Tuesday, July 6, 2010

ဟာသ(၄၇)

ကွယ်ရာမှာတစ်မျိုးရှေ.မှာတစ်မျိုး

''ကွယ်ရာမှာ ခင်ဗျား အထက်အရာရှိကို ခင်ဗျားဝေဖန်တာ ရစရာမရှိဘူး၊ အဲအစည်းအေ
ဝးမှာ ကျတော့ သူ့ကိုခင်ဗျားပဲ ချီးမွမ်းပြန်တယ်၊ ဘယ်လိုလဲ ''
'' ဘာသဘောမှ မဟုတ်ဘူး ၊ စကားတစ်ခွန်းကို နှစ်ခါထပ်မပြောချင်လို့ ''



ပြုပြင်ပြောင်းလဲရေး

'' ပြုပြင်ပြောင်းလဲရေး လမ်းစဉ်ကို ခင်ဗျားဘယ်လို သဘောရသလဲ ''
'' ထောက်ခံပါတယ် ၊ ဒါပေမယ့် စည်းကမ်းချက်နဲ့ပဲ ထောက်ခံချင်တယ်''
'' ဘာစည်းကမ်းချက်ပါလိမ့်''
'' ကျွန်တော်တို့ဆီမှာ အဲဒီလမ်းစဉ်ကို အကောင်အထည် မဖော်စေချင်ဘူး ''



ဘွဲ.တံဆိပ်များပိုင်ရှင်

''ဦးရဲ.ရင်ဘတ်မှာ ဘွဲ.တံဆိပ်သုံးခု တပ်ထားတာကို မြင်ပါတယ်။ ဘာအတွက်
ချီးမြှင့်ခြင်း ခံရတာလဲဟင်''
''တတိယတံဆိပ်ကတော့ အရင်က တံဆိပ်နှစ်ခု ရထားပြီးသူဖြစ်လို့ ထပ်ပေးတာပဲ။ ဒုတိယ တံဆိပ်ကတော့ ပထမတံဆိပ် ရှိပြီးဖြစ်လို.ပဲ၊
အဲ ပထမတံဆိပ်ကတော့ ဘာမှမရသေးလို. ပေးတာပဲကွယ်''



ကြီးလာရင်

သားဖြစ်သူက တီဗွီတွင်ပြနေသော ရေခဲစကိတ်ကို စီးချင်ကြောင်း ဖခင်ကိုပြောသည်။
ဖေဖေ သားလဲအဲလို စီးချင်တယ်၊
သားကြီးလာရင် စီးရမှာပေါ့သားရဲ့၊ ကဲကဲ သားအိပ်တော့နော်၊ မနက် ကျောင်းသွားရဦးမှာ၊
ဖခင်ဖြစ်သူ ၄င်း၏ အိပ်ခန်းထဲသို့ ဝင်သည်၊ တစ်ဖက်လှည့် အိပ်နေသော မိန်းမဘေးသို့
ကပ်ပြီး တိုးတိုးလေး ပြောသည်။
မိန်းမရေ၊ အိပ်ရအောင်လေ၊
ကြီးလာရင် အိပ်ရမှာပေါ့၊



ပြည့်ဝလိုသော ဆန္ဒ

မိမိ၏ အမြင့်ဆုံး ဘဝရည်မှန်းချက် အဘယ်နည်းဟု အသက်ထောက်လာပြီ
ဖြစ်သော စားပွဲထိုးကို မေးရာ ၄င်းက ဤသို့ ဖြေသည်။
"ဧည့်သည်တွေ အားလုံး ကိုယ့်အိမ်မှာပဲ ကိုယ်စားကြပြီး ဘောက်ဆူးပိုက်ဆံကို
စာတိုက်က တစ်ဆင့် ကျွန်တော့ဆီ ပို့ပေးကြဘို့ပါဘဲ"



ဖြေးဖြေးပေါ့

သွားကုခန်းတွင်ဖြစ်သည်။
"ခင်ဗျား ဘယ်လိုလုပ်တာလဲ၊ တခြားသွားကို နှုတ်ရမှာဗျ"
"စိတ်အေးအေးထားစမ်းပါ၊ အဲဒီသွားဆီကို တဖြေးဖြေး ရောက်လာမှာပေါ့"



တွေ့သွားလို့ မဖြစ်ဘူး

ဖိတ်ကြားထားသော ဧည့်သည်များ ရောက်မလာမီ ယောက်ျားဖြစ်သူ
စာအုပ်အချို့ကို ဝှက်သည်။ မိန်းမက အံ့သြစွာမေးသည်။
"ရှင်ဘာဖြစ်လို့ စာအုပ်တွေကို ဝှက်နေရတာလဲ၊ ဧည့်သည်တွေ ခိုးသွားမှာကို
စိုးရိမ်လို့လား"
"မဟုတ်ပါဘူး၊ ဒါပေမယ့် ဒီစာအုပ်တွေကို တွေ့သွားရင် ပျောက်နေတဲ့ သူတို့ရဲ့
စာအုပ်တွေဆိုတာ သိသွားနိုင်တယ်လေ"



ငါ့လိုလုပ်

အမျိုးသမီးငယ် တစ်ဦးသည် မော်တော်ကားကို အရှိန်ပြင်းစွာဖြင့်
မောင်းနှင်လာသည်။ ဘေးတွင် ထိုင်နေသော သူငယ်ချင်းမက ပြောသည်။
"ယူ အရှိန်ကို နည်းနည်း လျှော့လိုက်လို့ မရဘူးလား။ အိုင့်မျက်လုံးတွေ
ဝေကုန်ပြီ"
"အိုင်လုပ်သလို လိုက်လုပ်လေ"
"ဘာလုပ်ရမှာလဲ"
"မျက်စိကို ပိတ်ထားလိုက်"



အဖြေ

"အင်္ကျီအသစ် ဝယ်ပေးပါလို့ ရှင့်ကို ကျွန်မ ပြောတိုင်း အမြဲတန်း
အဖြေတစ်မျိုးတည်းပဲ ရတယ်"
"မင်းရဲ့ ဆန္ဒကလဲ ပြောင်းမှ မပြောင်းပဲကိုးကွ"



ကွာခြားချက်

မေးခွန်း - စစ်သားကို သံတမန်မှ လည်းကောင်း၊ အပျိုမမှ လည်းကောင်း၊
မိုးလေဝသဝန်ထမ်းမှ လည်းကောင်း၊ ၄င်းတို့၏ စဉ်းစားတွေးခေါ်ပုံအရ ခွဲခြားပြပါ။

အဖြေ - စစ်သားက Yes ဟု ပြောလျှင် yes ဟု အဓိပ္ပာယ်ရသည်။ စစ်သားက
No ဟု ပြောလျှင် No ဟုပင် အဓိပ္ပာယ်ရသည်။ အကယ်၍ စစ်သားက
maybe ဟု ပြောလာလျှင် ၄င်းသည် စစ်သားမဟုတ်၊ သံတမန်က yes ဟု
ပြောလျှင် yes ဟု အဓိပ္ပာယ်ရသည်။ အကယ်၍ ၄င်းက maybe ဟုပြောလျှင်
No ဟု ဆိုလိုသည်။ အကယ်၍ သံတမန်က No ဟု ပြောလျှင် ၄င်းသည်
သံတမန်မဟုတ်။ အပျိုမက No ဟုပြောလျှင် No ဟုပင် သဘောပေါက်ပါ။
အကယ်၍ maybe ဟုပြောလျှင် yes ဟု အဓိပ္ပါယ်ရသည်။ အကယ်၍သူမက
Yes ဟု ပြောလာလျှင် ၄င်းသည် အပျိုစင် မဟုတ်တော့။ မိုးလေဝသ ဝန်ထမ်းက
yes ဟု ပြောလျှင် No ဟု အဓိပ္ပါယ်ရသည်။ No ဟု သူပြောလျှင် Yes ဟု
အဓိပ္ပါယ်ရသည်။ အကယ်၍ ၄င်းက maybe ဟု ပြောလျှင် ၄င်းသည်
မိုးလေဝသသမား မဟုတ်ပါ။



လေးစားမှပေါ့

ကျန်းမားရေးဝန်ကြီးဋ္ဌာနမှ အရာရှိကြီးတစ်ဦး စိတ်ရောဂါကု ဆေးရုံသို့
ရောက်လာကာ ဆေးရုံဝန်ထမ်းများကို မိန့်ခွန်းချွေသည်။ မိန့်ခွန်းပြောအပြီးတွင်
လေကောင်းလေသန့် ရှူရန် ၊ ဆေးရုံဝင်းရှိ ပန်းခြံဘက် ထွက်သည်။ ဤတွင်
စိတ်မနှံသူတစ်ဦး၊ တုတ်ချောင်း ကိုင်လျက် ၄င်းဆီ ရှေးရှုပြေးလာသည်
တွေ့ရသည်။ အခြေအနေ မဟန်တော့ဟု အရာရှိကြီး တွေးမိလိုက်သည်။
လူနာသည် ခေါက်ကုလားထိုင်ကို အရာရှိကြီးရှေ့တွင် ဖြန့်ခင်းလိုက်ကာ၊ 'ထိုင်ပါ'
ဟု ပြောသည်။ အရာရှိကြီး အံ့သြသွားသည်။ သို့သော် ဘာမှ ပြန်မပြောဘဲ
ထိုင်လိုက်သည်။ နောက်အနှစ်ငယ် အကြာတွင် ဖော်ပြပါ ဆေးရုံကို စစ်ဆေးရန်
၎င်းရောက်လာပြန်သည်။ လိုအပ်သော စစ်ဆေးမှူးများ ပြီးစီးသောအခါ ယခင်က
အတိုင်း ပန်းခြံဘက် ထွက်သည်။ ယခင်ကအတိုင်းပင် လူနာတစ်ယောက်
တုတ်ချောင်းကိုင်လျက် ၄င်းဆီ ပြေးလာသည်ကို တွေ့ရပြန်သည်။ ဟိုတစ်ခါကလိုပဲ
ထိုင်ခိုင်းအုံးမှာပဲဟု ယူဆကာ ထိုင်ရန် ပြင်ထားသည်။ သို့သော် စိတ်မနှံသူက
ယူလာသော တုတ်ချောင်းဖြင့် အရာရှိကြီး၏ ခေါင်းကို ရိုက်သည်။
"ဘာဖြစ်လို့ ရိုက်တာလဲဗျ"
"ဟိုတစ်ခေါက်က ဘာဖြစ်လို့ ကျေးဇူးတင်စကား မပြောတာလဲ"



သူတို့ကိုပဲ ရှာပေး

ရဲစခန်းတွင် ဖြစ်သည်။
"ရဲမှူးကြီးရှင့်၊ ကျွန်မကို လူ ၁၃- ယောက်က အဓမ္မကျင့်သွားပါတယ်"
"စိတ်မပူပါနဲ့၊ ဒီကောင်တွေအားလုံးကို ကျွန်တော်တို့ တွေ့အောင် ရှာပေးပါ့မယ်"
"ဟင့်အင်း၊ ကျွန်မ စိတ်ဝင်စားတာက နံပါတ ၅ ၊ ၆ နဲ့ ၁၁ ယောက်မြောက်
ယောက်ျားတွေပဲ ဖြစ်ပါတယ်"



ကြော်ငြာ

"ကျွန်တော့်အား မိန်းမဖြစ်သူ ပစ်သွားပါ၍ ထိုးလက်စ သိုးမွေးဆွယ်တာကို
ပြီးအောင် ဆက်ထိုးပေးနိုင်မည့် သတို့သမီးလောင်းကို ရှာနေပါသည်"

No comments: