Thursday, August 26, 2010

ဟာသ(၅၅)

သင်ခန်းစာ

ဆာလောင်နေသော မြေခွေးသည် တောတစ်ခုလုံး အနှံ စားစရာ အစာရှာသည်။
မမျှော်လင့်ပဲ မြင်းတစ်ကောင်ကို တွေ့သည်။
"ဟေ့ မြင်း၊ မင်းကို ငါစားရမယ်"
"ငါ့ကို စားလို့ မရဘူး"
"ဘာဖြစ်လို့လဲ"
"ငါက စုပေါင်း လယ်ယာပိုင် မြင်းဖြစ်နေလို့"
"ဘာဆိုင်လို့လဲ"
"ဒီလိုလေ၊ ဆိုကြပါစို့။ ပုဂ္ဂလိကပိုင်မြင်းကို မင်းစားလိုက်တယ် ဆိုပါစို့။
ပိုင်ရှင်ဟာ မင်းကို တစ်ရက်နှစ်ရက်ထက် ပိုမရှာနိုင်ပါဘူး။ နောက်ဆုံး မောပြီး
သူလက်လျှော့လိုက်မှာပဲ။ စုပေါင်းလယ်ယာမှာကျတော့ အသင်းဝင် လယ်သမား
သုံးရာကျော်ရှိတယ်။ သူတို့ ဝိုင်းရှာလိုက်ရင်၊ မင်းကို ခဏလေးနဲ့ ဖမ်းမိမှာကွ"
"မင်းပြောတာ သဘာဝကျပါတယ်။ ဒါပေမယ့် မင်းဟာ စုပေါင်းလယ်ယာက
မြင်းဆိုတာ ဘယ်လိုလုပ်သက်သေထူမလဲ၊ ကဲ"
"ငါ့ရဲ့ နောက်ခြေထောက်မှာ စုပေါင်းလယ်ယာ တံဆိပ်ပါတဲ့ သံခွာ
ရိုက်ထားတယ်။ ကြည့်ပါလား"
မြေခွေးငုံကြည့်သည်။ ဤအချိန်တွင် မြင်းက ဖနောင့်နှင့် မြေခွေးကို
ပေါက်ကန်လိုက်ရာ မြေခွေး လွင့်စင်ထွက်သွားသည်။ သုံးမိနစ်ခန့် သတိမရဘဲ
ဖြစ်သွားသည်။ သတိပြန်လည်လာသောအခါ မြေခွေးက
အောက်ပါအတိုင်းပြောသည်။
"ငါကိုက မိုက်တာ၊ စာ မဖတ်တက်ပဲနဲ့များ ငုံကြည့်ရတယ်လို့"



ငွေ ဘယ်က ရသလဲ

ယောက်ျားကြီးကို ရဲက မေးသည်။
"ပိုက်ဆံကို ခင်ဗျား ဘယ်က ယူသလဲ"
"မီးခံသေတ္တာထဲက"
"မီးခံသေတ္တာထဲကို ဘယ်သူက ပိုက်ဆံထည့်ထားသလဲ"
"ကျွန်တော့ မိန်းမ"
"သူ ပိုက်ဆံ ဘယ်က ရသလဲ"
"ကျွန်တော် သူကို ပေးတယ်လေ"



သေသေချာချာစဉ်းစား

"မောင်ရင်က ဦးရဲ့သမီးကို လက်ထပ်ချင်တာ အမှန်ပဲနော်"
"ဟုတ်ပါတယ်"
"မောင်ရင် အိမ်ထောင်စုကို ကျွေးနိုင်ပါမလား"
"ကျွေးနိုင်ပါတယ်"
"သေသေချာချာ စဉ်းစားနော်၊ တို့အားလုံးပေါင်း ရှစ်ယောက်တောင် ရှိတာ"



၉၆- ပါးရောဂါပျောက်ဆေး

ဆေးဆိုင်မှ ဝါရင့်ဝန်ထမ်းက အရောင်းသမအသစ်ကို ပြသနေသည်။
"ဒီဆေးပုလင်းကြီးကို မှတ်ထား။ ဆရာဝန်ရဲ့ ဆေးစာကို မဖတ်တက်ရင်
ဒီပုလင်းထဲက ဆေးရည်ကို ပေးလိုက်"



အပြေးချန်ပီယံ

လူတစ်ယောက် ကားမောင်းလာသည်။ ကြက်မတစ်ကောင်သည်
ကားဘေးမှကပ်လျက် ပြေးလိုက်လာသည်။ တစ်နေရာတွင် ကြက်မက ကားကို
ကျော်တက်သည်။ ဒရိုင်ဘာက ကားလီဗာကို နင်းကာ ကြက်မကို
မီအောင်လိုက်သည်။ မမီချေ။ သို့ဖြင့် လက်လျှော့လိုက်ပြီး အနားမှ
မွေးမြူရေးခြံဘက် ပြန်မောင်းကာ တွေ့သော အလုပ်သမားကို မေးသည်။
"ခုတင်က ကြက်မတစ်ကောင် ကျွန်တော့ကားကို ဖြတ်ပြီး ပြေးသွားတယ်။ ကားကို
အရှိန်မြှင့်ပြီး လိုက်တာတောင် မမီဘူး။ ခင်ဗျားတို့ခြံက ကြက်မလား"
"ဟုတ်တယ်။ မကြာခင်က ဖောက်ထားတဲ့ အသားစား ကြက်မျိုးသစ်လေ"
"အသားကရော၊ အရသာရှိရဲ့လားဗျ"
"ဘယ်သူမှ မသိသေးဘူး၊ သူ့ကို ဘယ်သူမှ လိုက်ဖမ်းလို့ မရဘူးလေ"



ခံစားချက်ခြင်းမတူ

"အချစ်ရေ၊ မင်းကို ငါပွေ့ဖက်တဲ့အခါမှာ နတ်ပြည်ရောက်နေသလို ခံစားရတယ်"
"ကျွန်မကတော့ ဘတ်စ်ကားထဲရောက်နေသလိုပဲ"



အမေးနဲ့အဖြေ

ဇိုးသမားတစ်ယောက်မူးပြီး အိမ်ပြန်လာသည်။ အိမ်တံခါးကို ခေါက်သည်။
ဇနီးသည်က အိမ်ခန်းထဲမှ နေ၍ မေးသည်။
"ကိုလျာ၊ ရှင်လား"
အိမ်ပြင်မှ ဘာမှဖြေသံမကြားရချေ။ မိန်းမက ထပ်မေးသည်။
"ကိုလျာ၊ ရှင်လား"
ဤတစ်ခါလည်း ဘာသံမှ မကြားရချေ။ သို့ဖြင့် အိမ်တံခါးကို မဖွင့်ရန် အမျိုးသမီး
ဆုံးဖြတ်လိုက်သည်။ နောက်တစ်နေ့ မနက်ရုံးသွားရန် သူမတံခါးကို ဖွင့်ရာ
ယောက်ျားဖြစ်သူ ကိုလျာကို တံခါးရှေ့တွင် အိပ်နေသည်ကို တွေ့ရသည်။
"ကိုလျာ၊ ရှင်လားလို့ ကျွန်မ မေးသားပဲ။ ဘာဖြစ်လို့ ပြန်မထူးသလဲ"
"ငါ ခေါင်းညိတ်ပြပါတယ်"



ရှိခဲသော ဆန္ဒ

"ငယ်ငယ်တုန်းက ကျွန်တော် သင်္ဘောသား ဖြစ်ချင်ခဲ့တာဗျ"
"ဘာဖြစ်လို့ မလုပ်ခဲ့သလဲ"
"ကျွန်တော် သတိမေ့တက်တယ်၊ ကျွန်တော့ကြောင့် သင်္ဘောပေါ်က လူတွေ
အမျိုးမျိုး ဒုက္ခရောက်နိုင်တယ်ဆိုတာ တွေးမိပြီး ဝါသနာကို စွန့်လိုက်ရတယ်"
"အခု ဘာအလုပ် လုပ်နေလဲ"
"ဆေးဆိုင်မှာ ဆေးစပ်သမား လုပ်နေတယ်"

No comments: