Thursday, September 16, 2010

ဟာသ(၅၆)

မငိုပါနဲ့

"ဒီလောက်အထိ ငိုမနေပါနဲ့ကွာ၊ မင်း ပင်ပန်းပါတယ်"
"ရှင့်နဲ့ ကျွန်မ လက်ထပ်မှာကို ကျွန်မ မိဘတွေ သဘောမတူဘူးတဲ့"
"ဟုတ်ပါတယ်၊ ငါသိပါတယ်။ ဝမ်းနည်းမနေပါနဲ့။
ငါနောက်တစ်ယောက်ထပ်ရှာမှာပေါ့"



အနွေးဓာတ်နှင့် အလင်းရောင်

"ရင့်ကျက်သော အမျိုးသမီး တစ်ဦးသည် သင်၏ ဘဝထဲသို့ အနွေးဓာတ်နှင့်
အလင်းရောင်ကို ယူဆောင်လာရန် အသင့်ရှိပါသည် ဆိုပြီး မာဂျရီက သတင်းစာထဲ
ကြော်ငြာထည့်သတဲ့။"
"ဟုတ်လား၊ ကမ်းလှမ်းချက်တွေ အများကြီး လာမှာပေါ့"
"ဟင့်အင်း၊ မြို့နယ် လျှပ်စစ်ရုံးကပဲ ကမ်းလှမ်းချက်လာတယ်"



သတိထားမှပေါ့

ဘတ်စ်ကားပေါ်တက်လာသော ကျောင်းသားတစ်စု ဆူဆူညံညံနှင့်
စကားပြောကြရာ ခရီးသည် အမျိုးသမီးကြီးတစ်ဦးက သတိပေးသည်။
"ဟေ့၊ ဒါ စာသင်ခန်းမဟုတ်ဘူး၊ သတိထားကြမှပေါ့"



ချောက်ချတဲ့ ကောင်လေး

ချာတိတ်တစ်ယောက် ရဲသားထံ ပြေးလာသည်။
"ဦးလေး ကျွန်တော့နောက် အမြန်လိုက်ခဲ့ပါ"
"ဘာဖြစ်လို့လဲ"
"ကျွန်တော်တို့ရဲ့ ကျောင်းအုပ်ဆရာကြီး ကားမရပ်ရတဲ့နေရာမှာ သူ့ကားကို
ရပ်ထားတာ ပြမလို့"



အတွေ့အကြုံနဲ့ ချည်းပဲ

မိမိမောင်းလာသော ကားကို တိုက်မိတော့မလို ဖြစ်သွားသော လူကြီးကို
ကားမောင်းသူ လူငယ်က ပြောသည်။
"ခင်ဗျားကြီး နမော်နမဲ့ နိုင်လို့ အခု မတိုက်ရုံတမယ် ဖြစ်ရတာ၊ ကျွန်တော်
ကားမောင်းနေတာ ဆယ်နှစ်ရှိပြီ။ ဒီလို အဖြစ်မျိုးနဲ့ တစ်ခါမှ မကြုံဘူးသေးဘူး"
"ငါကလဲ အပျံသင်စငှက် မဟုတ်ဘူး ကိုယ့်လူ။ လမ်းလျှောက်နေတာ နှစ် ၅ဝ
ရှိပြီ"



အကျိုးမရှိတဲ့ အလုပ်

မိန်းမ - 'ထင်းတွေကို တောထဲ ပို့တယ်' ဆိုတဲ့ စကားဟာ ဘာအဓိပ္ပယ်လဲဟင်
ယောက်ျား - 'တင်စားတဲ့ စကား၊ အကျိုးမရှိတဲ့ အလုပ်ကို လုပ်တဲ့သဘောပဲ'
မိန်းမ - ' ကျွန်မ သိပ် နားမလည်ဘူး၊ လွယ်လွယ်ဥပမာ တစ်ခု ပေးစမ်းပါ'
ယောက်ျား - ' စကားပြောနည်း စာအုပ် မင်းကို ငါ လက်ဆောင်ပေးတာနဲ့
အတူတူပဲ၊ ကဲ



စိတ်ပြောင်းမြန်သူ

မိန်းမယူမည့်ဖြစ်၍ အိမ်ထောင်စုကို တင့်တင့်တယ်တယ် ထားနိုင်ရန် မိမိ၏
လက်ရှိလစာကို တိုးပေးရန် ဂျင်မီက ကုမ္ပဏီပိုင်ရှင်ကို မေတ္တာရပ်ခံရာ ပိုင်ရှင်က
သဘောတူပြီး လစာ တိုးပေးလိုက်သည်။ တစ်လခန့် ကြာသောအခါ
ကုမ္ပဏီပိုင်ရှင်က ဂျင်မီကို မေးသည်။
"မင်းရဲ့ အိမ်ထောင်ရေး အခြေအနေ အဆင်ပြေတယ် မဟုတ်လားဟေ့"
"ကျွန်တော် အိမ်ထောင် မကျသေးပါဘူး ခင်ဗျာ"
"ဘယ်လို ဘယ်လို၊ မင်းပဲ မိန်းမယူမှာမို့ လစာတိုးပေပါ ပြောလို့ ငါတိုးပေးခဲ့ပါပကော"
"ဟုတ်ပါတယ်။ လစာတိုး ရပြီးတဲ့နောက် ကျွန်တော် စိတ်ပြောင်းသွားပါတယ်"



လက်ဖြောင့်တပ်သား

တပ်ရင်းမှူးစခန်းတွင် တယ်လီဖုန်းသံ မည်လာသည်။
ကုန်းလမ်းပို့ဆောင်ရေးဋ္ဌာနမှ အုပ်ချုပ်ရေး အရာရှိက ဖုန်းဆက်ခြင်းဖြစ်သည်။
"တပ်ရင်းမှူးင်ဗျား၊ စစ်တန်းလျားဘက်ကို အမှတ် ၆- ဘတ်စ်ကား
ဖြတ်မောင်းတိုင်း ရဲဘော်တွေ သေနတ်နဲ့ လှမ်းပစ်နေကြတယ်။ အဲဒါ တစ်ခုခု
လုပ်မှ ဖြစ်ပါတော့မယ်"
"ထိကောထိရဲ့လားဗျ"
"အခုအချိန်အထိ ခရီးသည်တွေကို မထိသေးပါဘူး။ ဒါပေမယ့် အကြိမ်တိုင်းမှာ
ကားဘီးတွေချည်း ပေါက်ကုန်တယ်"
"အဲဒါဆို ကျွန်တော့ အကောင်တွေ မဖြစ်နိုင်ဘူး။ ဒီကောင်တွေကို ဘယ်လောက်ပဲ
သင်တန်းပေးပေး ဘာကိုမှ မပစ်နိုင်ကြသေဘူး"



ကောက်ချက်

"လူလေးယောက်တိုင်းတွင် တစ်ယောက်သည် ဦနှောက် မကောင်းသူ
ဖြစ်လေ့ရှိသည်ကို ဆေးပညာရှင်တို့၏ သုတေသနပြုချက်အရ သိရပါသည်။
ထို့ကြောင့် လူလေးယောက် ဆုံမိသည့်အခါ ကျန်သုံးယောက်ကို အသေအချာ
ကြည့်ပါ။ သူတို့ သုံးယောက်စလုံး ဦးနှောက်ကောင်းနေပုံပေါက်လျှင် လိုအပ်သော
ကောက်ချက်ကို ဆွဲယူပါ"



ရေကူးချန်ပီယံ

"ကျွန်တော့ ဦးလေးဟာ ၃- ကီလိုမီတာ အကွာအဝေးကို တစ်နာရီ ဆယ့်ငါးမိနစ်နဲ့
ကူးတယ်။ ပြန်ကူးလာတဲ့ အခါကျတော့ သုံးမိနစ်ပဲ ကြာတယ်"
"အပြန်မှာ ဘာဖြစ်လို့ ဒီလောက်မြန်ရတာလဲ"
"ကမ်းပေါ်မှာ ထားတာတဲ့ သူ့ အဝတ်အစားတွေကို လူတစ်ယောက် ယူပြေးတာ
မြင်လို့"



သမက်လောင်း

အသက်ထောက်လာပြီဖြစ်သော ကောင်းဘွိုင်တစ်ဦး ဆရာဝန်ဆီ ရောက်လာသည်။
"ဒေါက်တာ၊ ကျွန်တော့ သမက်ကို ကယ်ပါဦး၊ မနေ့က သူ့ခြေထောက်ကို
ကျွန်တော် သေနတ်နဲ့ ပစ်မိတယ်"
"ကိုယ့်သမက် အရင်ခေါက်ခေါက်ကို ခင်ဗျားဘာဖြစ်လို့ ပစ်ရတာလဲဗျ"
"ဒီလိုပါ၊ ကျွန်တော်ပစ်တုန်းက ကျွန်တော့ သမီးကို ယူဘို့ သူ
သဘောမတူသေးဘူးခင်ဗျ"



အောင်သွယ်

သတို့သားလောင်းသည် အောင်သွယ်က သတို့သမီးလောင်းအိမ်သို့ ခေါ်လာသည်။
အောင်သွယ်က လူငယ်၏ နားနားသို့ ကပ်ပြီး ပြောသည်။
"အိမ်ကို ဂရုစိုက်ပြီး ကြည့်လိုက်ပါ။ ကြီးကျယ်ခန်းနားတယ်လို့တော့
မပြောနိုင်ပါဘူး။ ဒါပေမယ့် အကောင်းစား ပရိဘောက၊ အကောင်းစား ကော်ဇောနဲ့
အကောင်းစား ပန်းချီကားချပ်တွေ ခန်းလုံးပြည့်ပဲ၊ ဒါကို ကြည့်ခြင်းအားဖြင့်
ဒီမိသားစုဟာ ကြွယ်ဝချမ်းသာတယ်လို့ အသေအချာ ပြောနိုင်တယ်"
"ဒီပစ္စည်းတွေကို ကျွန်တော် မလာခင် တစ်ယောက်ယောက်ဆီက ခဏ
ငှားထားတာကော မဖြစ်နိုင်ဘူးလား"
ဤစကားကို ကြားသောအခါ အောင်သွယ်က စိတ်ဆိုးမာန်ဆိုး တုန့်ပြန်သည်။
"ငှားထားတယ်ဟုတ်လား၊ ဒီလောက် ကြွေးထူတဲ့ ဒီလင်မယားကို ဘယ်သူက
ပစ္စည်း ငှားမယ်တဲ့တုန်း"



တိုးတက်တဲ့ခေတ်

"စားသောက်ကုန်တွေကို မကြာမီ တယ်လီဖုန်းက တဆင့် အော်ဒါ လုပ်နိုင်မယ်လို့
ကြားတယ် ဟုတ်သလား"
"ဟုတ်တယ်။ ဒါပေမယ့် ဒီပစ္စည်းတွေကို ရုပ်မြင်သံကြားက တဆင့်
ထုတ်ပေးမယ်"



ထက်ဝက်ခွဲပေးပါ

ဆံပင်ညှပ်ခံနေသူက ဆံပင်ညှပ်ဆရာကို ပြောသည်။
"ဟိုဘက်သည်ဘက် တစ်ဝက်စီ အတိအကျ ဖြစ်အောင်
ခေါင်းအလည်တည့်တည့်မှာ ခွဲဖီးပေးပါ"
"ဝမ်းနည်းပါတယ်။ မဖြစ်နိုင်ပါဘူး။ မိတ်ဆွေရဲ့ ဆံပင်အရေအတွက်က 'မ'
ဂဏန်း ဖြစ်နေပါတယ်"

No comments: