ရှင်းပြီလား
စတာလင်ခေတ် ဆိုဗီယက်ယူနီယမ်တွင် ဖြစ်သည်။
ပါတီကေဒါ သင်တန်းဆင်း ချူချာ သူ့ရွာမှာ တာဝန်ပြန်ကျသည်။
မြို့နယ်ပါတီ ကော်မတီ၏ ညွှန်ကြားချက်အရ စနေနေ့တိုင်း ကွန်မြူနစ် ပန်းတိုင်အကြောင်း ရွာသားတွေကို ဟောပြော ပညာပေးရသည်။
“ ရဲဘော်အလုပ်သမားတွေရဲ့ လက်တွေ၊ ရဲဘော်လယ်သမားတွေရဲ့ လက်တွေ၊ အားလုံးသော ကွန်မြူနစ် ညီအစ်ကိုတွေရဲ့ လက်တွေနဲ့ တည်ဆောက်ထားတဲ့ ကွန်မြူနစ်ပန်းတိုင်ကြီးကို ရဲဘော်တို့ လှမ်းမြင်နေရပြီ။ ရဲဘော် စတာလင်ရဲ့ ဦးဆောင်မှုအောက်မှာ ကျုပ်တို့ အားသွန်ခွန်စိုက် ချီတက်နေကြတာ၊ အဲဒီ သာယာဝပြောတဲ့ ကွန်မြူနစ် ပန်းတိုင်ကြီးဆီကိုပဲ…။ ကဲ- မရှင်းတာရှိရင် ပွင့်ပွင့်လင်းလင်း မေးနိုင်တယ်။”
အခန်းထဲ ခဏငြိမ်သွားပြီး ရွာခံမုဆိုး ချူချာက ထမေးသည်။
“ သာယာဝပြောတဲ့ ကွန်မြူနစ် ပန်းတိုင်းဆီ ရောက်တော့မယ်လဲ ပြောသေး၊ အခုထိ ရွာမှာ အာလူး မရှိဘူး၊ ပေါင်မုန့် မရှိဘူး၊ ဘာနဲ့ သွားစားရမလဲ ”
ကေဒါသင်တန်းဆင်း ချူချာ ထိုင်ရာမှ ငေါက်ခနဲထသည်။ မေးခွန်းရှင် မုဆိုးကို စေ့စေ့ကြည့်သည်။
“ ချူချာ ရိုးရာစကားပုံ တစ်ခု ရှိတယ်။ အလုပ်နှစ်ခု တစ်ပြိုင်နက်တည်း မလုပ်နဲ့တဲ့။ အခု ချီတက်နေတာလေ။ ချီတက်တယ်ဆိုတာ လမ်းလျှောက်တာ။ လမ်းသွားရင်း ဘာလို့ စားချင်ရတာလဲ။ ဟိုရောက်တော့ အ၀စားပေါ့။ နားလည်လား ”
No comments:
Post a Comment