည်း စောင့်လိုက်မယ်

"ခင်ဗျားလို အသက် ၇ဝ- အရွယ် အဖိုးကြီးက အသက် ၂ဝ- အရွယ်
အမျိုးသမီးနဲ့ လက်ထပ်မယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ ခင်ဗျားအတွက်
ကောင်မလေးဟာ အများကြီး အသက်ငယ်နေမှာပေါ့"
"ခင်ဗျား ပြောတာဟုတ်တယ်။ ကျုပ် နောက် ၂-နှစ်လောက် စောင့်လိုက်အုံးမယ်"



မထင်ပါဘူး

"ကျွန်တော့ကို ငထုံငအလို့ မိတ်ဆွေ ယူဆတယ်ပေါ့လေ၊ ဟုတ်လား"
"မဟုတ်တာ၊ ကျုပ်က လူတစ်ယောက်ကို တစ်ခါ တွေ့ရုံနဲ့ ဘယ်တော့မှ
ဆုံးဖြတ်ချက် မချတက်ပါဘူး"



ယင်ကောင်ကို မလိမ်နဲ့

"ကြည့်စမ်း၊ မင်းအနားမှာ ဒီယင်ကောင်ပဲ တစ်ချိန်လုံး ရစ်သီရစ်သီ
လုပ်နေပါလား"
"ဘာလဲ၊ ငါ့ကိုယ်က ချီးစော်နံတယ်လို့ မင်းပြောချင်တာလား"
"ငါဒီလို မပြောပါလား။ ဒါပေမယ့် ယင်ကောင်ကို လိမ်လို့တော့ မရဘူးလေ"



အထင်မှားလို့ အသားနာရတယ်

အသက် ၄ဝနား ကပ်နေပြီး ဖြစ်သော်လည်း အခုထိ အိမ်ထောင်မပြုသေးသည့်
မစ္စတာအန်ထော်နီသည် မျက်လုံးအောက်တွင် ညိုမဲသော ဒဏ်ရာဖြင့် ရုံးသို့
ရောက်လာသည်။ ရုံးသူရုံးသားများက အကြောင်းရင်းကို ဝိုင်းမေးကြသည်။
"ကျွန်တော် ပြောပြတာကို ခင်ဗျားတို့ ယုံချင်မှ ယုံကြမယ်။ ဒီနေ့ မနက် အိပ်ရာထ
နောက်ကျသွားတယ်။ ရုံးကို အချိန်မီ ရောက်အောင် အဝတ်အစား
ကမန်းကတန်းဝတ်တယ်။ အဲဒီမှာတင် ဘောင်းဘီက ဒုက္ခပေးတော့တယ်။
အတင်းဆွဲဝတ်ရင်းနဲ့ ရှေ့ကြယ်သီး သုံးလုံးစလုံး ပြုတ်ထွက်သွားတယ်။ အဲဒါနဲ့
ဘောင်းဘီကို ဝတ်ထားရက်တန်းလန်းနဲ့ ဘေးအိမ်က မေရီကို ကြယ်သီး
ပြန်တပ်ပေးဘို့ အကူအညီ တောင်းတယ်"
"ဆက်မပြောနဲ့တော့ ကျုပ်တို့ သဘောပေါက်ပြီး၊ ကြယ်သီးပြုတ်နေတဲ့
ဘောင်းဘီကို ကြည့်ပြီး သူ့ကို လာစော်ကားတယ်လို့ မေရီက ယူဆပြီး ခင်ဗျားကို
ဆော်ပလော်တီးလိုက်တယ်။ ဟုတ်တယ် မဟုတ်လား"
"မဟုတ်ပါဘူး၊ ကျွန်တော့ စကားကို ဆုံးအောင် နားထောင်ကြပါအုံး၊ ကျွန်တော်
ရိုးရိုးသားသား အကူအညီ တောင်းတယ်ဆိုတာ မေရီက နားလည်ပါတယ်။
ဒါကြောင့် မငြင်းဆန်ဘဲ ကြယ်သီးတပ်ပေးတယ်။ ဒါပေမယ့် ဖြစ်ချင်တော့
သူဆီမှာ ကပ်ကြေးမရှိဘူး။ ကြယ်သီးတပ်ပေးပြီး ထွက်နေတဲ့ အပ်ချည်ကို ပါးစပ်နဲ့
ကိုက်ဖြတ်ပေးချိန်မှာ အခန်းထဲကို သူ့ယောက်ျား ဝင်လာတယ်ဗျာ"

No comments: