Thursday, July 22, 2010

ဟာသ(၄၉)

သွေးခုန်နှုန်းတိုးတယ်

"ခင်ဗျားရဲ့သွေးခုန်နှုန်းတိုးနေတယ်"
ဟု ဆရာဝန်က ပြောသည်။
"ငါးမျှားတာကြောင့် ဖြစ်မယ်ထင်တယ်"
"ငါးမျှားလို့ သွေးခုန်နှုန်း တက်တယ်ဆိုတာ ဒီ တစ်ခါပဲ ကြားဘူးတယ်၊
မဖြစ်နိုင်တာ"
"ဒေါက်တာကိုယ်တိုင် 'ငါးမမျှားရ' လို့ ပိတ်ပင်ထားတဲ့ နေရာမှ
ငါးမျှားကြည့်ပါလား"



အတုယူခိုင်းမှာ စိုးတယ်

"ဦးရဲ့သမီးကို ကျွန်တော်နဲ့ ဘာကြောင့် လက်ထပ်ခွင့်မပြုတာလဲ ခင်ဗျာ၊
ဦးသိတဲ့အတိုင်း ကျွန်တော် ဆေးလိပ်မသောက်၊ အရက်မသောက်တဲ့ အပြင်
လောင်းကစားလဲ သိပ်မပါဘူး မဟုတ်လားခင်ဗျာ"
"မောင်ရင့်ကို လက်ညှိုးထိုးပြီး မောင်ရင့်အတိုင်းနေဘို့ ငါ့ကို မိန်းမက တစ်ချိန်လုံး
စံနမူနာယူခိုင်းမှာ စိုးလို့ဟေ့"



ပြချင်လို့

အဖိုးတန် သိုးမွေးဝတ်ရုံကို စမ်းဝတ်ကြည့်ပြီးနောက် ဝယ်သူ အမျိုးသမီးသည်
ကျသင့်ငွေကိုချေသည်။ ထို့နောက် စူပါမားကတ်မှ အရောင်းသမကို ပြောသည်။
"ဒီအနွေးဝတ်ရုံကြီးကို ကျွန်မရဲ့အိမ်ကို လာပို့ပါ။ အိမ်ရောက် ကျွန်မရဲ့အခန်းကို
အရင်မဝင်ပဲ အိမ်မှားတဲ့ ဟန်ဆောင်ပြီး ဘေးခန်းက မိန်းမကြီးဆီ အရင်ဝင်ပေးပါ"



အရည်အချင်း

"၃ဝ- ကို ငါးနဲ့ မြှောက်ရင် ဘယ်လောက်ရမလဲ "
ဟု ပျော်ပွဲစားရုံပိုင်ရှင်က အလုပ်လာလျှောက်လာသူ လူငယ်အား မေးသည်။
"ဘယ်အဖွဲ့တွေနဲ့ လာစားသလဲ။ ဘယ်အချိန်မှာ လာစားသလဲ၊ ပြီးတော့ ဒီမတိုင်မီ
သူတို့ ဘယ်လောက်အထိ သောက်ထားကြပြီလဲ"
"ရပြီ၊ မင်းကို အလုပ်ခန့်လိုက်ပြီ"



စားချင်သလား

အီဗန်သည် မိမိ၏ သူငယ်ချင်း နီကိုလိုင် အိမ်သို့ ရောက်လာသည်။ နီကိုလိုင်၏
မိခင်က တံခါးကို ဖွင့်ပေးသည်။
"နီကိုလိုင် ထမင်းစားနေတယ်ကွဲ့၊ မင်းလဲ ထမင်းစားချင်မယ်ထင်တယ်"
"ဟုတ်ကဲ့"
"အဲဒီလိုဆို အိမ်ပြန်ထမင်းသွားစားချေ၊ ပြီးတော့ ပြန်လာခဲ့ပေါ့"



အဆိုးဆုံး

"အဆိုးဆုံးကို ရင်ဆိုင်ဘို့ ပြင်ထားပေတော့"
"ဒေါက်တာ၊ ကျွန်တော် သေတော့မှာလားဟင်"
"မဟုတ်ဘူး၊ တန်ဖိုးကြီးတဲ့ ဆေးဝယ်ဘို့ ဆေးစာရေးပေမလို့"



အလုပ်ပြုတ်မှာ စိုးတယ်

ရုရှားနှင့် ဂျပန်မိတ်ဆွေနှစ်ဦး ဆိုဗီယက် စားသောက်ဆိုင်သို့ ဝင်လာသည်။
ဂျပန်က မီးချစ်ဆံတစ်ဆံကို ချစ်လိုက်သည်။ အဆုံးအထိ လောင်သွားသည်။
ဒုတိယအဆံကို ချစ်လိုက်ပြန်သည်။ အဆုံးထိလောင်သွားပြန်သည်။
တတိယအဆံကို ချစ်ပြန်သည်။ အဆုံးအထိ လောင်သွားသည်ကို ကြည့်ကာ
ရုရှားက ဂျပန်ကို မေးသည်။
"အစာမစားခင် လုပ်တဲ့ ခင်ဗျားတို့ရဲ့ ဓလေ့ ထုံးစံလား"
"မဟုတ်ဘူး၊ မီးချစ်ဆံ သုံးဆံတောင် ကုန်သွားပြီး၊ စားပွဲထိုးကက မလာသေးဘူး၊
ဒီလူကိုအ လုပ်ဖြုတ်ပစ်တော့မယ် ထင်တယ်နော်"



ခဏကိုင်ထား

မြေးက အဖွားကို မေးသည်။
"ဖွားဖွား၊ ဖွားဖွား ချောကလက်ကြိုက်သလားဟင်"
"ကြိုက်သော်လဲ မစားနိုင်ပါဘူး ငါ့မြေးရယ်၊ အဖွားဆီမှာ သွားတစ်ချောင်းမှ
မရှိတော့တာပဲ"
"ဒီလိုဆိုရင်၊ ကျွန်တော့ ချောကလက်တွေကို ခဏ သိမ်းထားနော်၊ ကျွန်တော်
သွားကစားလိုက်အုံးမယ်"



အားကြီးစိတ်ဆိုးတယ်

ရေချိန် အတော်ကိုက်လာသော ယောက်ျား အိမ်သို့ ပြန်ရောက်လာသည်။
တံခါးဖွင့်ပြီး ကိုယ်လုံးပေါ် မှန်ရှေ့တွင် ရပ်လိုက်သည်။ မှန်ပေါ်တွင် မိမိ၏ ပုံကို
မြင်ရသည်။
"ငါမရှိတုံး အခွင့်ကောင်းယူပြီး ငါ့မိန်းမဆီ မင်းလာတာပေါ့လေ၊ ဟုတ်လား၊
ဟေ့ကောင် အခုချက်ချင်းထွက်သွားစမ်း"
မှန်ပေါ်မှ အရုပ်သည် နေရာမှ မရွေ့ချေ။ ထိုအခါ ဇိုးသမားသည် ကုလားထိုင်ကို
ဆွဲယူလိုက်ပြီး၊ မှန်ကို ခွဲပစ်လိုက်သည်။ မှန်ကွဲများ ပြန့်ကျဲကုန်သည်။
"ဟေ့ မိန်းမ၊ မင်းလင်ငယ်ရဲ့ မျက်မှန် အကွဲစတွေ လာသိမ်းစမ်း"



ကားသစ်

ချာတိတ်တစ်ယောက် လမ်းပေါ်တွင် ကြွားနေသည်။
"ငါတို့အဖေ၊ ကားသစ်တစ်စီးရပြီ"
"ဘယ်မှာလဲ အဲဒီကား"
"ကားဂိုဒေါင်ထဲမှာလေ၊ တို့အဖေ တစ်ညလုံး ကားကို ဆေးသစ်သုတ်ပြီး
ကားနံပါတ်ကိုလည်း ပြောင်းလိုက်တယ်"



အလကား မပေးနိုင်ဘူး

ဒဏ်ရာရနေသော ဂျူးတပ်သားကို ရုရှားစစ်သားက ရန်သူများ ဝိုင်းရံထားသည့်
ကြားမှ ကယ်ထုတ်လာသည်။
"အီဗန်၊ ငါ့ကို ပစ်သတ်လိုက်ပါ၊ ဒီဒဏ်ရာနဲ့ ငါသေမယ်ဆိုတာ သေချာတယ်"
"ငါ့ဆီမှာ ကျည်ဆန် မကျန်တော့ဘူးကွ"
"ဒီလိုဆို ငါ့ဆီက နည်းနည်းဝယ်လေ"



အချိန်မရလို့

"ဟေ့ မိန်းမ၊ အိမ်ဝင်တံခါးရှေ့မှာ မင်းဘယ်သူနဲ့ တစ်နာရီကျော်ကြာအောင်
အာလူးဖုတ်နေတာလဲကွ"
"ဘေးအိမ်က မစ္စက်အလက်ဇန်ဒါလေ၊ သူအိမ်ထဲ ဝင်ဘို့ အချိန်မရလို့
လမ်းပေါ်မှာပဲ စကားပြောလိုက်ကြရတာ"



သေချာရအောင်

ဒုဗိုလ် - 'သေနတ်ကို တိုက်ချွတ်ရာမှာ ဘာကနေ စလုပ်သလဲ'
စစ်သား - ' သေနတ်ရဲ့ နံပါတ်ကို အရင်ဆုံး ကြည့်ပါတယ်'
ဒုဗိုလ် - ' ဘာဖြစ်လို့လဲ'
စစ်သား - 'တခြားလူရဲ့ သေနတ်ကို မတိုက်မိအောင်ပါ'



မျှော်လင့်ချက်ရှိသေးတယ်

အသက်အရွယ် ကြီးရင်ပြီ ဖြစ်သော မစ္စတာ ကော်နယ်လီ၏ ငယ်ရွယ်လှပသော
ဇနီးသည် ကွယ်လွန်သွားသည်။ အသုဘချပွဲတွင် မစ္စတာ ကော်နယ်လီသည်
အမူအရာ လုံးဝ မပျက်ချေ။ စိတ်ကို ကြံ့ကြံ့ခိုင်ခိုင် ထိန်းနိုင်ကြောင်း
ထင်ရှားသည်။ သို့သော် ကွယ်လွန်သူဇနီး၏ တိတ်တိတ်ပုန်း ချစ်သူ လူငယ်ကမူ
တစ်ချိန်လုံး ဝမ်းနည်းပက်လက် ငိုယိုလေသည်။ ကိစ္စအဝဝ ပြီးသောအခါ
မစ္စတာကော်နယ်လီသည် လူငယ်အနား ကပ်သွားကာ အောက်ပါအတိုင်း
ပြောလိုက်သည်။
"ဝမ်းနည်းမနေပါနဲ့ ကိုယ်လူရယ်။ ငါနောက်တစ်ခါ မိန်းမ ယူအုံးမှာပါကွ"




ပညာက မနေဘူး

လမ်းဖြတ်ကူးသူကို မော်တော်ဆိုင်ကယ်က ဝင်တိုက်မိပြီး မောင်းပြေးသွားသည်။
အခင်းဖြစ်သည့် နေရာသို့ ရဲသားချက်ချင်းဆိုသလို ရောက်လာသည်။
အတိုက်ခံရသူသည် နာမည်ကြီး ခါးပိုက်နှိုက်သမား ဖြစ်ကြောင်း တွေ့တွေ့ချင်း
ရဲသားက သိလိုက်သည်။
"တိုက်သွားတဲ့ မော်တော်ဆိုင်ကယ်ရဲ့နံပါတ်ကို မင်းမှတ်ထားလိုက်သေလား"
"မမှတ်မိလိုက်ဘူး၊ ဒါပေမယ့် သူ့ပိုက်ဆံအိတ်ကိုတော့ နှိုက်ထားလိုက်တယ်၊ ရော့"



သိချင်လို့တဲ့

"ဟဲ့သား၊ ကော်ပီစာအုပ် အဖုံးမှာ ဘာဖြစ်လို့ ဖေဖေဓာတ်ပုံကို ကော်နဲ့
ကပ်ထားတာလဲ"
ဟု အမေလုပ်သူက ဒုတိယတန်းသား သားငယ်ကို မေးသည်။
"သားရဲ့ အိမ်စာတွေကို ဖြေပေးတဲ့ လူညံရဲ့ မျက်နှာကို မြင်ချင်လိုက်တာလို့
ဆရာမက ပြောလို့ပါ"



မှတ်ဥာဏ်နည်းတဲ့ ယောက်ျား

လင်မယား ကွာရှင်းလိုမှုကို တရားရုံးတွင် စစ်ဆေးနေသည်။
တရားသူကြီးက မိန်းမက မေးသည်။
"ခင်ဗျားက ခင်ဗျားယောက်ျားကို ပါးရိုက်တယ်လို့ ဆိုထားတယ်၊ ဟုတ်သလား"
"မဟုတ်ပါဘူး"
"ဗြောင်လိမ်တာပါ"ဟု ယောက်ျားက ဝင်ပြောသည်။
"ရှင့် ပါးစပ်ကို ပိတ်ထားစမ်း၊ နောက်တစ်ချက် ထပ်လိုချင်လို့လား"
ဟု အမျိုးသမီးက စိတ်မရှည်စွာဖြင့် အော်ပြောလိုက်သည်။



သည်းမခံနိုင်ဘူး

ခွေးနှစ်ကောင် စကားပြောနေကြသည်။
"ဟေ့၊ မင်းရဲ့သခင်ကို မင်းကိုက်လိုက်တယ်လို့ သတင်းကြားတယ်၊ ဟုတ်သလား"
"ဟုတ်တယ်"
"ဘာဖြစ်လို့လဲ"
"ငါရတဲ့ ဆုတံဆိပ်ကို သူ ယူတပ်လို့"



ကူးချထားတယ်

"ဟေ့၊ မောင်ပီတာ၊ မင်းရေးတဲ့ ခွေးအကြောင်းစာစီစာကုံးဟာ မင်းအစ်ကို
မောင်ဂျော်နီရေးတာနဲ့ တစ်ထပ်တည်းပါလား"
"အော် ဒါလား၊ ကျွန်တော်တို့အိမ်မှာ ဒီခွေးတစ်ကောင်တည်း ရှိတာကိုး ဆရာရဲ့"



သတိမေ့ရောဂါ

လူနာ၏ ဇနီးကို လမ်းမှာ တွေ့သည်နှင့် ဆရာဝန်က မေးသည်။
"ခင်ဗျားရဲ့ ခင်ပွန်းသည် နေကောင်းရဲ့မဟုတ်လား၊ သူ့ရဲ့ သတိမေ့တဲ့ ရောဂါ
ပျောက်သွားပြီးလား"
"ကောင်းကောင်းတော့ မပျောက်သေးဘူး ဒေါက်တာ၊ မနက် မီးဖိုချောင်ကို
အဝင်မှာ ပထမဦးဆုံး ကျွန်မခေါင်းကို ဇွန်းနဲ့ ခေါက်၊ ကြက်ဥပြုတ်ကို နှာခေါင်းနဲ့
နမ်းနေတုန်းပဲ"



ဖြစ်ပါ့မလား

လူနာက ဘေးအခန်းမှ အိမ်နီးချင်းကို မေးသည်။
"ကျွန်တော့ အခန်းက ခုလေးတင် ထွက်သွားတဲ့ ဆရာဝန် ခင်ဗျားကို ဘာမှ
မပြောသွားဘူးလား"
"ဘာမှ မပြောပါဘူး။ အဲ တစ်ခုတော့ မေးတယ်။ အခေါင်းကို
အိမ်တံခါးပေါက်ကနေ ထုတ်လို့ရနိုင်ပါ့မလားလို့ မေးသွားတယ်"

No comments: